ဖခင်တစ်ယောက်ရဲ့ဆို့နင့်ဖွယ်ရင်ဖွင့်သံစကား
ကိုယ့်ရင်သွေးရဲ့အသက်ကို ဆုံးရှုံးရခါနီးတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးပါ။ နှစ်ပေါင်းများစွာ သတင်းတွေထဲ၊ ဆိုရှယ်မီဒီယာတွေထဲ ကလေးတွေရေနစ်တဲ့သတင်းတွေ ကြားဖူးကြမှာပေါ့။
ဒီသတင်းတွေဟာ ကိုယ့်ကလေးကိုလည်း သတိထားပြီး ပေါ့ပေါ့ဆဆမနေသင့်ဘူးဆိုတာရယ်၊ အထူးသဖြင့် အိမ်မှာရေကူးကန်ရှိရင် သေချာလုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ကလေးရေမနစ်အောင် ကာကွယ်ရမယ်ဆိုတာရယ်ကို သတိပေးနေတာပါ။ ဒါတင်မကသေးဘူး။ အရေးပေါ်အခြေအနေမှာ ဘယ်လိုအသက်ကယ်ရမယ်ဆိုတာကိုပါ သိထားသင့်တယ်ဆိုတာ အခုလောက်ဆို သဘောပေါက်လောက်ပြီပေါ့။ ကလေးငယ်လေးတွေနဲ့ ပတ်သတ်ရင် သတိဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး။
အခုလဲ သားငယ်လေးကို ဆုံးရှုံးလုဆဲဆဲ အဖေတစ်ယောက်ရဲ့ ပြောစကားလေး နားထောင်ကြည့်လိုက်ရအောင်။
ဒီနေ့ဟာ ခါတိုင်းသာမန်နေ့တွေထက်ကို ပိုပြီးသာယာပါသေးတယ်။ အရင်ရက်ပိုင်းတုန်းက နယူးအော်လင်းမှာ ဘော်ဒါတစ်ယောက်ရဲ့ လူပျိုနောက်ဆုံးနေ့တွေကို ပျော်ပျော်ပါးပါး ဆင်နွဲပြီး ပြန်လာခါစပေါ့။ ဘယ်လောက်တောင် အပျော်လွန်ခဲ့လဲဆိုရင် ပွဲပြီးတော့ အိမ်ကိုတောင် မနည်းပြန်လာရတယ်။ ရှိသမျှအင်အားတွေသုံးခဲ့ပြီးပြီဆိုတော့ အိမ်ရောက်တာနဲ့ တီဗီရီမုတ်တစ်လုံးနဲ့ ဆိုဖာပေါ်ဆန့်ဆန့်ကြီး ဇိမ်ကျနေတော့တာပါပဲ။
ကျွန်တော်ကသာ အားမရှိနုံးနေတာ။ ကျွန်တော့်သားကတော့ ခွန်အပြည့်အားအပြည့်။ အရုပ်၂၀လောက်ကို ပြန့်ကျဲပြီး ဆော့ရုံနဲ့မလုံလောက်သေးဘူး။ ကျွန်တော့်ကိုပါ အတင်းလာခေါ်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ဆိုဖာပေါ်က မထချင်တာနဲ့ ကိုယ့်ဟာကိုယ်သွားဆော့ချေဆိုပြီး လွှတ်လိုက်ပါတယ်။
ကျွန်တော့်မိန်းမကလည်း ဖုန်းတစ်လုံးနဲ့ အိမ်ထဲဝင်လိုက်၊ ထွက်လိုက်၊ ဟိုကိစ္စ၊ ဒီကိစ္စလုပ်လိုက်နဲ့ ရှုပ်နေရှာတယ်။ ကံကောင်းတာက ကျွန်တော့်မိန်းမလည်း အလုပ်ပြီးတော့ အိမ်ရာထဲခဏမလှဲခင် လက်ဆေးမယ်ဆိုပြီး မီးဖိုချောင်ထဲဝင်သွားချိန်မှာပဲ သူ့အော်သံကြားရတော့တာပဲ။ ဒီအော်သံဟာ ကျွန်တော့်ဘဝကို ပြောင်း လဲသွားစေတဲ့၊ ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတဲ့ အော်သံပါ။
“မိုင်ကယ်! မက်သူးရေကန်ထဲ ပေါလောမျောနေတယ်!!”တဲ့
