ဘယ်လောက်ကြာကြာဆက်တိုက်ဆိုးသွမ်းနေပြီဆိုရင် ပြဿနာရှိလာနိုင်ပြီလဲ
ကလေးသူငယ်တိုင်းဟာ တစ်ခါတစ်ရံ ဆိုးသွမ်းတတ်ကြပါတယ်။ ကိုယ့်အောက်ကလေးအငယ် မွေးခြင်း၊ မိဘတွေ ကွာရှင်းပျက်စဲကြခြင်း၊ မိသားစုဆွေမျိုး ချစ်သူခင်သူ ဆုံးပါးခြင်း စတဲ့ စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါမျိုးမှာ အခိုက်အတန့် ပေါက်ကွဲလေလွင့်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလို ဆိုးသွမ်းတာ၊ ကြမ်းတမ်းတာ၊ ရိုင်းပျတာတွေဟာ ၆လထက်ပိုကြာလာမယ်ဆိုရင်တော့ စိုးရိမ်သင့်တဲ့ ပြဿနာဖြစ်လာပါပြီ။ ကလေးရဲ့ အပြုအမူတွေဟာ အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင် ရုန့်ရင်းလာတတ်ပါတယ်။
Nutroplex 1
>> သတိထားသင့်သော အပြုအမူများ
- ကိုယ့်ကိုယ်ကို၊ ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ အိမ်မွေးတိရစၦာန်တွေအပေါ် အန္တရာယ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ နာကျင်စေခြင်း။
- ဘေးပတ်ဝန်းကျင်ရှိ ဝတၳု ပစ္စည်းများကို ဖျက်စီးခြင်း။
- လိမ်ညာ ခိုးဝှက်ခြင်း။
- ကျောင်းပြေးခြင်း၊ ကျောင်းစည်းကမ်းကို မလိုက်နာ သွေဖယ်ခြင်း။
- အရွယ်မရောက်ပဲ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးများ သောက်စားခြင်း။
- အရွယ်မရောက်ပဲ လိင်မှုကိစ္စလိုက်စားခြင်း။
- ခိုက်ရန်ဖြစ်ပွားခြင်း။
- လူကြီးမိဘများကို ကလန်ကဆန်ပြုခြင်း၊ ရန်ဖြစ်စကားများခြင်း။
Nutroplex 2
ကလေးတွေမှာ ရွေးချယ်စရာလမ်းမရှိတဲ့အခါ ဒီအပြုအမူဆိုးတွေဟာ တစ်သက်တာ အကျင့်ဖြစ်သွားတတ်ပါတယ်။ ပညာမတတ်တာ၊ စိတ်ကျန်းမာရေးချို့ယွင်းတာကစလို့ နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးမှာ ဒီလိုအမူအကျင့်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျွမ်းကျင်သူများနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မိဘတွေအတွက် မိသားစုကုထုံးတွေ အတန်းတွေဟာ ကလေးကို ဘယ်လိုအလျော့အတင်း လုပ်သင့်သလဲဆိုတာ သင်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ပညာရှင်တွေနဲ့ ကလေးကို စကားပြောစေခြင်း၊ အပြုအမူကုသလေ့ကျင့်ခြင်းတို့ဖြင့် ကလေးသူငယ်များ လမ်းမှန်ရောက်စေရန် ကာကွယ်ကုသပေးနိုင်ပါတယ်။






























