/
news/ကလေးများနှင့်ကျန်းမာရေး/မတ်တတ်ပြေးအရွယ်-ကလေးငယ်တွေ-ကျန်းမာစေဖို့

မတ်တတ်ပြေးအရွယ် ကလေးငယ်တွေ ကျန်းမာစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတိုင်းရဲ့ တူညီသောဆန္ဒကတော့ သားသားမီးမီးလေးတွေကို ၀၀ဖြိုးဖြိုးလေးတွေ ဖြစ်စေချင်ကြတာပါပဲ။ ပါးဖောင်းဖောင်း ၀၀ကစ်ကစ်ကလေးတွေကိုဆိုရင် မြင်သူတိုင်းချစ်ကြတယ် မဟုတ်လား။
မတ်တတ်ပြေးအရွယ် အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်းမှာ ကလေးအများစုဟာ ပိန်သွယ်သွားတတ်ကြတာ ပုံမှန်ပဲဖြစ်ပါတယ်။ မူလတန်း စတက်တဲ့အချိန်ကတော့ ကလေးတစ်ယောက်ရဲ့ အပိန်ဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။
ကလေးတွေအနေနှင့် ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် အဆမတန် ပိုများနေပါက သွေးတိုးခြင်း၊ ကိုလက်စထရောမြင့်မားခြင်း၊ အသည်းအဆီဖုံးခြင်း၊ ပန်းနာရင်ကြပ်ပိုဆိုးစေခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရပါလိမ့်မယ်။

EC Kidz IA 1

>>  ဒီဆောင်းပါးလေးမှာတော့ ကလေးတွေကို ကျန်းမာမျှတသော ကိုယ်အလေးချိန် ပိုင်ဆိုင်စေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။
(၁)  ဆော့ကစားပါ
ပြေးလွှားဆော့ကစားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါ။ ကလေးများနှင့်အတူ တူတူပုန်းတမ်းကစားခြင်း၊ ဘောလုံးကန်ခြင်း၊ ပန်းခြံထဲ လမ်းလျှောက်ခြင်း စသည်တို့ ကစားပေးနိုင်ပါတယ်။ တစ်ပတ်ကိုတစ်ကြိမ် မိသားစုလိုက် ပျော်ရွင်ဖွယ်ရာ လှုပ်ရှားမှုတွေကို ပြုလုပ်ပေးခြင်းဖြင့် ကလေးတွေကို တက်ကြွတဲ့လူနေမှုပုံစံကို ခံစားစေနိုင်ပါတယ်။

(၂)  ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်တဲ့အကျင့်ရဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးပါ
အာလူးချောင်းကြော်နှင့် ကြက်ကြော်တွေကို ကလေးငယ်များ နှစ်သက်ကြပေမယ့် ကျန်းမာရေးကိုတော့ ဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာ မေမေတို့ သိကြပါတယ်။ ဒါကြောင့် ဒီလိုအသင့်စားအစာတွေ ကြိုက်တတ်တဲ့ သားသားမီးမီးလေးတွေကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတွေကို ပြောင်းလဲစားသောက်အောင် ကြိုးစားကြည့်ပါ။
အချိုနှင့်ဆီကြော်စာတွေ လုံးဝမပါဝင်ဘဲ သစ်သီး၊ အသီးအရွက်၊ ဂျုံ၊ အစေ့အဆံတွေ ပါဝင်သော သရေစာတွေကို မေမေတို့က အရင်ဆုံးစားပြပါ။ ထို့နောက် ကလေးတွေအတွက်ပါ ထိုနည်းအတိုင်း ပြင်ဆင်ကျွေးမွေးပါ။ အားဖြည့်အချိုရည်နှင့် အချိုရည်ပုလင်းတွေကြိုက်သော ကလေးတွေကိုတော့ ရေနှင့် သစ်သီးဖျော်ရည်တွေ အစားထိုး တိုက်ကျွေးနိုင်ပါတယ်။ အဓိကရည်ရွယ်ချက်အနေနှင့် အသင့်စားအစာများ၊ ဆီကြော်စာများ၊ အငန်များနှင့် အချိုများသော အစားအစာတွေကို ရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။

EC Kidz IA 2

(၃) စကားပြောပါ
ယနေ့ခေတ် ကလေးငယ်တွေဟာ ကျောင်းချိန်ပြီးတာနဲ့ အိပ်ရာပေါ်လှဲပြီး ဂိမ်းကစားခြင်း၊ ဖုန်းသုံးခြင်းတို့ဖြင့် အချိန်ကုန်တတ်ကြပါတယ်။ ကြာလာတာနှင့်အမျှ အဝလွန်ခြင်း၊ ထိုင်းမှိုင်းခြင်းတို့အပြင် screen time က ပေးသော ဆိုးကျိုးတွေကိုပါ ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီအချိန်တွေကို မိသားစုစကားပြောချိန်၊ ကစားချိန်တို့နဲ့ အစားထိုးလိုက်မယ်ဆိုရင် ကလေးတွေနှင့်မိဘကြား ပိုမိုရင်းနှီးစေမယ့်အပြင် ကလေးတွေကိုလည်း ပိုမိုကျန်းမာသောဘဝကို ပိုင်ဆိုင်စေပါလိမ့်မယ်။

ကဲ ... မေမေတို့ရေ အထက်ပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကျန်းမာတဲ့ကိုယ်အလေးချိန်နှင့်အတူ ပျော်ရွှင်တက်ကြွတဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်နိုင်ပြီနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)