/
news/ကလေးများနှင့်ကျန်းမာရေး/ဖွံ့ထွားတဲ့ကလေးတွေ-ဖြစ်စေဖို့

ဖွံ့ထွားတဲ့ကလေးတွေ ဖြစ်စေဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေဟာ လူကြီးတွေထက်စာရင် အာဟာရလိုအပ်ချက် ပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လေးတွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲမလို့ပါ။ ကြီးထွားဖွံ့ဖြိုးနေချိန်မှာ သူတို့တွေအတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေကိုသာ မရခဲ့ဘူးဆိုရင် ကလေးဟာ ရွယ်တူတွေနဲ့ယှဉ်ရင် အရပ်ပုနေတာ၊ သေးညှက်နေတာ၊ ကိုယ်အလေးချိန်တက်မလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကြီးထွားဖွံ့ဖြိုးမှု နောက်ကျခြင်း (သို့) ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းလို့ ခေါ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှု နောက်ကျစေတဲ့ (သို့) နှေးစေတဲ့ အကြောင်းရင်းတွေဟာ အမျိုးမျိုးရှိပေမယ့် ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အကြောင်းတစ်ခုကတော့ အစားအသောက်ကို သေချာမစားတာပါပဲ။ ကလေးဟာ အစားချေးများရင်၊ အာဟာရတန်ဖိုးမရှိတဲ့ မုန့်ပဲသရေစာတွေကိုပဲ စားနေမယ်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနောက်ကျမှာ အသေအချာပါပဲ။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ရွယ်တူသူငယ်ချင်းတွေနဲ့ ယှဉ်ကြည့်လို့ အရပ်ပုနေတယ်၊ လူကောင်သေးနေတယ်ဆိုရင် ကလေးတွေ အစာစားတဲ့နေရာမှာ ပြဿနာရှိနေပြီလားဆိုတာ တစ်ချက်လောက် ပြန်ဆန်းစစ်ကြည့်ပါ။ ကလေးအနေနဲ့ အစားအသောက်ကို စုံစုံလင်လင်မစားဘဲ သူကြိုက်တာတစ်မျိုးတည်းကိုပဲ အမြဲလိုလို စားနေရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝရမှာ မဟုတ်ပါဘူးနော်။ မိမိတို့ရဲ့ကလေးတွေ အစားအသောက် သေချာမစားရင် ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုမှာသာမက ဦးနှောက်ဖွံ့ဖြိုးမှုမှာပါ နှောင့်နှေးနိုင်လို့ မေမေတို့အနေနဲ့ ကလေးတွေကို အာဟာရ စုံစုံလင်လင်စားတတ်အောင် မြန်မြန်ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။

Dugro IA 1 (2022)

