/
news/ကလေးများနှင့်ကျန်းမာရေး/ဖျားနေတဲ့-သားသားမီးမီးတွေရဲ့-မေမေတို့-သိကိုသိရမယ့်-အချက်တွေ

ဖျားနေတဲ့ သားသားမီးမီးတွေရဲ့ မေမေတို့ သိကိုသိရမယ့် အချက်တွေ

Category
ကလေးများနှင့်ကျန်းမာရေး

သားလေး သမီးလေး နဖူးကို စမ်းကြည့်လိုက်ပြီး ဖျားနေပြီဆိုရင်ဖြင့် စိတ်တွေပူ ခေါင်းတွေကိုက် မလုပ်တတ်မကိုင်တတ်ဖြစ်ရတဲ့ မေမေဖေဖေတို်အတွက် အရေးတကြီးမှတ်စုလေးပါနော်။ 

၃လ အောက်ကလေးတွေ အဖျားရှိတယ် ကိုယ်သိပ်ပူနေရင်တော့ အိမ်မှာကိုယ့်ဘာသာ မပြူစုပါနဲ့။ ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး လိုအပ်သလိုဆေးတိုက် ကုသဖို့လိုအပ်ပါတယ်။ သိပ်ငယ်လေ ကိုယ်ပူလေစိုးရိမ်ရလေပါပဲ။

 

ကိုယ်ပူတာ ပြသနာလား?

ကိုယ်ပူလာတယ် အဖျားရှိလာတယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယား ဗိုင်းရပ်စ်တွေဝင်ရောက်လာတဲ့ အခါ ခန္ဓာကိုယ်ရဲ့သဘာဝကာကွယ်ရေး က စတင်တိုက်ထုတ်နေရင်း အပူထွက်လာတာဖြစ်ပါတယ်။ ဖျားနေတယ်ဆိုရင် သေချာတာကတော့ ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်ကိုယ်ခံအားစနစ်က ကြိုး ကြိုးစားစားအလုပ်လုပ်နေပြီနော်။

Cool Feel 1

ဖျားတာကအတော်တော့နေမထိထိုင်မသာဖြစ်စေပါတယ်…

အသက် ၆ လအထက် ကလေး တွေ ဖျားရင် အဖျား ၁၀၂ ထက်ကျော်လာပြီဆိုရင် ရေပတ်တိုက်ပေးပါ။

ဓာတ်ဆားရည်တိုက်ပါ။ ဓာတ်ဆားရည်မကြိုက်ရင် ဆန်ပြုတ်စွပ်ပြုတ်အရည်ကျဲကျဲ နဲ့ အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေ တိုက်လို့ရပါတယ်။ ကလေးအန်ရင် ဇွတ်ပြန်မတိုက်ပါနဲ့။ ခဏနားပေးပါ။ ပြီးမှ  ဇွန်းလေးနဲ့ နည်းနည်းစီဖြည်းညင်းစွာတိုက်ပါနော်။

 

ခန္ဓာကိုယ်ထဲကအပူကိုထွက်ခွင့်ပေးပါ…

ရေခဲရေတွေနဲ့ရေပတ်တိုက်တာ အအေးတိုက်တာ အဲယားကွန်းအအေးဖွင့်ထားတာ ချွေးထွက်အောင် အကျီအထူကြီးတွေဝတ်ထားပေးတာတွေ မလုပ်ပါနဲ့။ ကိုယ်ပူကြီးတာရဲ့ အခြေအနေအတော်များများဟာ အကျီထူတာစောင်ထူထူခြုံထားတာတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ပွပွချောင်ချောင်ချည်ထည်လေးတွေဝတ်ထားပေးပြီး အိပ်ခန်းတံခါးတွေဖွင့်ထားပေးပါ။ လေဝင်လေထွက်ကောင်းပါစေ။ 

 

အဖျားကျတာနဲ နေကောင်းသွားပီး ပြေးလွှားေဆာ့နေရင်ထားလိုက်ပါ။

အချိန်တန်ရင် အဖျားပြန်တက်လာတဲ့အခါ ရေပတ်တိုက်တာမျိုး၊ အဖျားကျကပ်ခွာကပ်တာမျိုး၊ ပါရာစီတမော အရည်တိုက်တာမျိုး လုပ်ပေးပြီး သက်တောင့်သက်တာ နားနေစေရင်ရပါပြီ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အဖျားတွေဟာ သူ့အလိုလို အချိန်တန်ရင် သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ စားနေကျလေးတွေ ဆက်ကျွေးပါ။ ပျော့ပြောင်းပူနွေးလတ်ဆတ်ပါစေ။ 

လှုပ်လှုပ်ရှားရှားနေတတ်ဆော့တတ်တဲ့ကလေးဟာ ဖျားတဲ့အခါ ပိုမိုကိုယ်ပူကြီးလာလေ့ရှိပါတယ်။ပါရာစီတမော အရည်လေးတိုက်ပေးပြီး  စိတ်မပူဘဲ စိတ်ရှည်လက်ရှည် ရေပတ်တိုက်ပေးပြီး စောင့်ကြည့်လို့ရပါတယ်။

Cool Feel 2

စိတ်ပူရမယ့်လက္ခဏာတွေကတော့

• ခေါင်းကိုက်တယ်ပြောရင်

• အပူဆက်တိုက်ကြီးရင်

• တက်ရင်

• ကလေးက ခွေနေမှိုင်နေရင်

• အစာမဝင်ရင် ဆက်တိုက်အန်ရင်

• ကိုယ်ပေါ်မှာအစက်အပြောက်တွေ အကွက်တွေထလာရင်

• နှာခေါင်းသွေးယိုရင်

• ဗိုက်အောင့်လာရင်

• ချောင်းတအားဆိုးနေရင်

• မောနေပြီး စကားမပြောနိုင်ရင်

• ခြေဖျားလက်ဖျားတွေ အေးစက်နေရင်

 

အမြန်ဆုံးကလေးဆရာဝန်ရဲ့ပြသစစ်ဆေးသင့်ပါတယ်။ ကလေးတွေရဲ့ အဖျားက အတက်အကျများတတ်သလို ပျောက်လွယ်ကောင်းလွယ်ပေမယ့် ဖော်ပြပါ စိုးရိမ်လက္ခဏာတွေကိုလည်း မေမေဖေဖေတို့ သိရှိထားမှ သားသားမီးမီး ကျန်းမာရေးအတွက်အကောင်းဆုံးပြစုကုသမှုကိုပေးနိုင်မှာ ဖြစ်ပါတယ်နော်။

  www.drmyanmar.com

(Unicode)

 



 



 




 

ခန်ဓာကိုယျထဲက အပူကိုထှကျခှင့ျပေးပါ…


 




 

စိတျပူရမယ့ျ လက်ခဏာတှကေတော့












 


 www.drmyanmar.com