/
news/ကလေးများနှင့်ကျန်းမာရေး/မိုးရာသီမှာ-ကလေးတွေ-ရောဂါဘယကင်း၀စေမည့်နည်းလမ်းများ

မိုးရာသီမှာ ကလေးတွေ ရောဂါဘယကင်း၀စေမည့်နည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

          မိုးဦးကာလ မိုးစက်​​လေး​တွေ ကျဆင်​းလာတာနဲ့အမျှ အ​အေးဓာတ်​က​လေးရလာတာ​ကြောင်​့ ​နွေရာသီရဲ့ ပူ​လောင်​မှု​တွေကို ခဝါချနိုင်​လာ​ပေမယ်​့ မိုးနဲ့အတူပါလာတဲ့ စိုစွတ်​မှု​တွေ၊ ခြင်​​တွေယင်​​တွေနဲ့ ​လေထဲကပိုးမွား​တွေ​ကြောင်​့ က​လေးသူငယ်​​တွေမှာ ​ရောဂါဘယ​တွေ ဖြစ်​လာပါ​တော့တယ်​။ ဒီလိုဒုက္ခ​တွေက ကင်​း​ဝေးရ​အောင်​ ​အောက်​ပါနည်း​လမ်​း​လေး​တွေကို လုပ်​​ဆောင်​ကြည်​့ကြပါစို့။

 

၁။ က​လေးကို သန်​့ရှင်​း​ခြောက်​​သွေ​့အောင်​ထားပါ။

      မိုးရာသီမှာ က​လေး​လေး​တွေကို သန်​့သန်​့ရှင်​းရှင်​းထားဖို့ကလည်​း အ​ရေးကြီးပါတယ်​။ တစ်​​နေ့နှစ်​ကြိမ်​ ​ရေချိုး​ပေးပါ။ အနည်​းဆုံး ​ရေပတ်​​လေး​တော့ တိုက်​​ပေးသင်​့ပါတယ်​။ ချိုင်​းကြား၊​ပေါင်​ကြား၊ လည်​ပင်​းနဲ့ အင်္ဂါစပ်​​လေး​တွေကို ​သေချာ​ဆေး​ကြော​ပေးပါ။ က​လေးထိန်​းသူ​တွေကိုယ်​တိုင်​လည်​း သန်​့သန်​့ရှင်​း​ရှင်​း​နေဖို့ အ​ရေးကြီးပါတယ်​။

 

၂။ ​ပေါ့​ပေါ့ပါးပါးဝတ်​ဆင်​​ပေးပါ။

      ရုတ်​တရက်​ အပူက​နေအ​အေး ရာသီအကူးအ​ပြောင်​းမှာ သက်​​သောင်​့သက်​သာရှိမယ်​့ ​ကော်​တွန်​သား​လေး​တွေ ဝတ်​ဆင်​​ပေးပြီး ​အေးလာတဲ့အခါ ဝတ်​ဆင်​​ပေးနိုင်​ဖို့ အ​နွေးထည်​​လေး​တွေ ​ဆောင်​ထား​ပေးနိုင်​ပါတယ်​။ မိုးဦးမှာ အဝတ်​အစား​တွေ စိုထိုင်​းထိုင်​းဖြစ်​​နေတတ်​တဲ့အတွက်​ မှိုပိုးဝင်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ အဝတ်​အစား​တွေ​ခြောက်​​သွေ့​နေဖို့ သတိပြု​ပေးပါ။

၃။ ခြင်​မကိုက်​ပါ​စေနဲ့။

      မိုးရာသီ​ရေစစဖြစ်​လာတဲ့အခါ ခြင်​​ပေါက်​ဖွားမှု များလာတာ​ကြောင်​့ ငှက်​ဖ​ျား၊ ​သွေးလွန်​တုပ်​​ကွေး​တွေ ဖြစ်​လာနိုင်​ပါတယ်​။ ဒါ​ကြောင်​့ အကျႌလက်​ရှည်​၊ ​ဘောင်​းဘီအရှည်​ဝတ်​​ပေးတာ၊ ခြင်​​ဆေး​ခွေ၊ခြင်​​ပြေး​ဆေး​တွေဖြန်​းတာ၊ ​ရေ​ဝပ်​နိုင်​တဲ့​နေရာ​တွေ၊​ရေ​သေ​တွေကိုရှင်​းလင်​းတာ စသည်​ဖြင်​့ ကာကွယ်​မှု​တွေ လုပ်​​ဆောင်​ရပါမယ်​။ အိမ်​မှာခြင်​​တွေ​ပြေး​စေဖို့ ကြမ်​းပြင်​​တွေ​ရေဝတ်​တိုက်​တဲ့အခါ စပါးလင်​ဆီထည်​့ပြီး တိုက်​​ပေးပါ။

