/
news/ကလေးများနှင့်ကျန်းမာရေး/ဘေဘီလေးတို့-ကျန်းမာရွှင်လန်းစေဖို့

ဘေဘီလေးတို့ ကျန်းမာရွှင်လန်းစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

       မေမေ၊ ဖေဖေတွေအနေနဲ့ ကိုယ့်ကလေး နေမကောင်းဖြစ်ရင် စိတ်ညစ်ကြရမှာပဲနေ်ာ။ ကလေး နေမကောင်းမဖြစ်အောင် လုံးလုံးကြီး ကာကွယ်လို့တော့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့ တချို့ရောဂါတွေကျတော့ တတ်နိုင်သလောက် ကြိုတင်တားဆီးလို့ ရတယ်လေ။ ဒီတော့ သားသားမီးမီးလေးတို့ ကျန်းမာရွှင်လန်းတဲ့ ကလေးလေးတွေဖြစ်အောင် ...

၁။    ကလေးကို ကာကွယ်ဆေးထိုးပေးပါ။
       မွေးကင်းစလေးတွေမှာ သန္ဓေသားဘဝ နောက်ဆုံး ၃ လအတွင်း ချက်ကြိုးကနေတစ်ဆင့် မေမေ့ဆီက ရထားတဲ့ အင်တီဘော်ဒီ ခုခံစွမ်းအားတချို့ ရှိနေတာမို့ တော်ရုံရောဂါတွေကို ခံနိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတာက ဒီခုခံနိုင်စွမ်းဟာ ကြာကြာမခံတာပါပဲ။ မွေးပြီးရက်ပိုင်း၊ လပိုင်းမှာတင် တဖြည်းဖြည်း ခုခံနိုင်စွမ်း လျော့နည်းလာပါတော့တယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးတွေ မဖြစ်မနေထိုးဖို့ လိုလာတာပါ။
       တချို့က စိတ်ပူကြတယ်။ ကာကွယ်ဆေးထိုးပြီးရင် ဖျားတတ်လို့ မထိုးချင်ဘူးဆိုပြီး မထိုးဘဲ ထားတဲ့ ဖေဖေတွေ မေမေတွေရှိကြပါတယ်။ ဒါဟာ လုံးဝကို မှားယွင်းတဲ့ အယူအဆပါပဲနော်။ တချို့ ကာကွယ်ဆေးတွေက ထိုးပြီးရင် ခန္ဓာကိုယ်က ပုံမှန်တုံ့ပြန်တဲ့အနေနဲ့ ငွေ့ငွေ့ဖျားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဒီတော့ ကာကွယ်ဆေးထိုးပြီး ဖျားတယ်ဆိုရင် မွေးကင်းစကနေ တစ်နှစ်အထိ တိုက်ကျွေးနိုင်တဲ့
        “Biogesic for Kids” Drop လေး တိုက်လို့ရပါတယ်။

၂။    သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ပါ။
       အရင်ကတည်းကိုက သန့်သန့်ရှင်းရှင်း နေတတ်ရင်တောင် ကလေးမွေးပြီးရင် ဒီ့ထက် ၂ ဆ ပိုလက်ဆေးဖို့ လိုတယ်နော်။ မေမေ့လက်ရော၊ ကလေးလက်ရောပေါ့။
       အထူးသဖြင့် ကလေးကို နို့တိုက်၊ ထမင်းကျွေးတော့မယ် ဆိုရင်ပေါ့။ ရေအောက်မှာ လက်ခံလိုက်ရုံတင် မဟုတ်ဘဲ သေချာပွတ်တိုက် ဆေးကြောပေးရမယ်နော်။ အပြင်သွားရင်လည်း အရက်ပြန်ပါတဲ့ လက်ဆေးရည်တစ်မျိုးမျိုးကို အမြဲ အိတ်ထဲဆောင်ထားစေချင်ပါတယ်။
    အိမ်မှာရှိတဲ့ စားပွဲမျက်နှာပြင်၊ ကြမ်းပြင်တွေကိုလည်း သန့်ရှင်းနေအောင်ထားပါ။ ပြီးတော့ အရုပ်တွေရောပေါ့။ အရုပ်တွေကို အိမ်မှာ မှန်မှန်လျော်ဖွပ် ဆေးကြောပေးပါ။

