ဖေဖေတွေနို့ဘယ်လိုတိုက်မလဲ?
တကယ်ဆို မေမေတွေပဲ ကလေးနို့တိုက်လို့ရတာ မဟုတ်ဘူးနော်။ ဖေဖေတွေဟာလည်း ကလေးနို့တိုက်တာမှာ ပါလို့ရသလို ကလေးကို ပြုစုစောင့်ရှောက်လို့ရတယ်။ မေမေတွေချညး်နို့တိုက်နေတော့ ဖေဖေတွေခမျာ အပစ်ပယ်ခံတွေလို ခံစားနေရမှာပေါ့။
တကယ်တော့ ဖေဖေတွေရဲ့ ဘေးကအားပေးမှုရှိမှသာ မေမေတို့နို့ချိုတိုက်ကျွေးတာအောင်မြင်နိုင်မှာပါ။ အပင်ပန်းဓာတ်ကိုပိုခံနိုင်ပြီး ခက်ခဲမှုတွေကို ကြံ့ကြံ့ခံနိုင်လာမှာပါ။
ဒီလိုခံနိုင်ရည်ရှိမှသာ မေမေတို့ကလေးကို နို့ကြာကြာပိုတိုက်နိုင်ပြီး ကလေးရောအမေပါ ကျန်းမာလာမှာပေါ့။ ဒါကြောင့် ဖေဖေတို့လည်း နို့တိုက်တာမှာပါလို့ရတယ်လိ့ုပြောတာပါနော်။
>> ဒါဆိုရင် မေမေတို့ကို ဘယ်လိုဘေးကနေ အားပေးကြမလဲ?
၁။ ကြိုတင်ပြင်ဆင်ထားပါ။ နိုချိုတိုက်ကျွေးခြင်းအကြောင်းနဲ့ နို့ချိုတိုက်ကျွေးတာကြောင့် ကလေးနဲ့အမေသာမကဘဲ မိသားစုအတွက် ဘယ်လိုတွေအထေက်အကူပြုတယ်ဆိုတာကို ကြိုတင်ပြီးတော့ စာအုပ်တွေ၊ အင်တာနက်တွေကနေ လေ့လာထားလို့ရတယ်နော်။
၂။ ဘေးကနေအားပေးပေးပါ။ နို့တိုက်ခါစမှာ အခက်အခဲလေးတွေရှိတတ်တယ်။ အထူးသဖြင့် သားဦးမိခင်တွေဆို ပိုဆိုးတတ်တာပေါ့။ ဒီလိုအချိန်မျိုးမှာ ဖေဖေတို့ရဲ့ဘေးနားကနေ ငြင်ငြင်သာသာအားပေးပေးရုံနဲ့တင် မေမေတို့ကို အားတက်ပြီးယုံကြည်မှုတွေရှိလာမှာပါ။
Ceelin 1
၃။ ဘေးနားမှာအသင့်ရှိနေပေးပါ။ ကလေးမွေးတဲ့အချိန်မှာ အလုပ်ကနေခွင့်ခဏယူပါ။ ဆေးရုံမှာစောင့်နေရင်း သူနာပြု ဆရာမဆီကနေ သင်ယူထားပါ။ ဒါမှအိမ်ပြန်ရောက်တဲ့အခါ ဇနီးဖြစ်သူကို ပြန်ပြီးကူညီပေးနိုင်ပြီး မိခင်လောင်းတွေရဲ့ တာဝန်ကိုပုခုံးတစ်ဝက်ခွဲထမ်းပေးနိုင်မှာပေါ့။
၄။ အကူအညီဖြစ်ပါစေနော်။ ဇနီးသည်ရဲ့ အိမ်အလုပ်၊ အချက်အပြုတ်နဲ့ တစ်ခြားကလေးအကြီးတွေတာဝန်တွေကို ခွဲဝေယူပေးပါ။ ဒီအချိန်မှာ မိခင်ဖြစ်သူဟာ ကလေးမွေးဖွားရာကနေ ပြန်ပြီးနာလန်ထခါစဖြစ်လို့ အနားပေးသင့်တယ်။ အထူးသဖြင့် ခွဲမွေးထားတဲ့အမေတွေပေါ့။ အဲဒါကြောင့် ကလေးနို့တိုက်ပြီးကြားချိန်တွေမှာ တစ်ရေးတစ်မော အိပ်စေပါ။ အကူအညီလိုရင်ရအောင် သူနာပြုဆရာမ၊ သားဖွားဆရာမတွေရဲ့ ဖုန်းနံပါတ်ကို ယူထားပါ။
