မိဘများ သတိမပြုမိလိုက်သည့် ကလေးငယ်များ ခံစားနေရတတ်သော စိတ်ဒဏ်ရာများ
ကလေးငယ်များဟာ သူတို့ခံစားရတဲ့အတိုင်း အတက်အကျ ခံစားမှုများနဲ့ တုံ့ပြန်တတ်ကြတာ ပုံမှန်ဆိုပေမယ့် လွန်ကဲနေတဲ့ တုံ့ပြန်မှုတွေဟာ ရက်သတ္တပတ်အနည်းငယ်ထက် ပိုလာပြီဆိုရင်တော့ ဒါဟာ စိတ်ဒဏ်ရာရနေပြီဆိုတာကို ပြတာပါပဲ။
ဥပမာ -
● အမြဲတမ်း ရန်လိုနေခြင်း၊ ဒေါသကြီးခြင်း၊ ဝုန်းဒိုင်းကြဲခြင်း
● မပျော်ရွှင်ခြင်း၊ အားငယ်ခြင်း၊ အလွန်အမင်း ငိုကြွေးခြင်း
● အစိုးရိမ်လွန်ခြင်း၊ အကြောက်လွန်ခြင်း၊ ဂဏှာမငြိမ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း
● ပတ်ဝန်းကျင်နှင့် ခပ်ခွာခွာနေခြင်း၊ မိဘကို မတွေ့တဲ့အခါ လိုတာထက်ပိုပြီး ဝမ်းနည်းခြင်း (သို့မဟုတ်) ဒေါသူပုန်ထခြင်း
● အရွယ်ကြီးလာလျှင် ပျောက်သွားသင့်သောအကျင့်များ ဆက်ရှိနေခြင်း (ဥပမာ - လက်မစုပ်ခြင်း၊ အိပ်ရာထဲ ရှူးရှူးပေါက်ချခြင်း) မျိုးတွေ ဖြစ်ပါတယ်။
အရွယ်ကြီးလာတဲ့ကလေးတွေမှာဆိုရင် အိပ်တာ၊ စားတာ ပုံမမှန်တာမျိုး၊ ကိုယ်လက်မအီမသာဖြစ်တာမျိုး၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း လက္ခဏာများနဲ့လည်း ပြတတ်ပါတယ်။
ကျောင်းမှာဆိုရင်လည်း ဘယ်သူနဲ့မှ မတည့်တာမျိုး၊ အပေါင်းအသင်း မထားချင်တာမျိုးတွေ ရှိလာတတ်ပါတယ်။
Nutroplex 1
အဲ့လိုအခြေအနေနဲ့ ကြုံလာရပြီဆိုရင်တော့ မိဘတစ်ယောက်အနေနဲ့ လုပ်ပေးဖို့ အသင့်ဆုံးကတော့ ကလေးကို အချိန်ပေးဖို့ပါပဲ။ အချိန်ပေးပြီးတော့ သူ ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲဆိုတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီးတော့ ကလေးကို အားပေးဖို့ လိုအပ်ပါတယ်။
သူ ပြောသမျှကို အတင်းကြီး ဆုံးဖြတ်ချက် ချပေးတာမျိုး၊ သင့်ဘက်က တုံ့ပြန်မှုအလွန်အကြူး ဖြစ်တာမျိုးမလုပ်ဘဲ ဒီလိုခံစားရတာတွေဟာ ပုံမှန်ပဲဖြစ်ကြောင်း၊ တကယ်လို့ ကြောက်စိတ်ဝင်လာတာမျိုး၊ အားငယ်လာတာမျိုး ဖြစ်ခဲ့ရင်လည်း သူ ယုံကြည်အားကိုးတဲ့ မိဘ (သို့မဟုတ်) အုပ်ထိန်းသူ လူကြီးတစ်ယောက်ယောက်ကို ပြောပြတာဟာ စိတ်သက်သာရာရစေမယ့် မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောပြရပါမယ်။
အကယ်၍ ကလေးဟာ အနိုင်ကျင့်ခံနေရလို့ စိတ်ဒဏ်ရာ ခံစားနေရတာဆိုရင် အကြောင်းရင်းကို သင်ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။ ဥပမာ - ကလေးဟာ ကျောင်းမှာ အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဆရာမတွေနဲ့ သွားဆွေးနွေးပြီး နောက်ဒီလိုမဖြစ်အောင် ကာကွယ်ပေးဖို့ တောင်းဆိုတာမျိုး လုပ်ပေးရပါမယ်။
ဒီလိုနည်းလမ်းတွေနဲ့မှ ကလေးဟာ ထူးခြားမှုရှိမလာဘူး ဆိုရင်တော့ သင့်မိသားစုဆရာဝန်ပဲဖြစ်ဖြစ်၊ စိတ်ရောဂါကုဆရာဝန်နဲ့ပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးပြီး အမြန်ဆုံး ကုသသင့်ပါတယ်။ ဒါကြောင့် သင့်ကလေးလေး စိတ်ရောကိုယ်ပါ အမြဲကျန်းမာနေအောင် ဒီအချက်လေးတွေကို သတိထားပြီး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)
