မိသားစုလိုက် အပန်းဖြေခရီးထွက်တဲ့အခါမျိုးမှာ ကလေးရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ
(Zawgyi)
ကေလးရွိတဲ့ မိသားစုေတြအေနနဲ႔ အပန္းေျဖခရီးထြက္တဲ့အခ်ိန္မွာ ကေလး ေနထိုင္မေကာင္းျဖစ္ရင္ အေတာ္စိတ္္႐ႈပ္ရပါတယ္။ ေဆးဆိုင္ေကာင္းေကာင္းမရွိတဲ့ ေဒသေတြကိုေရာက္ရွိေနပါက ေခါင္းမီးေတာက္ဖြယ္ပါပဲ။ ဒါေၾကာင့္ ကေလးမ်ားနဲ႕ ခရီးထြက္မယ့္ မိဘေတြအတြက္ အဆင္ေျပလြယ္ကူေစမယ့္ နည္းလမ္းေလးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေဆးေသတၱာကို ေသခ်ာထည့္ပါ။
ကေလးအတြက္ မရွိမျဖစ္အသံုး၀င္မယ့္ ေဆးမ်ားကို ထည့္သြားပါ။ ခရီးစဥ္တစ္ေလွ်ာက္လံုး မဖ်ားမနာဘဲ လန္းဆန္းတက္ႂကြေနေစဖို႔ အားေဆးတစ္မ်ိဳးမ်ိဳး (ဥပမာ - Enervon-C Kids) ကိုလည္း မျဖစ္မေန ေဆာင္သြားၿပီး ေန႔စဥ္ မွန္မွန္တိုက္ေပးပါ။ ေသာက္ေဆးအျပင္ အဖ်ားတိုင္းကိရိယာ (သာမိုမီတာ)၊ ပလာစတာ၊ အရက္ျပန္၊ အနာက်က္လိမ္းေဆးမ်ားကိုပါ သယ္ေဆာင္သြားဖို႔ လိုပါတယ္။
(၂) လက္သန္႔ရွင္းဖို႔ အေရးႀကီးပါတယ္။
ေရနဲ႔ဆပ္ျပာ အလြယ္တကူ အသံုးမျပဳနုိုင္တဲ့ေနရာေတြအတြက္ လက္ကို ေသေသခ်ာခ်ာ သုတ္ၿပီး လက္သန္႔ေဆးရည္ျဖင့္ ေဆးေၾကာေပးႏုိင္ပါတယ္။ Wet Tissue ေတြလည္း ေဆာင္သြားပါ။ ေလယာဥ္ထိုင္ခံုနဲ႔ စားေသာက္ဆိုင္စားပြဲေတြကို အသံုးမျပဳခင္မွာလည္း အထက္ပါအတိုင္း သန္႔ရွင္းေပးသင့္ပါတယ္။
EC Kidz IA 1
(၃) ရာသီဥတုအေျခအေနကို တြက္ဆပါ။
တုပ္ေကြးအျဖစ္မ်ားေသာရာသီမ်ဳိးမွာ ခရီးသြားျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္သင့္ေပမယ့္ မျဖစ္မေန သြားရမယ္ဆိုပါက ကေလးအား တုပ္ေကြးကာကြယ္ေဆး ႀကိဳတင္ထိုးပါ။ ခရီးတစ္ေလွ်ာက္မွာလည္း mask တပ္ေပးျခင္း အစာမစားခင္ လက္ကို သန္႔ရွင္းေပးျခင္း ျပဳလုပ္သင့္ပါတယ္။
(၄) က်န္းမာေရးနဲ႔ညီညြတ္ေသာ မုန္႔ပဲသေရစာမ်ားနဲ႔ ေရဘူးကို မပါမျဖစ္ သယ္သြားပါ။
ေလယာဥ္နဲ႔ပဲသြားသြား၊ ကားနဲ႔ပဲသြားသြား မုန္႔မ်ားနဲ႔ ေရဘူးကို သယ္ေဆာင္သြားဖို႔ မေမ့ပါနဲ႔။ အလြယ္ဆံုးအေနနဲ႔ သစ္သီးမ်ားနဲ႔ ခရက္ကာမ်ားကို သယ္သြားႏိုင္ပါတယ္။
(၅) ခရီးမသြားခင္ ဆရာ၀န္နဲ႔ ျပသပါ။
ေမေမတို႔ရဲ႕ သားသားမီးမီးေလးေတြမွာ ေရာဂါတစ္စံုတစ္ရာရွိပါက ခရီးမထြက္ခင္ ကေလးဆရာ၀န္နဲ႔ ျပသသင့္ပါတယ္။ ဆရာ၀န္စစ္ေဆးခ်က္အရ ခရီးထြက္ဖို႔ သင့္ေတာ္မွာသာ သြားသင့္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
