/
news/ကလေးများနှင့်ကျန်းမာရေး/ဖွံ့ဖြိုးစကလေး-ဖော်စပ်စာ-ဖော်မြူလာနို့

ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေ ကြီးထွားဖွံ့ဖြိုးနေချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံရဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဟာ ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကလေးတွေရဲ့ တစ်နေ့တာစားသောက်မှုထဲမှာ နို့တစ်ခွက်တော့ အမြဲထည့်တိုက်သင့်ပါတယ်။

နို့လို့ပြောတဲ့နေရာမှာ ရွေးချယ်စရာအမျိုးအစားတွေ အများကြီးရှိတယ်ဆိုတာကို မိဘတွေအနေနဲ့ သတိပြုသင့်ပါသေးတယ်။ နွားနို့မှာတောင်မှ မလိုင်ပြည့်နို့ (full cream milk) နဲ့ အဆီထုတ်နို့ (skimmed milk) ဆိုပြီး အမျိုးမျိုးရှိတဲ့အထဲမှာ အဆီထုတ်နို့ဟာ အဆီဓာတ်နည်းလို့ ဗီတာမင်အေလိုမျိုး အဆီမှာပျော်ဝင်တဲ့ ဗီတာမင် ပါဝင်မှုလည်း နည်းနိုင်ပါတယ်။ နွားနို့ဟာ ပရိုတင်းဓာတ်နဲ့ ဆိုဒီယမ်ပါဝင်မှုများပြီး ကလေးအတွက် လိုအပ်တဲ့ အချို့သော ဗီတာမင်နဲ့သတ္တုဓာတ် ပါဝင်မှုကတော့ နည်းတာကို တွေ့ရပါတယ်။

နောက်ထပ် ရွေးချယ်စရာ အမျိုးအစားတစ်ခုကတော့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ဟာ အရသာကောင်းမွန်တဲ့အပြင် ကလေးတွေရဲ့ အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထားတာဖြစ်လို့ ပြည့်စုံမျှတတဲ့အာဟာရကို ရရှိစေနိုင်မှာပါ။

Dugro November IA 1

>>  ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing up milk) ဟာ

●  နွားနို့ထက်စာရင် ပရိုတင်းပါဝင်မှု ပိုနည်းပါတယ်။ ပရိုတင်းအစားများရင် လူကြီးအရွယ်ရောက်လာတဲ့အခါ အဝလွန်နိုင်ချေ အရမ်းများတာကြောင့် ပရိုတင်းပါဝင်မှုနည်းတဲ့  ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) က အဝလွန်နိုင်ချေကို လျော့နည်းစေပါတယ်။

●  သံဓာတ်ဖြည့်စွက်ထားလို့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ကူညီပေးပြီး သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

●  ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့ အိုမီဂါသရီးဖက်တီးအက်စစ် (DHA) ပါဝင်တာကြောင့် ဉာဏ်ရည်ထက်မြက်စေပါတယ်။

●  ကလေးတွေအတွက် အထူးလိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့်ဓာတ်၊ သံဓာတ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

●  ပရီဘိုင်အိုတစ်၊ ပရိုဘိုင်အိုတစ်တွေပါဝင်လို့ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ကြီးထွားမှုကို ကူညီပေးပြီး ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ လေနာထတာတွေကို သက်သာစေပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ခြင်းဖြင့် ကိုယ်ခံအားကောင်းအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်။

Dugro November IA 2

ကလေးတွေ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပါဝင်တဲ့ ပြည့်စုံမျှတတဲ့ အာဟာရရယ်၊ ရေများများသောက်ဖို့ရယ်၊ ကိုယ်လက်လှုပ်ရှားမှုရှိဖို့ရယ်က အဓိကကျပါတယ်။

ဒီလို အဓိကကျတဲ့အထဲကို ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ကို ထပ်မံဖြည့်စွက်လိုက်ရင် ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာမှာ အသေအချာပါပဲ။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ဟာ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်ပေးနိုင်လို့ အသက်နှစ်နှစ်ကနေ ကိုးနှစ်အရွယ် ကလေးတွေကို ဂရုတစိုက် တိုက်ကျွေးပေးသင့်တဲ့ နို့တစ်မျိုးပဲ ဖြစ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)