မိခင်နဲ့စောစောထိတွေ့ပေးခြင်းဖြင့် မွေးကင်းစကလေးတွေ ပိုမိုကျန်းမာလာစေသတဲ့
မွေးပြီး နှစ်ရက်အတွင်း မှာ မွေးကင်းစကလေးတွေဟာ အကြောင်းအမျိုးမျိူးကြောင့်သေဆုံးရလေ့ရှိပါတယ်။ ဒီလိုမဖြစ်ရအောင်ဆေး ပညာရှင်တွေက ကာကွယ်ကုသနည်းတွေရှာခဲ့ကြပြီး မှန်ကန်ကောင်းမွန်တဲ့ မွေးကင်းစကလေးပြုစုပေးတာက အဓိကကျတာကို တွေ့ရှိခဲ့ကြပါတယ်။
မိခင်နဲ့ကနဦးတွေ့ဆုံပေးခြင်းက သိပ်အရေးပါသတဲ့.
• မိခင်ဝမ်းကကျွတ်တာနဲ့ ချက်ချင်း ခြောက်သွေ့အောင်သုတ်နွေးထွေးစေပါတယ်
• ပြီးနောက်မိခင်ရဲ့ဘေးနားမှာ ကပ်စေပြီး အသားချင်းထိတွေ့စေပါတယ်။ မိခင်နဲ့အသားချင်းထိတွေ့ပေးခြင်းဖြင့် နွေးထွေးတဲ့အာရုံကိုအာရှိစေပြီး ပိုမိုကျန်းမာလာစေဖို့ဖြစ်ပါတယ်။
• ချက်ကြိုးကို အချိန်ကိုက်ဖြတ်ခြင်းဖြင့် သွေးယိုတာတွေသွေးအားနည်းတာတွေက်ုကာကွယ်ပေးပါတယ်။
• မိခင်နို့ကိုစောနိုင်သမျှစောစောတိုက်ကျွေးခြင်းဖြင့် လိုအပ်တဲ့အာဟာရနဲ့ရောဂါကာကွယ်တဲ့ဓာတ်တွေ ရရှိတာကြောင့် ကလေးတွေကို ပိုမိုသန်စွမ်းပြီး ခံနိုင်ရည်ရှိလာစေပါတယ်။
Ceelin Plus 1

အရေပြားချင်းထိတွေ့ပေးတာဟာ မိခင်ရင်ငွေ့လှုံစေတာဟာအရေးအပါဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလို့လက်ခံလာကြပါတယ်။
ပထမခြောက်လအတွင်းမှာ မိခင်နို့တမျိုးတည်းသာတိုက်ကျွေးခြင်းဖြင့် ပြင်းထန်အဆုတ်ရောဂါနှင့် ရောဂါပိုးမွှားဒဏ်များကိုကာကွယ်နိုင်လာပြီး ကလေးတွေကျန်းမာလာမှာဖြစ်ပါတယ်။
ဒါကြောင့် မွေးပြီး တနာရီအတွင်း မိခင်နဲ့ မွေးကင်းစဘေဘီလေးကို အတူရှိစေပြီး နို့ချိုတိုက်ကျွေးစေခြင်းဖြင့် ကျန်းမာသာယာသော မွေးကင်းစကလေးဘဝများကို ဖန်တီးပေးကြရအောင်နော်
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin Plus 2

(Unicode)






























