/
news/ကလေးများနှင့်ကျန်းမာရေး/မကြာခဏ-လေပွဗိုက်နာတတ်တဲ့ရင်သွေးလေးကို-ဘယ်လိုပြုစုမလဲ

မကြာခဏ လေပွဗိုက်နာတတ်တဲ့ရင်သွေးလေးကို ဘယ်လိုပြုစုမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

       အကျိုးအကြောင်းမဲ့ ငိုတတ်တဲ့ဘေဘီလေးတွေ၊ နေ့လည်းမတိတ်ညလည်းမတိတ်တဲ့ ဘေဘီလေးတွေကြောင့် စိတ်အလွန်ညစ်ရတဲ့ မေမေဖေဖေတို့နဲ့အတူ သူတို့လေးတွေကို ခဏခဏငိုစေတဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ လေပွတယ်ဆိုတာကိုစဉ်းစားကြည့်ရအောင်။

 

       ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ လေပွတယ်လို့အလွယ်ခေါ်ကြတဲ့ Colic ဟာ ကလေးမွေးစကနေ အသက်ငါးလထိ ရှိနေတတ်ပါသတဲ့။ ငါးလကျော်တာနဲ့ သူ့အလိုအလျောက်ပျောက်သွားတတ်သလို တချို့ဘေဘီတွေမှာတော့ ကိုးလကြာတဲ့ထိဆက်ရှိနေတတ်ပါသတဲ့။

Ceelin Plus 1

>> လပွတာဘာလို့များလဲ ???

 

       မကြာခဏငိုနေတတိတဲ့ကလေးတွေကိုအငိုသန်ရန်ကောလို့ အပြစ်တင်လို့မရပါဘူး။ လေပွတတ်တဲ့ကလေးဖြစ်နေခဲ့ရင်အကြောင်းမရှိဘဲလည်း တဗြဲဗြဲနဲ့ဂျီကျနေတတ်ဦးမှာပါ။

 

       မိဘတွေက လေဆေးလေးတွေ ဆောင်တတ်ကြပါတယ်။ ဒီလေဆေးမှာပါတဲ့ Semithicone ဟာ အူလမ်းကြောင်းထဲက လေအကြွင်းအကျန်တွေကို သက်သာလျော့ပါးစေပါတယ်။ ဆရာဝန်၊ ဆရာမတွေက လေဆေးမကြာခဏညွှန်တတ်ကြသလို လေဆေးတိုက်နေပါလျက် ဖြစ်နေကျ ကလေးက ဆက်ဖြစ်နေဦးမှာပါပဲ။

Ceelin Plus 2

>> ဘယ်လိုတတ်နိုင်သလောက် ကာကွယ်ပေးကြမလဲ ???

 

• ကလေးကို တခုခုကျွေးပြီးတိုင်း၊ နို့တိုက်ပြီးတိုင်း အိပ်ရာထဲလှဲမချလိုက်ပါနဲ့။ သူ့ကိုခဏတော့ မတ်မတ်လေးထားလိုက်တာဟာ လေပွတာကို ကာကွယ်ပေးပါတယ်။

 

• ကိုယ့်ပခုံးလေးပေါ်၊ ရင်ဘတ်ပေါ် အသာမှောက်တင်ထားပြီး ကျောလေးပုတ်ပေးရုံနဲ့ “ဂေ့”ဆိုပြီး လေထွက်သွားတတ်ပါတယ်။ 

 

• မုန်ညင်းဆီလေးနဲ့ ဘယ်မှညာကို ညင်ညင်သာသာလေးပွတ်ပြီး အဝိုင်းလိုက်လေးလိမ်းပေးပါ။ မုန်ညင်းဆီက ချောမွေ့အောင် ထည့်တာပါ။ အဓိကက အူလမ်းကြောင်းအတိုင်း အသာပွတ်လိမ်းပေးတာဖြစ်ပါတယ်။ ဗိုက်လေးပေါ်မှာ စောင်ပါးလေးခေါက်ပြီး တင်ထားလို့ရပါတယ်။

 

• ကလေးကို ခြေဖျားမအေးပါစေနဲ့။ နွေးထွေးစွာထားပါ။ အအေးမိတာနဲ့လေပွတာက ဆက်စပ်နေပါတယ်။ ကလေးက အပူအအေးမမျှတဲ့အခါ စားသမျှအစာမကြေတော့လို့ လေပွလာတတ်တာဖြစ်ပါတယ်။ 

 

• ဂတ်စ်ပါတဲ့ အချိုရည်တွေ လုံးဝမတိုက်သင့်ပါဘူး။ ဂတ်စ်ပါတဲ့ ရယ်ဒီမိတ်အချိုရည်တွေဟာ ကလေးလေပွဖို့ တရားခံအကြီးကြီးဖြစ်သွားတတ်လို့ပါ။

 

• အစာကို နည်းနည်းစီကျေညက်အောင် စိတ်ရှည်ရှည်ကျွေးပါ။ ဖြည်းဖြည်းကျွေးပါ။  စားသမျှကို အေးအေးဆေးဆေးစားတာဟာ လူကြီးတွေတင်မက ကလေးတွေမှာပါ လေပွတာ၊ အစာမကြေတာကို ကာကွယ်ပေးတတ်ပါတယ်။ 

 

• အစာကျွေးပြီး ရေတွေတွန်းမတိုက်ပါနဲ့။ ပျော့တဲ့အစာထဲမှာ ရေဓာတ်ပါပြီးသားမို့ တစ်ဇွန်းချင်း နည်းနည်းစီတိုက်ပါ။ အစာကျွေးပုံကို သတိထားလိုက်ရင်လည်း တော်ရုံလေမပွတော့ပါဘူး။

 

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)