၃။    မွေးကင်းစကလေးတွေကို ဖျားနာနေသူတွေနဲ့ ဝေးဝေးမှာထားပါ။
       ကလေးသေးသေးလေး ရှိနေပြီဆိုရင်၊ အထူးသဖြင့် လမစေ့ဘဲမွေးထားတာမျိုးဆိုရင် ဖျားနာနေသူတွေနဲ့ ဝေးဝေးသာ ရှောင်ပါ။ မွေးကင်းစလေးတွေဟာ ကိုယ်ခံအားစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ ရောဂါဘယ ကူးစက်လွယ်ပါတယ်။ အားနာစရာမလိုပါဘူးနော်။

Biogesic for kids IA 1

၄။    အမေ့နို့ချို တိုက်ကျွေးပေးပါ။
       မေမေက ကလေးကို နို့ကောင်းကောင်းတိုက်နိုင်ရင် အမေ့နို့ကနေတစ်ဆင့် သဘာဝခုခံနိုင်စွမ်းတွေ ရရှိလာမှာပါ။ အူရောင်ရောဂါပိုး၊ ဝမ်းကိုက်ပိုး၊ အအေးမိဖျားနာ၊ နှာစေးချောင်းဆိုးနဲ့ နားကိုက်ပိုးတွေကို ကောင်းကောင်း တိုက်ဖျက်လာနိုင်မှာပါ။
       အမေ့နို့တိုက်ပေးခြင်းဖြင့် ရုတ်တရက် ကလေးသေဆုံးခြင်းရောဂါစုနဲ့ ကလေးသွေးကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ အံ့မခန်းပဲနော်။ ဒါကြောင့် မွေးပြီး ၆ လအတွင်း အမေ့နို့ချည်း သီးသန့်တိုက်နိုင်ရင် အကောင်းဆုံးပါပဲ။ မဟုတ်ရင်တောင် တတ်နိုင်သလောက် အမေ့နို့တိုက်ပေးပါ။

၅။    မေမေကိုယ်တိုင်ကလည်း ကျန်းမာနေမှဖြစ်မယ်နော်။
       ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအသောက်ကို စားသောက်ပေးပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ လေကောင်းလေသန့် ရှူရှိုက်ပါ။ မေမေ ကျန်းမာလေလေ ကလေးလေးလည်း ကျန်းမာလေလေပါပဲ။

၆။    ကလေးအိပ်ချိန်ကို ဦးစားပေးပါ။
       လူကြီးတွေမှာလိုပဲ ကလေးတွေအတွက်လည်း အိပ်ချိန်က အရေးကြီးတယ်နော်။ ကလေးသွားပေါက်ချိန်၊ လေထိုးလေအောင့်ချိန်၊ ဒါမှမဟုတ် အကြောင်းမရှိ မအိပ်ဘဲ ဂျီတိုက်နေချိန်တွေကြောင့် အမြဲတမ်း အိပ်ရေးကောင်းကောင်းတော့ ဝနိုင်မှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း ညဘက်မှာ တတ်နိုင်သလောက် ကလေး ကောင်းကောင်းအိပ်အောင် ကြိုးစားပေးပါ။ အချိန်လေးနဲ့ လုပ်ပေးရင် ပိုကောင်းပါတယ်။ တရေးတမောအိပ်ချိန်၊ ညဘက်အိပ်ချိန်၊ မနက်ထချိန်တွေကို အချိန်ဇယားလေးနဲ့ပေါ့။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးလည်း ကောင်းကောင်း ပိုအိပ်ပျော်သလို ပိုလည်းကျန်းမာလာမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

    ေမေမ၊ ေဖေဖေတြအေနနဲ႔ ကိုယ့္ကေလး ေနမေကာင္းျဖစ္ရင္ စိတ္ညစ္ၾကရမွာပဲေန္ာ။ ကေလး ေနမေကာင္းမျဖစ္ေအာင္ လုံးလုံးႀကီး ကာကြယ္လို႔ေတာ့ မရနိုင္ဘူးေပါ့။ ဒါေပမဲ့ တခ်ိဳ႕ေရာဂါေတြက်ေတာ့ တတ္နိုင္သေလာက္ ႀကိဳတင္တားဆီးလို႔ ရတယ္ေလ။ ဒီေတာ့ သားသားမီးမီးေလးတို႔ က်န္းမာရႊင္လန္းတဲ့ ကေလးေလးေတြျဖစ္ေအာင္ ...