၅။ ဘေးမှာစောင့်ရှောက်ပေးပါ။ ကလေးနို့တိုက်ချိန်ရောက်ရင် ကလေးကိုချီခေါ်လာပြီး နို့တိုက်ဖို့ပြင်ဆင်ပေးပါ။ သက်သောင့်သက်သာရှိမှ အမေနို့ကောင်းကောင်းထွက်မှာပါနော်။ ဘေးနားမှာ ရေနဲ့မုန့်လေးချပေးပြီး ဘာလိုသေးလဲ မေးလိုက်ပါဦး။ ပြီးရင် ဘေးနားလေးမှာထိုင်ပြီး စကားစမြည်လေးပြောရင်း ကလေးကိုနို့တိုက်လို့ရပါတယ်။
၆။ ချစ်ခင်ကြင်နာမှုတွေပေးပါ။ ဇနီးသည်ကို ချစ်ကြောင်းခင်ကြောင်းများများပြောပေးပြီးတော့ ဂရုတစိုက်ကြင်နာပါ။ နာလန်ထဖို့အချိန်ပေးပြီး သူ့ရဲ့တိုးလာတဲ့တာဝန်ဝတ္တရားတွေကို ကျင့်သားရတဲ့အထိ စောင့်ပေးပါ။
Ceelin 2
>> ကလေးနဲ့ဘယ်လိုမေတ္တာကြိုးချည်နှောင်မလဲ?
တစ်ခါတစ်လေ အဖေတွေဟာ ကလေးနဲ့မရင်းနှီးမှာ ကြောက်တတ်ကြတယ်။ တကယ်တော့ ကလေနို့မတိုက်ရလည်း တစ်ခြားပြုစုပေးစရာတွေအများကြီးရှိပါသေးတယ်။ ကလေးထိန်းပေးတာက ကလေးနဲ့အတူအချိန်ကုန်ဆုံးနိုင်သလို အမေ့ကိုလည်း ခဏနားချိန်ရစေတယ်။
ကလေးနိုးနေချိန်မှာ ချီပိုးပြီးတော့ စကားတွေပြောပေးပါနော်။ ညအိပ်ချိန်တွေမှာလည်း အိပ်ပျော်သွားတဲ့အထိ ပုတ်သိပ်ပေးပါ။ အိပ်ပျော်သွားရင်တောင်မှ ရင်ခွင်ထဲထွေးပွေ့ထားလို့ ရသေးတယ်။
အရေပြားချင်းထိတွေ့ပေးခြင်းက ဦးနှောက်ကနေ Oxytocinဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်စေပြီး ချစ်ခင်စိတ်ကို ဖြစ်စေတာကြောင့် ရင်ဘတ်ချင်းထိကပ်ပေးပါ။
နေ့စဉ်ကလေးရဲ့ဝေယျာဝိစ္စတွေလုပ်ပေးလို့လည်း ရသေးတယ်။ သေးခံကိုခဏခဏလဲပေးရတတ်တယ်။ နို့တစ်ဖက်နဲ့တစ်ဖက်ပြောင်းချိန်၊ နို့တိုက်ပြီးချိန်တွေမှာလည်း ကလေးကိုလေထုတ်ပေးနိုင်တယ်။ ပြီးတော့ ကလေးရေချိုးပေးတာကလည်း အဖေနဲ့ကလေးကို ပိုပြီးရင်းနှီးမှုရစေတယ်။
ကလေးကို တူတူရေဝါးဆော့ပေးတာ၊ မျက်နှာကိုအမျိုးမျိုးလုပ်ပြတာ၊ အသံအမျိုးျမျိုးထွက်ပြတာတွေ လုပ်နိုင်တယ်။ ကလေးကြီးလာရင် ကလေးနဲ့ဆော့ကစားချိန်တွေဟာ ပိုပျော်ဖု့ိကောင်းလာပါလိမ့်မယ်နော်။
ပြီးတော့ ကလေးကို သိုင်းကြိုး၊ ကလေးတွန်းလှည်း စသဖြင့် တစ်ခုခုနဲ့ အပြင်ကိုလမ်းလျောက်ထွက်ပေးပါနော်။ လေကောင်းလေသန့်နဲ့ အပြင်ကလှုပ်ရှားမှုတွေက ကလေးကိုပိုပြီးငြိမ်စေလိမ့်မယ်။