EC Kidz IA 2
(Unicode)
ကလေးရှိတဲ့ မိသားစုတွေအနေနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာ ကလေး နေထိုင်မကောင်းဖြစ်ရင် အတော်စိတ်ရှုပ်ရပါတယ်။ ဆေးဆိုင်ကောင်းကောင်းမရှိတဲ့ ဒေသတွေကိုရောက်ရှိနေပါက ခေါင်းမီးတောက်ဖွယ်ပါပဲ။ ဒါကြောင့် ကလေးများနဲ့ ခရီးထွက်မယ့် မိဘတွေအတွက် အဆင်ပြေလွယ်ကူစေမယ့် နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆေးသေတ္တာကို သေချာထည့်ပါ။
ကလေးအတွက် မရှိမဖြစ်အသုံးဝင်မယ့် ဆေးများကို ထည့်သွားပါ။ ခရီးစဉ်တစ်လျှောက်လုံး မဖျားမနာဘဲ လန်းဆန်းတက်ကြွနေစေဖို့ အားဆေးတစ်မျိုးမျိုး (ဥပမာ - Enervon-C Kids) ကိုလည်း မဖြစ်မနေ ဆောင်သွားပြီး နေ့စဉ် မှန်မှန်တိုက်ပေးပါ။ သောက်ဆေးအပြင် အဖျားတိုင်းကိရိယာ (သာမိုမီတာ)၊ ပလာစတာ၊ အရက်ပြန်၊ အနာကျက်လိမ်းဆေးများကိုပါ သယ်ဆောင်သွားဖို့ လိုပါတယ်။
(၂) လက်သန့်ရှင်းဖို့ အရေးကြီးပါတယ်။
ရေနဲ့ဆပ်ပြာ အလွယ်တကူ အသုံးမပြုနိုင်တဲ့နေရာတွေအတွက် လက်ကို သေသေချာချာ သုတ်ပြီး လက်သန့်ဆေးရည်ဖြင့် ဆေးကြောပေးနိုင်ပါတယ်။ Wet Tissue တွေလည်း ဆောင်သွားပါ။ လေယာဉ်ထိုင်ခုံနဲ့ စားသောက်ဆိုင်စားပွဲတွေကို အသုံးမပြုခင်မှာလည်း အထက်ပါအတိုင်း သန့်ရှင်းပေးသင့်ပါတယ်။
(၃) ရာသီဥတုအခြေအနေကို တွက်ဆပါ။
တုပ်ကွေးအဖြစ်များသောရာသီမျိုးမှာ ခရီးသွားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပေမယ့် မဖြစ်မနေ သွားရမယ်ဆိုပါက ကလေးအား တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးပါ။ ခရီးတစ်လျှောက်မှာလည်း mask တပ်ပေးခြင်း အစာမစားခင် လက်ကို သန့်ရှင်းပေးခြင်း ပြုလုပ်သင့်ပါတယ်။
(၄) ကျန်းမာရေးနဲ့ညီညွတ်သော မုန့်ပဲသရေစာများနဲ့ ရေဘူးကို မပါမဖြစ် သယ်သွားပါ။
လေယာဉ်နဲ့ပဲသွားသွား၊ ကားနဲ့ပဲသွားသွား မုန့်များနဲ့ ရေဘူးကို သယ်ဆောင်သွားဖို့ မမေ့ပါနဲ့။ အလွယ်ဆုံးအနေနဲ့ သစ်သီးများနဲ့ ခရက်ကာများကို သယ်သွားနိုင်ပါတယ်။
(၅) ခရီးမသွားခင် ဆရာဝန်နဲ့ ပြသပါ။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ ရောဂါတစ်စုံတစ်ရာရှိပါက ခရီးမထွက်ခင် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်စစ်ဆေးချက်အရ ခရီးထွက်ဖို့ သင့်တော်မှာသာ သွားသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