ကျွန်တော့်မိန်းမအိမ်ထဲကနေ တစ်ဟုန်ထိုးပြေးထွက်သွားပြီး အဝတ်အစားတွေတောင် မချွတ်အားဘူး။ ရေကန်ထဲပြေးဆင်းသွားတယ်။ ဒီအချိန်မှာပဲ ကျွန်တော့်သားလေး..ကျွန်တော့်ရဲ့ တန်ဖိုးအရှိဆုံးသားလေးကို ရေကန်ထဲမှာ ပြာနှမ်းနှမ်းနဲ့ မြင်လိုက်ပါတော့တယ်။
ကျွန်တော့်နှလုံးတွေ ခုန်နေတာ ပေါက်ထွက်မတက်ပါပဲ။ ကျွန်တော်အဲဒီအချိန်မှာ သိတာတစ်ခုက သားလေးပါးစပ်ထဲကို လေမှုတ်ထည့်ပြီး ကလေးကိုမှောက်ရက်နဲ့ ရေတွေညှစ်ထုတ်ပစ်ဖို့ပါ။ ကျွန်တော် ကလေးအသက်ကယ်နည်းလည်း မလုပ်တတ်ခဲ့ဘူး။ သားလေးကိုညှစ်ရတာဟာ ရေအိတ်ကြီးတစ်အိတ်ညှစ်ရသလို ပျော့ခွေနေတာပါပဲ။
ကျွန်တော်သားလေးကို ကြည့်တောင်မကြည့်ရက်ပါဘူးဗျာ။ ပြာနှမ်းနှမ်းနဲ့ အသက်မရှိတော့သလိုပဲ။ မိန်းမကို ၉၁၁အမြန်ခေါ်ခိုင်းပြီး “ဘုရားကယ်ပါ။ တရားကယ်ပါ။ ကျွန်တော့်သားလေးတွေ အသက်မရှိတော့ဘူး” ဆိုတာကိုပဲ တွေးနေမိတယ်။
ကလေးကိုပွေ့ချီပြီး ခြေဗလာနဲ့ ကားပေါ်ပြေးတက်၊ ကျွန်တော့်မိန်းမကလည်း ဆံပင်စုတ်ဖွားနဲ့ရေစိုကြီးနဲ့ နောက်ကလိုက်။ ဘယ်သွားလို့သွားနေမှန်းတောင် မသိလောက်အောင် ကျွန်တော့်ကိုယ်ခန္ဓာက အလိုလို ကားတွေကို ကျော်တက်၊ မီးပွိုင့်တွေဖြတ် အရူးတစ်ပိုင်းလိုပဲ။ အတွေးထဲ သားလေးအသက်ကို ချမ်း သာပေးဖို့ ဘုရားသခင်ကိုပဲ တိုင်တည်မိနေပါတယ်။ “သားလေးသာအသက်ရှင်ခဲ့ရင် သားလေးနဲ့ အတူဖေဖေကစားပေးပါ့မယ်။ “
ကျွန်တော့်သားလေးသာ အသက်မရှင်တော့ရင် ကျွန်တော့်မိန်းမကလည်း ကွာရှင်းခွင့်တောင်းလိမ့်မယ်။ ကျွန်တော်ဒီအပြစ်ရှိတဲ့ခံစားချက်ကြီးနဲ့ ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ? ကျွန်တော့်ကိုယ်ကျွန်တော် သတ်သေဖို့ကိုပဲ ခေါင်းထဲရှိတော့တယ်။ စဉ်းစားကြည့်ကြလေဗျာ။ ကျွန်တော့်သားလေးရဲ့ နောက်ဆုံးမြင်ကွင်း က ဆိုဖာပေါ်မှာ ဆန့်ဆန့်ကြီးလှဲပြီး သားလေးကို ကိုယ့်ဟာကိုယ်သွားဆော့ခိုင်းနေတဲ့အဖေလေ။ ကျွန်တော် ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူး။
ကလေးအသက်မရှူ တော့ဘူး။
ကျွန်တော်တို့သားလေးကိုတွေ့တာ ညနေ၄နာရီ။ ၄:၀၄နာရီမှာ ကျွန်တော့်မိန်းမ ၉၁၁ကို ဖုန်းဆက်ခေါ်တယ်။ အနီးဆုံး အရေးပေါ်ဌာနကို ပြေးတာက ၄မိနစ်လောက်ကြာတယ်။ ဒီအတောအတွင်းမှာ ရှင့်ကိုသတ်မယ်လို့ အာခေါင်ခြစ်အော်နေတဲ့မိန်းမကို ရအောင်အသက်ကယ်နည်းလုပ်ခိုင်းထားရတယ်။