တစ်ချိန်ချိန်ကျရင်တောင် ဖေဖေတွေလည်း ကလေးကိုအစာကျွေးနိုင်လာတယ်။
၆လပြည့်တဲ့နောက်ပိုင်းမှာ ကလေးကိုဖြည့်စွက်စာလေးတွေ စကျွေးလို့ရပြီ။ အစပိုင်းမှာတော့ ပြင်ဆင်ကျွေးမွေးရတာ ကရိကထများပေမယ့် နောက်ပိုင်းမှာတစ်ဖြည်းဖြည်းနဲ့ ပိုပြီးကလေးစားနိုင်တဲ့အစားအသောက်တွေ ပိုပြီးများလာလိမ့်မယ်နော်။
နို့ချိုတိုက်ကျွေးတာက ကလေးအတွက်ရော၊ အမေအတွက်ရော၊ မိသားစုအတွက်ပါ အရမ်းကောင်းတယ်။ နို့တိုက်တာက နို့ဘူးတွေ၊ နို့ပုလင်းတွေ ဝယ်စရာမလိုတာကြောင့် ပိုက်ဆံလည်းသက်သာစေနိုင်တယ်။
အပြင်သွားတဲ့အခါမှာလည်း ကရိကထနည်းတယ်။ နို့ဘူးတွေ၊ ဘယ်လိုနွှေးရမလဲဆိုတာတွေကို တွေးပူစရာလည်း မလိုတော့ဘူး။
ညဘက်အိပ်ချိန်တွေနို့တိုက်ရတာလည်း အဆင်ပြေတယ်။ အိပ်ချင်မူးတူးနဲ့ နို့ဘူးထဖျော်ရတာ၊ ဆေးရကြောရပြုတ်ရတဲ့ဒုက္ခကင်းတယ်။
ကလေးရဲ့သေးခံတွေကလညး် နု့ိဘူးတိုက်တဲ့ကလေးရဲ့ ဝမ်းလောက်အနံ့မဆိုးသေးဘူး။ ကလေးကို မိခင်နို့တစ်မျိးတည်း ၆လကြာတိုက်ခဲ့ရင် နောက်ထပ်ကလေးရနိုင်ခြေ၆လနည်းသွားတဲာအတွက် သနေ္ဓတားနည်းတွေသုံးစရာမလိုဘူးပေါ့။
မိခင်နို့တိုက်ခြင်းကြောင့် ကလေးမှာရောအမေ့မှာပါ ကျန်းမာရေးအကျိုးအမျိုးမျိုးကို ရနိုင်တာကြောင့် ကျန်းမာတဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာနော်။
>> ကလေးကိုအမေ့နု့ိတိက်ရတာအဆင်မပြေရင်
တစ်ခါတစ်လေ နို့တိုက်ရတာလုံးဝအဆင်မပြေတဲ့အခါမျိုးမှာ ဘေးကနေအားပေးပြီးထပ်တိုက်ခိုင်းကြည့်တာ၊ ဒါမှမဟုတ် ခဏနားပြီးမှ တိုက်ခိုင်းတာတွေ လုပ်နိုင်တယ်။ ပင်ပန်းနေလို့၊ နာနေလို့၊ ကလေးနို့ငုံတာအဆင်မပြေလို့ စသဖြင့်အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။
ဒါပေမယ့် အမေကလုံးဝမဖြစ်နိုင်ဘူးလို့ ထင်နေရင်တော့ နားလည်လက်ခံပြီး လိုချင်တာကို ရွေးချယ်ပါစေ။
နောက်ဆုံးအနေနဲ့ သတိရဖို့က ကလေးနို့တိုက်မှမဟုတ်ပါဘူး။ ဘေးကနေပြီး လိုအပ်တာကို အရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ကြည့်ပြီး ဖြည့်စည်းပေးရုံနဲ့တင် မိခင်ရောကလေးပါ ကျန်းမာပျော်ရွှင်နိင်ကြမှာပါ။
(Unicode)
>> ကလေးနဲ့ဘယျလိုမတေ်တာကွိုးခညြျနှောငျမလဲ?






