၁။    ကေလးကို ကာကြယ္ေဆးထိုးေပးပါ။
    ေမြးကင္းစေလးေတြမွာ သေႏၶသားဘဝ ေနာက္ဆုံး ၃ လအတြင္း ခ်က္ႀကိဳးကေနတစ္ဆင့္ ေမေမ့ဆီက ရထားတဲ့ အင္တီေဘာ္ဒီ ခုခံစြမ္းအားတခ်ိဳ႕ ရွိေနတာမို႔ ေတာ္႐ုံေရာဂါေတြကို ခံနိုင္ေလ့ရွိပါတယ္။ ဒါေပမဲ့ ကံမေကာင္း အေၾကာင္းမလွတာက ဒီခုခံနိုင္စြမ္းဟာ ၾကာၾကာမခံတာပါပဲ။ ေမြးၿပီးရက္ပိုင္း၊ လပိုင္းမွာတင္ တျဖည္းျဖည္း ခုခံနိုင္စြမ္း ေလ်ာ့နည္းလာပါေတာ့တယ္။ ဒါေၾကာင့္မို႔ ကာကြယ္ေဆးေတြ မျဖစ္မေနထိုးဖို႔ လိုလာတာပါ။
    တခ်ိဳ႕က စိတ္ပူၾကတယ္။ ကာကြယ္ေဆးထိုးၿပီးရင္ ဖ်ားတတ္လို႔ မထိုးခ်င္ဘူးဆိုၿပီး မထိုးဘဲ ထားတဲ့ ေဖေဖေတြ ေမေမေတြရွိၾကပါတယ္။ ဒါဟာ လုံးဝကို မွားယြင္းတဲ့ အယူအဆပါပဲေနာ္။ တခ်ိဳ႕ ကာကြယ္ေဆးေတြက ထိုးၿပီးရင္ ခႏၶာကိုယ္က ပုံမွန္တုံ႔ျပန္တဲ့အေနနဲ႔ ေငြ႕ေငြ႕ဖ်ားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါဟာ ပုံမွန္ပါပဲ။ ဒီေတာ့ ကာကြယ္ေဆးထိုးၿပီး ဖ်ားတယ္ဆိုရင္ ေမြးကင္းစကေန တစ္ႏွစ္အထိ တိုက္ေကၽြးနိုင္တဲ့
     “Biogesic for Kids” Drop ေလး တိုက္လို႔ရပါတယ္။

၂။    သန႔္ရွင္းၿပီး က်န္းမာေရးနဲ႔ ညီညြတ္စြာ ေနထိုင္စားေသာက္ပါ။
    အရင္ကတည္းကိုက သန႔္သန႔္ရွင္းရွင္း ေနတတ္ရင္ေတာင္ ကေလးေမြးၿပီးရင္ ဒီ့ထက္ ၂ ဆ ပိုလက္ေဆးဖို႔ လိုတယ္ေနာ္။ ေမေမ့လက္ေရာ၊ ကေလးလက္ေရာေပါ့။
    အထူးသျဖင့္ ကေလးကို နို႔တိုက္၊ ထမင္းေကၽြးေတာ့မယ္ ဆိုရင္ေပါ့။ ေရေအာက္မွာ လက္ခံလိုက္႐ုံတင္ မဟုတ္ဘဲ ေသခ်ာပြတ္တိုက္ ေဆးေၾကာေပးရမယ္ေနာ္။ အျပင္သြားရင္လည္း အရက္ျပန္ပါတဲ့ လက္ေဆးရည္တစ္မ်ိဳးမ်ိဳးကို အျမဲ အိတ္ထဲေဆာင္ထားေစခ်င္ပါတယ္။
    အိမ္မွာရွိတဲ့ စားပြဲမ်က္ႏွာျပင္၊ ၾကမ္းျပင္ေတြကိုလည္း သန႔္ရွင္းေနေအာင္ထားပါ။ ၿပီးေတာ့ အ႐ုပ္ေတြေရာေပါ့။ အ႐ုပ္ေတြကို အိမ္မွာ မွန္မွန္ေလ်ာ္ဖြပ္ ေဆးေၾကာေပးပါ။

