မကြာခဏနှာစေးချောင်းဆိုးတတ်သော သားသားမီးမီးတွေအတွက် အကြံကောင်း ၆ခု
အိမ်က ချစ်ရတဲ့သားလေး သမီးလေးတွေ ဘာရယ်မဟုတ်နှာစေးချောင်းဆိုး ချွဲထတဲ့အခါ မေမေတွေ ဘွားဘွားတွေ စိတ်ညစ်ရပြီနော်။ ခဏခဏချွဲကြပ်နေသူလေးတွေ ယားဖုလေးတွေ တဗျင်းဗျင်းကုတ်နေသူလေးတွေ အတွက် အကြံကောင်းလေးတွေပေးမယ်နော်….
• ကလေးအိပ်ရာလေးတွေကို အချိန်မှန် ခါခတ်ခင်းပါ။ မနက်ဆိုရင် အိပ်ရာလေးတွေ စောင်လေးတွေကို ခါပြီး တန်းနဲ့လွှားထားပေးပါ။
• ကလေးတွေအိပ်တဲ့အခန်းထဲမှာ မွေးပွကော်ဇောတွေ အခင်းတွေ မလိုအပ်ရင်မခင်းပါနဲ့။ ဖုံတွေအမှုန်တွေ အောင်းနေနိုင်ပါတယ်။ လင်းလင်းချင်းချင်း ရှင်းလင်းထားပါ။ ဖျာတွေကို အပြင်ထုတ်ခါပါ။
• ကလေးတွေဆော့ပြီးတဲ့အခါတိုင်း အမြဲရေချိုးပေးပါ။ အကျႌလဲပါ။ ချွေးစိုတွေနဲ့ ဖုန်တွေနဲ့ရောသွားတဲ့အခါ အသားတွေစေးလာသလို အဖုငယ်လေးတွေ အပိန့်တွေထွက်လာတတ်ပါတယ်။
Ceelin 1
• ပန်းနာရင်ကြပ်ရှိတဲ့ ကလေးတွေရှိတဲ့အိမ်ဟာ ဘုရားပန်းကအစ သတိထားရပါမယ်။ အိမ်မှာ ပန်းထက် သပြေလိုမျိုး ရွက်လှလိုမျိုး အရွက်စိမ်းတွေကို ပန်းအိုးထိုးပါ ဘုရားပန်းကပ်ပါ။လေထဲမှာ ပျံ့လွင့်နေတဲ့ ပန်းဝတ်မှုန်တွေဟာ ကလေးရဲ့လေပြွန်ကိုဆွပြီး ရင်ကြပ်ထစေတဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။
• အိမ်ထဲမှာ ခွေးတွေကြောင်တွေမမွေးစေလိုပါ။ ခွေးမွှေးတွေကြောင်မွှေးတွေဟာ ကလေးတွေကို မကြာခဏရင်ကြပ်စေပါတယ်။ မွေးချင်တယ်ဆိုရင်တောင် ရေချိုးပေးပါ။ သန့်အောင်ထားပါ။ခွေးတွေကြောင်တွေကို ကလေးတွေအခန်းထဲမသွင်းပါနဲ့။
• မွှေးအောင်ဖြန်းတဲ့ရေမွှေးတွေ ပေါင်ဒါနံ့တွေ အခန်းတွင်းဖြန်းဆေးတွေဟာလည်း သားသားမီးမီးတွေကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး ချောင်းဆိုးရင်ကြပ်စေပါတယ်။ သူတို့နဲ့ ေ၀းေ၀းထားပါ။
ကလေးငယ်လေးတွေ ချောင်းဆိုးချွဲကပ်တဲ့အခါ ဓာတ်မတည့်တာတွေကြောင့် အများကြီး ဖြစ်နေနိုင်ပါတယ်။ သူတို့ရဲ့ လေပြွန်လေးတွေက ပြင်ပအရာဝတၳုတွေ ဖုန်တွေအမှုန်တွေ ပန်းဝတ်မှုန်တွေ အနံ့အသက်တွေကို အလွန်အကျွံတုံ့ပြန်ရာကနေ ရင်ကြပ်ကုန်ကြပါတယ်။ ရင်ကြပ်သလိပ်ကပ် ခဏခဏဖြစ်နေတာလေးတွေ ကာကွယ်ဖို့ အပေါ်ကအချက်လေးတွေလိုက်နာကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)






