သားလေးရေထဲနစ်နေတာ ၁မိနစ်ကနေ၄မိနစ်လောက်ထိ ရှိနိုင်တယ်။ အရေးပေါ်မရောက်ခင် အသက်မရှူ တာက စုစုပေါင်း၄မိနစ်။ ဒါပေမယ့် အရေးပေါ်မရောက်ခင်လေးတင် ကျွန်တော့်မိန်းမကို နောက်တစ်ကြမ် အသက်ကယ်နည်းလုပ်ခိုင်းတဲ့အခါ ကံကောင်းထောက်မစွာနဲ့ ကျွန်တော့်သားလေး မျက်လုံးပွင့်လာပါတော့တယ်။
အရေးပေါ်သူနာပြုက သားလေးနဲ့မိန်းမကို အခန်းထဲခေါ်သွားပြီး ချက်ချင်းဆရာဝန်၊ ဆရာမတွေ ဝိုင်း လာပါတယ်။
အဲဒီအချိန်မှာ အရင်တုန်းက သားလေးအော်သံ၊ ငိုသံနောက်ထပ်မကြားချင်တော့ဘူး ပြောခဲ့မိတာကို သွားသတိရမိတယ်။ ဒါပေမယ့် ၂မိနစ်လောက်ကြာတဲ့အခါ အရေးပေါ်ခန်းထဲကနေ ကြားလိုက်ရတာသားလေးအော်သံဟာ ကျွန်တော့်ဘဝမှာ အသာယာအချိုမြိန်ဆုံးသော အသံပါပဲဗျာ။
တစ်ကမ်ဘာလောက်ကြာတဲ့ငရဲခန်း
ခဏအကြာ အရေးပေါ်ကားရောက်လာပြီး သားလေးကို ခေါ်သွားတယ်။ တစ်ယောက်ပဲလိုက်လို့ရမယ်ဆိုတော့ ကျွန်တော့်မိန်းမလိုက်သွားပြီး ကျွန်တော့်ကို အိမ်မှာပဲစောင့်ခိုင်းတယ်။ အိမ်ကိုကျွန်တေ့်ာအကို လိုက်ပို့လု့ိသာ ရောက်လာရတယ်။ ဘယ်ပုံဘယ်နည်းရောက်လာမှန်းတောင် မသိတော့ပါဘူး။ တစ်လမ်းလုံးရင်စို့မတက် ငိုလာတာကိုပဲ မှတ်မိတော့တယ်။
အိမ်ရောက်တော့ ပိုဆိုးပါလေရော။ ဘယ်နေရာကြည့်ကြည့် သားလေးရဲ့အရိပ်အရောင်တွေကိုပဲ မြင်နေရတယ်။ သားလေးကြိုက်တဲ့ ထရပ်ကားလေး၊ သားလေးရဲ့ ပစ္စည်းလေးတွေ၊ အရုပ်လေးတွေ။ သူဘယ်တော့မှပြန်မထိတွေ့မကိုင်တွယ်ရလောက်တော့တဲ့ ပစ္စည်းလေးတွေ။
ဆေးရုံက ဖြူ သလားမည်းသလား ဘာအဖြေမှကို မသိရသေးပါဘူး။ စောင့်ဆိုင်းရတဲ့အချိန်ဟာ ငရဲမှာ တစ်ကမ်ဘာလောက် ခံရသလိုပါပဲ။ သားလေးကိုပွေ့ပြီး ကျွန်တော့်မိန်းမနဲ့အတူ ကားပေါ်ပြေးသွားတဲ့ ရေကွက်လမ်းကြောင်း၊ သားလေးသောက်လက်စ ပန်းသီးဖျော်ရည်။
တစ်အိမ်လုံးကို ဦးတည်ရာမဲ့ လျောက်သွားပြီး သားလေးအရိပ်တွေကိုပဲ လိုက်ရှာနေမိတယ်။
ဒီအိပ်မက်ဆိုးကြီးမတိုင်ခင်က ကျွန်တော့်ဆီမှာ အစီအစဉ်တွေကိုပြည့်လို့။ ငါးသွားမျှားဖို့၊ ပိုကာဆော့ဖို့၊ အလုပ်ကိစ္စတွေ။ အခုချိန်မှာ ဒါတွေဘာမှကို အရေးမကြီးတော့ဘူး။ ကျွန်တော်သိတာတစ်ခုက ကျွန်တော့်သားလေးဆီသွားဖို့နဲ့ သားလေးအသက်ရှင်မရှင် သိရဖို့တစ်ခုတည်းပါပဲ။
ဆေးရုံရောက်တဲ့အခါ
