/
news/ကလေးများနှင့်ကျန်းမာရေး/မိဘများရှောင်ရှားသင့်သော-ဆေးဝါးဆိုင်ရာအမှားအချို့-0

မိဘများရှောင်ရှားသင့်သော ဆေးဝါးဆိုင်ရာအမှားအချို့

Category
ကလေးများနှင့်ကျန်းမာရေး

        သုတေသနပြုလုပ်ချက်တစ်ခုအရ မိဘများသည် သူတို့၏ကလေးငယ်လေးများအား ဆေးပမာဏမှားယွင်းတိုက်ကျေွးမှု အကြိမ်ရေမှာ 47% ခန့် ရှိသည်ဟုသိရပါသည်။

1. အဓိကအကြောင်းအရင်း - ဆေးပမာဏကို မည်ကဲ့သို့တိုင်းတာရမည်ကို မသိဘဲတိုက်ကျေွးမိခြင်း

2. ဆေးဝါးအွှန်းများကိုသေချာစွာဖတ်ပါ - ဤဆေးသည် ကလေးငယ်အတွက် အန္တရာယ်ကင်းကြောင်းသေချာပါစေ။

3. မီးဖိုချောင်သုံး ဇွန်းများဖြင့် ဆေးဝါးများကိုတိုင်းတားခြင်းကိုရှောင်ကြဉ်ပါ - လက်ဖက်ရည်ဇွန်းနှင့် စားပွဲတင်ဇွန်းပမာဏမှာ လွန်စွာကွာခြားသည်။ ထို့ကြောင့် မတော်တဆကလေးအား ပမာဏများ၍ဖြစ်စေ၊ နည်း၍ဖြစ်စေ တိုက်ကျေွးမိနိုင်ပါသည်။ ဆေးဆိုင်မှ၀ယ်ယူသော ဆေးဖြစ်စေ၊ ဆရာ၀န်ညွှန်ကြားသောကြောင့်ဖြစ်စေ၊ မည်သည့်အခါမျှ ပမာဏကိုမမှန်းပါနှင့်။

4. ဆေးပမာဏ - တစ်ကြိမ်တွင်တိုက်သင့်သော ဆေးပမာဏကိုရည်ညွှန်းသည်။ ဆေးပမာဏတိုင်းကိရိယာ၏ အကူအညီဖြင့် ဆေးပမာဏကိုတိုင်းတာပါ။ ဆေးဆိုင်မှ အလွယ်တကူဝယ်၍ရနိုင်သော ဆေးဝါးတော်တော်များများတွင် ဆေးပမာဏတိုင်းကိရိယာ (သို့) ချင်ခွက်ပါလေ့ရှိသည်။ ကလေးကိုဆေးတိုက်ရာတွင် အသုံးပြုသောဆေးထိုးပြွန်များကိုလည်း ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။

5. ဆေးတိုက်ချိန်တစ်ကြိမ်နှင့် တစ်ကြိမ်မည်မျှခြားသင့်သနည်း -

        မသေချာပါက ဆေးဝါးကျွမ်းကျင် (သို့) ဆရာဝန်ကိုမေးမြန်းပါ။ ဆေးတိုက်ကျေွးရမည့်ပမာဏမှာ ကိုယ်အလေးချိန်ပေါ်တွင်သာမူတည်၍ အသက်အရွယ်ပေါ်တွင်အခြေမခံပါ။

          ကလေးငယ်များအားလုံးသည် အရွယ်အစားတစ်ခုတည်းမဟုတ်ကြပါ။ 3 နှစ်အရွယ်ကလေးတစ်ဦးသည် 26 ပေါင် အလေးချိန်ဖြစ်နိုင်သကဲ့သို့ 38 ပေါင်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးတိုက်ကျေွးရမည့် ဆေးပမာဏမတူညီကြပေ။ အလွန်ငယ်သောကလေးများအတွက် တိုက်ကျေွးရမည့်ဆေးပမာဏကို ဘူးခွံပေါ်တွင်ဖော်ပြလေ့မရှိသောကြောင့် မသေချာပါက ဆေးဝါးကျွမ်းကျင် (သို့) ဆရာဝန်ထံ သေချာမေးပါ။

6. တိုက်ကျေွးရမည့်ဆေးပုလင်း မှန်ကန်ပါသလား -

        ဆေးပုလင်းပုံစံအများစုမှာ တူညီလေ့ရှိခြင်းကြောင့် မှားယွင်းစွာတိုက်ကျေွးမှုကိုရှောင်ရှားရန် ၎င်းတို့ကိုရောနှောမထားသင့်ပါ။

7. လုံခြုံစိတ်ချရသောနေရာတွင် သေချာသိမ်းဆည်းပါ -

        အချို့ဆေးဝါးများသည် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန်လိုအပ်ပါသည်။ အညွှန်းကိုသေချာဖတ်၍ ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ထို့ပြင် မတော်တဆသောက်သုံးမိခြင်းမှရှောင်ကြဉ်ရန် ဆေးဝါးများကို ကလေးများလက်လှမ်းမမီသောနေရာတွင်သာထားပါ။

8. ဆေးပတ်လည်အောင် တိုက်ကျေွးပါ -

        ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်သည်အထိတိုက်ကျေွးပါ။ နေကောင်းသွားသည်နှင့် မရပ်လိုက်ပါနှင့်။

9. မေးခွန်းများမေးရန် ၀န်မလေးပါနှင့် -

          ဆရာ၀န်နှင့်ပြသသည့်အခါတိုင်း မိမိသိလိုသည်များကို သေချာစွာမေးပါ။ မေးမြန်းရမည်ကို ၀န်မလေးပါနှင့်။ မကြောက်ပါနှင့်။ မိမိသေချာနားလည်မှသာ မိမိကလေးအတွက် စိတ်အေးနိုင်မှာ ဖြစ်ပါသည်။

 

Dr. Thinzar Wynn

www.drmyanmar.com