၃။    ေမြးကင္းစကေလးေတြကို ဖ်ားနာေနသူေတြနဲ႔ ေဝးေဝးမွာထားပါ။
    ကေလးေသးေသးေလး ရွိေနၿပီဆိုရင္၊ အထူးသျဖင့္ လမေစ့ဘဲေမြးထားတာမ်ိဳးဆိုရင္ ဖ်ားနာေနသူေတြနဲ႔ ေဝးေဝးသာ ေရွာင္ပါ။ ေမြးကင္းစေလးေတြဟာ ကိုယ္ခံအားစနစ္ ေကာင္းေကာင္းမဖြံ့ၿဖိဳးေသးလို႔ ေရာဂါဘယ ကူးစက္လြယ္ပါတယ္။ အားနာစရာမလိုပါဘူးေနာ္။

၄။    အေမ့နို႔ခ်ိဳ တိုက္ေကၽြးေပးပါ။
    ေမေမက ကေလးကို နို႔ေကာင္းေကာင္းတိုက္နိုင္ရင္ အေမ့နို႔ကေနတစ္ဆင့္ သဘာဝခုခံနိုင္စြမ္းေတြ ရရွိလာမွာပါ။ အူေရာင္ေရာဂါပိုး၊ ဝမ္းကိုက္ပိုး၊ အေအးမိဖ်ားနာ၊ ႏွာေစးေခ်ာင္းဆိုးနဲ႔ နားကိုက္ပိုးေတြကို ေကာင္းေကာင္း တိုက္ဖ်က္လာနိုင္မွာပါ။
    အေမ့နို႔တိုက္ေပးျခင္းျဖင့္ ႐ုတ္တရက္ ကေလးေသဆုံးျခင္းေရာဂါစုနဲ႔ ကေလးေသြးကင္ဆာေရာဂါေတြကိုပါ ကာကြယ္ေပးနိုင္တယ္ဆိုေတာ့ အံ့မခန္းပဲေနာ္။ ဒါေၾကာင့္ ေမြးၿပီး ၆ လအတြင္း အေမ့နို႔ခ်ည္း သီးသန႔္တိုက္နိုင္ရင္ အေကာင္းဆုံးပါပဲ။ မဟုတ္ရင္ေတာင္ တတ္နိုင္သေလာက္ အေမ့နို႔တိုက္ေပးပါ။

၅။    ေမေမကိုယ္တိုင္ကလည္း က်န္းမာေနမွျဖစ္မယ္ေနာ္။
    က်န္းမာေရးနဲ႔ညီညြတ္မၽွတတဲ့ အစားအေသာက္ကို စားေသာက္ေပးပါ။ ေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္ပါ။ ေလေကာင္းေလသန႔္ ရွူရွိုက္ပါ။ ေမေမ က်န္းမာေလေလ ကေလးေလးလည္း က်န္းမာေလေလပါပဲ။

၆။    ကေလးအိပ္ခ်ိန္ကို ဦးစားေပးပါ။
    လူႀကီးေတြမွာလိုပဲ ကေလးေတြအတြက္လည္း အိပ္ခ်ိန္က အေရးႀကီးတယ္ေနာ္။ ကေလးသြားေပါက္ခ်ိန္၊ ေလထိုးေလေအာင့္ခ်ိန္၊ ဒါမွမဟုတ္ အေၾကာင္းမရွိ မအိပ္ဘဲ ဂ်ီတိုက္ေနခ်ိန္ေတြေၾကာင့္ အျမဲတမ္း အိပ္ေရးေကာင္းေကာင္းေတာ့ ဝနိုင္မွာ မဟုတ္ဘူးေပါ့။ ဒါေပမဲ့လည္း ညဘက္မွာ တတ္နိုင္သေလာက္ ကေလး ေကာင္းေကာင္းအိပ္ေအာင္ ႀကိဳးစားေပးပါ။ အခ်ိန္ေလးနဲ႔ လုပ္ေပးရင္ ပိုေကာင္းပါတယ္။ တေရးတေမာအိပ္ခ်ိန္၊ ညဘက္အိပ္ခ်ိန္၊ မနက္ထခ်ိန္ေတြကို အခ်ိန္ဇယားေလးနဲ႔ေပါ့။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ကေလးလည္း ေကာင္းေကာင္း ပိုအိပ္ေပ်ာ္သလို ပိုလည္းက်န္းမာလာမွာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)