ဘက်တီးရီးယားပိုးကြောင့်၊ ဗိုင်းရပ်စ်ပိုးကြောင့် စသည်ဖြင့် ကိုယ်ပူရတဲ့အမျိုးအစားအမျိုးမျိုးရှိပါတယ်
အဓိကအားဖြင့် ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ကိုယ်ပူရပြီး ဒီကိုယ်ပူတာကလည်းအကြောင်းအရင်းအမျိုးမျိုးရှိတဲ့အတွက် ကုထုံးလည်းမျိုးစုံရှိပါတယ်။
>> ကလေးများတွင် ကိုယ်ပူရသောအကြောင်းအရင်းများ
မိဘတွေသိထားသင့်တဲ့ အဖြစ်များသောအကြောင်းအရင်းများမှာ-
1. ဗိုင်းရပ်စ်ပိုးကြောင့်- ကလေးအဖျားကြီးတာက ရောဂါပိုးဝင်ခြင်း (သို့) ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးကြောင့်အအေးမိခြင်းကြောင့် အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ကိုယ်ပူတယ်ဆိုရင် ၃ ရက်လောက်ကြာပါက သူ့အလိုလိုပြန်ပျောက်သွားလေ့ရှိပြီး ပိုးသတ်ဆေးတွေက အကျိုးသက်ရောက်မှုမရှိတဲ့အတွက် တိုက်ဖို့မလိုပါဘူး။
2. ဘက်တီးရီးယားပိုးကြောင့် - ဗိုင်းရပ်စ်ပိုးကြောင့်ကိုယ်ပူတာထက်အဖြစ်နည်းပြီး ဘက်တီးရီးယားပိုးကြောင့် ကိုယ်ပူတယ်ဆိုရင်တော့ ဆေးကုသမှုခံယူဖို့လိုပါတယ်။ အချို့မှာဆိုရင် ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်ပူတာ ၃ ရက်ကျော်သွားရင်တော့ ဆရာဝန်သွားပြပါ။
3. အဆုတ်ရောင်ခြင်း
4. နားတွင် ရောဂါပိုးဝင်ခြင်း
5. အစာအိမ်နှင့်အူလမ်းကြောင်း (သို့) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
6. ကာကွယ်ဆေးထိုးပြီးနောက် - ကာကွယ်ဆေးထိုးပြီးနောက် တစ်ရက်နှစ်ရက်လောက်ကြာတဲ့အထိ ကိုယ်ပူတတ်ပါတယ်။
7. အပူနှင့်ထိတွေ့မှုများခြင်း - ကလေးကို ရာသီဥတုနဲ့မကိုက်ညီတဲ့ အရမ်းပူတဲ့အဝတ်တွေဝတ်ဆင်ပေးရင်လည်း ကိုယ်ပူတတ်ပါတယ်။
>> အသက် ၃ လအောက်ကလေး ကိုယ်ပူရင် ဆေးရုံဆေးခန်းချက်ချင်းသွားပြဖို့လိုပါတယ်။
ကိုယ်ပူတာကို အရေးပေါ်လို့သတ်မှတ်ခဲပါတယ်။ ဒါပေမယ့် အသက် ၃ လအောက်ကလေးတွေမှာကိုယ်ပူပါက ကလေးကြီးတွေလို လက္ခဏာမပြတဲ့အပြင် ကလေးမအီမသာဖြစ်နေတာကို အလွယ်တကူမသိနိုင်တဲ့အတွက် ဒီကလေးငယ်တွေ ဖျားပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားပြပါ။ ကိုယ်ပူတာက ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆေးခန်းသွားဖို့ မနှောင့်နှေးပါနဲ့။ ဒါ့အပြင် ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးမတိုက်ပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