ဆေးရုံရောက်တဲ့အခါ ဆေးရုံထဲကို ဝင်ဖို့ကြောက်ရွံ့နေမိတယ်။ ကျွန်တော်မရှိတုန်း ကျွန်တော့်သားလေးများဆုံးသွားပြီလား။ ကျွန်တော်စိတ်ထဲမှာတော့ သားလေးသာအသက်ရှင်ရင် ကျွန်တော့်ဘဝဟာ သားလေးအတွက်ပဲ ဖြစ်ရမယ်လို့ အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီးသားပါ။
အလုပ်ကိုပဲ မမည်းဘဲ သားလေးနဲတူတူ အချိန်တွေကုန်ဆုံးမယ်။ သားလေးကို ဘယ်တော့မှ လျစ်လျူ မရှုတော့ဘူး။
ကျွန်တော်အခုဒီစာကို ဆေးရုံမိသားစု နားနေခန်းကနေ ရေးနေတာပါ။ ဒီအချိန်မှာ ကျွန်တော့်သားလေး အသက်ရှင်နေသေးတယ်ဆိုတာသိလိုက်ရလို့ ကျွန်တော့်ကိုယ်ကျွန်တော် ကမ်ဘာပေါ်မှာ ကံအကောင်းဆုံးလူလို့တောင် ထင်မှတ်မိပါတယ်။ တကယ်ပါ။
ကျွန်တော့်ဘဝမှာ သတင်းတွေထဲ အဖြစ်မပျက်ဆိုးကြီးတွေကို ဖတ်နေခဲ့ရပေမယ့် ဒီလိုမိျုးတော့ ငါ့ဆီမှာမဖြစ်လောက်ပါဘူးလိ့ု ထင်နေခဲ့မိတယ်။ ဒီနေ့ဟာ ကျွန်တော့်ဘဝမှာ လုံးဝကို အမြင်တွေပြောင်းလဲတဲ့နေ့တစ်နေ့ပါပဲ။
ကလေးတွေဟာ အမြဲတမ်းငယ်မနေပါဘူး။ အချိန်တန်ရင် မိဘရင်ခွင်ကိုစွန့်ခွာသွားကြမှာပါ။ ဒါကြောင့် ရှိတဲ့အချိန်လေးတွေမှာ တန်ဖိုးထားပြီး ရနိုင်သမျှ သူတို့လေးတွေနဲ့ အချိန်ကုန်ဆုံးပေးဖို့ အရေးကြီးတာကို ကျွန်တော်မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတာပါ။
ကလေးတွေကိုရေနစ်ခြင်းအဖြစ်ဆိုးကနေ ကာကွယ်ပေးနိုင်ဖို့
♦ ရေကူးကန်ပတ်လည်မှာ လက်ကိုင်တွေ သေချာဂရုတစိုက် တပ်ပေးပါ။
♦ ကလေးနဲ့လက်တစ်ကမ်းအကွာမှာ လူကြီးတစ်ယောက်အမြဲရှိနေရမယ်။
♦ ကလေးကိုကိုယ်ဖော့နည်းတွေ၊ ရေကူးနည်းတွေ သင်ပေးထားတာအကောင်းဆုံးပါ။
♦ အဆိုးဆုံးအခြေအနေဖြစ်တဲ့ ကလေးရေနစ်ခဲ့ရင် အသက်ကယ်နိုင်အောင် အသက်ကယ်နည်းတွေ သင်ထားရမယ်။
အဲဒီနေ့က အရေးပေါ်မှာ ကလေးရေနစ်လို့ရောက်လာတာ မိုင်ကယ်နဲ့အက်ရှလေရဲ့ သားလေးမက်သူးတစ်ယောက်ထဲ မဟုတ်ပါဘူးတဲ့။ အလားတူဖြစ်ရပ်နဲ့ရောက်လာတာ ၃ယောက်တောင် ရှိပါသတဲ့။ ဒီလိုဖြစ်ရပ်မျိုးတွေများလွန်းလို့ ဆရာဝန်တွေ ရေတောင်တွက်မပြနိုင်လောက်အောင်ပါပဲတဲ့။
ဒီလိုအရေးကြီးပုံကို သိနားလည်သွားတဲ့ မိုက်ကယ်ကတော့ မိဘတွေကို
“ရေကူးကန်တွေဟာ အလွန်အန္တရာယ်များတယ်။ တစ်ချက်ကလေးဂရုမစိုက်မိတာနဲ့ တစ်ခုခုဖြစ်သွားနိုင်တယ်” ဆိုတဲ့ သူ့ဘဝနဲ့သွေးချွေးနဲ့ရင်းပြီးအသိလေးကို သတိပေးလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
တဈကမ်ဘာလောကျကွာတဲ့ငရဲခနျး
Dr. Mya Phoo Ngon (www.drmyanmar.com)






