ကလေးတွေ အစားချေးမများဘဲ အာဟာရစုံစုံလင်လင် စားတတ်စေချင်ရင်တော့ ဖော်ပြပါနည်းလမ်းတွေကို လိုက်ပါလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
●  အစားအသောက် အသစ်တစ်မျိုးကို ကျွေးတော့မယ်ဆိုရင် မနက်စာအနေနဲ့ အရင်ကျွေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ မနက်စာစားချိန်ဟာ ကလေးတွေ ဗိုက်အဆာဆုံးအချိန်ဖြစ်လို့ အစားအသောက် အသစ်အဆန်းတွေကို မြည်းစမ်းချင်စိတ် ရှိနေမှာပါ။
●  ဘာစားချင်သလဲဆိုတာ ကလေးကို ကိုယ်တိုင်ဆုံးဖြတ်စေပါ။ ဥပမာပြောရရင် ဟင်းသီးဟင်းရွက်နှစ်မျိုးကို ယှဉ်ပြထားပြီး ဒီနှစ်မျိုးထဲက ဘာချက်ကျွေးရမလဲဆိုတာ ကလေးကို ရွေးချယ်ခိုင်းပါ။
●  အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ ကလေး တတ်နိုင်တဲ့နေရာကနေ ပါဝင်လုပ်ဆောင်ခိုင်းပါ။ ဟင်းသီးဟင်းရွက်တွေ ရေဆေးပေးတာ၊ ထမင်းဟင်းပန်းကန်တွေ စားပွဲပေါ်တင်ပေးတာမျိုးကို ကလေးတွေအနေနဲ့ ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။
●  ထမင်းစားပွဲမှာ မိသားစုလိုက် အတူစားပါ။ ထမင်းစားနေချိန်မှာ တီဗွီပိတ်ထားပါ။ ဖုန်း၊ အရုပ်၊ စာအုပ် စတာတွေကို ကလေးရဲ့အဝေးမှာ ထားထားပါ။
●  အစာကျွေးတဲ့အခါ ပမာဏနည်းနည်းပဲ ထည့်ကျွေးပါ။ မဝလို့ ထပ်တောင်းတဲ့အခါကျမှ ထပ်ထည့်ပေးပါ။ တစ်ခါတည်း အများကြီးထည့်ပေးရင် ကလေးအနေနဲ့ မစားချင်တာမျိုး ဖြစ်နိုင်ပါတယ်။
●  ကလေးက ထမင်းမစားတဲ့အခါ၊ ဒါမှမဟုတ် အစားအသောက်တစ်မျိုးကို ကုန်အောင်မစားတဲ့အခါ ဆူပူပြီး အတင်းကျွေးတာမျိုး မလုပ်ပါနဲ့။ ဒါကုန်အောင်စားရင် မုန့်ကျွေးမယ်ဆိုပြီးတော့လည်း ဆုပေးတဲ့စနစ်ကို မကျင့်သုံးပါနဲ့။
●  ထမင်းစားချိန်ကြားမှာ ဗိုက်အဆာခံပြီး အာဟာရတန်ဖိုးမရှိတဲ့ အသင့်စားမုန့်တွေကို မစားမိအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နွားနို့၊ ဖော်မြူလာနို့၊ အစေ့အဆံ၊ အခွံမာသီး၊ အသီးအနှံ အစရှိတဲ့ သရေစာတွေကို ကျွေးပေးပါ။ အာဟာရတန်ဖိုးမရှိတဲ့ အသင့်စားမုန့်တွေ၊ အချိုရည်တွေ မကျွေးပါနဲ့။

Dugro IA 1 (2022)

ကလေးတွေ အစားချေးများလို့ စိတ်ညစ်နေတဲ့မေမေတို့အတွက် ဒီနည်းလမ်းတွေက အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မေမေတို့အနေနဲ့ မမေ့သင့်တာတစ်ခုက ကလေးတွေဟာ မိဘတွေလုပ်တဲ့အတိုင်း စံနမူနာယူလေ့ရှိတာကြောင့်  မိဘတွေကိုယ်တိုင်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားပေးသင့်ပါတယ်။

မေမေတို့ရဲ့ကလေးတွေ အစား သေချာမစားလို့ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျမှာ (သို့) နှေးမှာကို စိတ်ပူနေရင်တော့ ကလေးကို ကယ်လိုရီများတဲ့ အစားအသောက်တွေဖြစ်တဲ့
●  အသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
●  အာလူး၊ ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
●  အခွံမာသီး၊ သံလွင်ဆီ၊ ထောပတ်သီး၊ မြေပဲထောပတ် စတဲ့ အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်ကျွေးပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ အာဟာရ လိုအပ်ချက်အတိုင်း ဖော်စပ်ထားတဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကိုလည်း ဂရုတစိုက် တိုက်ကျွေးပေးပါ။ ဘာကြောင့်လဲဆိုတော့ ကလေးအများစုဟာ နေ့စဉ်စားတဲ့ အစားအစာတွေနဲ့ပဲ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝလုံလောက်စွာရရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဖွံဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ကို တိုက်ကျွေးခြင်းဖြင့် အာဟာရလိုအပ်မှုတွေရှိရင် ကူညီဖြေရှင်းပေးနိုင်မှာဖြစ်လို့ ကလေး အသက်နှစ်နှစ်ကနေ ကိုးနှစ်အထိ တိုက်ကျွေးပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)