Nutroplex 2
(Zawgyi)
ကေလးငယ္မ်ားဟာ သူတို႔ခံစားရတဲ့အတိုင္း အတက္အက် ခံစားမႈမ်ားနဲ႔ တုံ႔ျပန္တတ္ၾကတာ ပုံမွန္ဆိုေပမယ့္ လြန္ကဲေနတဲ့ တုံ႔ျပန္မႈေတြဟာ ရက္သတၱပတ္အနည္းငယ္ထက္ ပိုလာၿပီဆိုရင္ေတာ့ ဒါဟာ စိတ္ဒဏ္ရာရေနၿပီဆိုတာကို ျပတာပါပဲ။
ဥပမာ -
● အၿမဲတမ္း ရန္လိုေနျခင္း၊ ေဒါသႀကီးျခင္း၊ ဝုန္းဒိုင္းႀကဲျခင္း
● မေပ်ာ္႐ႊင္ျခင္း၊ အားငယ္ျခင္း၊ အလြန္အမင္း ငိုေႂကြးျခင္း
● အစိုးရိမ္လြန္ျခင္း၊ အေၾကာက္လြန္ျခင္း၊ ဂဏွာမၿငိမ္ျခင္း၊ အာ႐ုံမစိုက္ႏိုင္ျခင္း
● ပတ္ဝန္းက်င္ႏွင့္ ခပ္ခြာခြာေနျခင္း၊ မိဘကို မေတြ႕တဲ့အခါ လိုတာထက္ပိုၿပီး ဝမ္းနည္းျခင္း (သို႔မဟုတ္) ေဒါသူပုန္ထျခင္း
● အ႐ြယ္ႀကီးလာလွ်င္ ေပ်ာက္သြားသင့္ေသာအက်င့္မ်ား ဆက္ရွိေနျခင္း (ဥပမာ - လက္မစုပ္ျခင္း၊ အိပ္ရာထဲ ႐ွဴး႐ွဴးေပါက္ခ်ျခင္း) မ်ိဳးေတြ ျဖစ္ပါတယ္။
အ႐ြယ္ႀကီးလာတဲ့ကေလးေတြမွာဆိုရင္ အိပ္တာ၊ စားတာ ပုံမမွန္တာမ်ိဳး၊ ကိုယ္လက္မအီမသာျဖစ္တာမ်ိဳး၊ ေခါင္းကိုက္ျခင္း၊ အစာအိမ္ေအာင့္ျခင္း လကၡဏာမ်ားနဲ႔လည္း ျပတတ္ပါတယ္။
ေက်ာင္းမွာဆိုရင္လည္း ဘယ္သူနဲ႔မွ မတည့္တာမ်ိဳး၊ အေပါင္းအသင္း မထားခ်င္တာမ်ိဳးေတြ ရွိလာတတ္ပါတယ္။
အဲ့လိုအေျခအေနနဲ႔ ႀကဳံလာရၿပီဆိုရင္ေတာ့ မိဘတစ္ေယာက္အေနနဲ႔ လုပ္ေပးဖို႔ အသင့္ဆုံးကေတာ့ ကေလးကို အခ်ိန္ေပးဖို႔ပါပဲ။ အခ်ိန္ေပးၿပီးေတာ့ သူ ဘာေတြျဖစ္ေနလဲ၊ ဘာေတြခံစားေနရလဲဆိုတာကို စိတ္ရွည္လက္ရွည္ နားေထာင္ေပးၿပီးေတာ့ ကေလးကို အားေပးဖို႔ လိုအပ္ပါတယ္။
သူ ေျပာသမွ်ကို အတင္းႀကီး ဆုံးျဖတ္ခ်က္ ခ်ေပးတာမ်ိဳး၊ သင့္ဘက္က တုံ႔ျပန္မႈအလြန္အၾကဴး ျဖစ္တာမ်ိဳးမလုပ္ဘဲ ဒီလိုခံစားရတာေတြဟာ ပုံမွန္ပဲျဖစ္ေၾကာင္း၊ တကယ္လို႔ ေၾကာက္စိတ္ဝင္လာတာမ်ိဳး၊ အားငယ္လာတာမ်ိဳး ျဖစ္ခဲ့ရင္လည္း သူ ယုံၾကည္အားကိုးတဲ့ မိဘ (သို႔မဟုတ္) အုပ္ထိန္းသူ လူႀကီးတစ္ေယာက္ေယာက္ကို ေျပာျပတာဟာ စိတ္သက္သာရာရေစမယ့္ မွန္ကန္တဲ့နည္းလမ္းတစ္ခုျဖစ္ေၾကာင္း ေျပာျပရပါမယ္။
အကယ္၍ ကေလးဟာ အႏိုင္က်င့္ခံေနရလို႔ စိတ္ဒဏ္ရာ ခံစားေနရတာဆိုရင္ အေၾကာင္းရင္းကို သင္ကိုယ္တိုင္ ေျဖရွင္းႏိုင္ပါတယ္။ ဥပမာ - ကေလးဟာ ေက်ာင္းမွာ အႏိုင္က်င့္ခံေနရတယ္ဆိုရင္ ဆရာမေတြနဲ႔ သြားေဆြးေႏြးၿပီး ေနာက္ဒီလိုမျဖစ္ေအာင္ ကာကြယ္ေပးဖို႔ ေတာင္းဆိုတာမ်ိဳး လုပ္ေပးရပါမယ္။
ဒီလိုနည္းလမ္းေတြနဲ႔မွ ကေလးဟာ ထူးျခားမႈရွိမလာဘူး ဆိုရင္ေတာ့ သင့္မိသားစုဆရာဝန္ပဲျဖစ္ျဖစ္၊ စိတ္ေရာဂါကုဆရာဝန္နဲ႔ပဲျဖစ္ျဖစ္ တိုင္ပင္ေဆြးေႏြးၿပီး အျမန္ဆုံး ကုသသင့္ပါတယ္။ ဒါေၾကာင့္ သင့္ကေလးေလး စိတ္ေရာကိုယ္ပါ အၿမဲက်န္းမာေနေအာင္ ဒီအခ်က္ေလးေတြကို သတိထားၿပီး ျပဳစုပ်ိဳးေထာင္ေပးသင့္ပါတယ္။
ေဒါက္တာ ေနလြင္ထူး (www.drmyanmar.com)






