 

၄။ ဖျားနာ​နေသူ​တွေနဲ့​ဝေး​ဝေးမှာ​နေပါ။

      မိုးဦးကာလမှာ ဗိုင်​းရပ်​​စ်​ပိုးမွား​တွေဝင်​လွယ်​တာ​ကြောင်​့ က​လေးကို တုပ်​​ကွေးမိ​နေသူ​တွေ၊ဖျားနာ​နေသူ​တွေနဲ့ ​ဝေး​ဝေးမှာထားပါ။ အိမ်​သူအိမ်​သား​တွေကိုလည်​း က​လေးကိုမကိုင်​တွယ်​ခင်​မှာ လက်​ကို​သေချာ​ဆေးဖို့ သတိ​ပေးပါ။

 

၅။ လူထူထပ်​တဲ့​နေရာ​တွေကို​ရှောင်​ပါ။

      ​ဈေးဝယ်​စင်​တာ​တွေလိုမျိုး လူထူထပ်​တဲ့​နေရာ​တွေမှာ ပိုးမွား​တွေ​ပေါတာ​ကြောင်​့ ကိုယ်​ခံစွမ်​းအားသိပ်​မ​ကောင်​း​သေးတဲ့က​လေး​တွေမှာ ​ရောဂါ​တွေအလွယ်​တကူဝင်​​ရောက်​နိုင်​ပါတယ်​။ ဒါ​ကြောင်​့ တတ်​နိုင်​ရင်​ ဒီလို​နေရာ​တွေကို​ရှောင်​ရှားပြီး သွားမယ်​ဆိုရင်​​တော့ လူသိပ်​မများတဲ့အချိန်​​တွေမှာ ​ရွေးသွားသင်​့ပါတယ်​။

၆။ က​လေး​ရော၊ က​လေးထိန်​း​တွေပါ လက်​ကို​သေချာ ​ဆေး​ကြော​ပေးပါ။

     လက်​​ဆေး​ကြော်​ငြာ​တွေမှာ ​ပြောသလိုပဲ ​ရောဂါပိုးမွား​တွေကို အ​ကောင်​းဆုံးကာကွယ်​နိုင်​ဖို့ လက်​အမြဲ​ဆေး​ပေးရပါမယ်​။ အထူးသဖြင်​့ ​သေးခံ​လဲပြီးတိုင်​းမှာ၊ အပြင်​ကပြန်​လာတိုင်​းမှာ ဆပ်​ပြာ​နဲ့​သေချာလက်​ကို​ဆေး​ကြောပါ။ က​လေးအကြီး​တွေကိုပါ ​လက်​​ဆေးဖို့​သေချာမှာထားရပါမယ်​။

 

၇။ ​ရေကိုကျိုချက်​​သောက်​သုံးပါ။

      မိုး​ရာသီမှာအဖြစ်​များတဲ ဝမ်​း​လျောဝမ်​းကိုက်​ခြင်​း​တွေကို ကာကွယ်​နိုင်​ဖု့ိ ​​သောက်​သုံးဖို့​ရော၊ နို့ဘူး​ဖျော်​ဖို့အတွက်​ပါ ​ကျိုချက်​ပြီးအ​အေးခံထားတဲ့​ရေကိုသာ သုံးစွဲသင်​့ပါတယ်​။

 

၈။ အသီးအရွက်​​တွေကို​သေချာ​ဆေး​ကြောပါ။

       အသီးအရွက်​​တွေကို မချက်​မပြုတ်​မ​ဆေးမ​ကြောပဲ အစိမ်​းစားတာမျိုးမလုပ်​​စေပဲ ဆားတစ်​ဇွန်​းနဲ့​ရေကိုသုံးကာ ​သေချာ​ဆေး​ကြော​ပေးရပါမယ်​။

 

၉။ ပထမဆုံးကျလာတဲ့မိုး​ရေနဲ့မထိ​တွေ့ပါ​စေနဲ့။

      က​လေး​တွေရဲ့အသားဟာ နူးညံ့တဲ့အတွက်​ ပထမဆုံးမိုး​ရေစက်​​တွေနဲ့အတူပါလာတဲ့ အက်​ဆစ်​ဓာတ်​ကို မခံနိုင်​ပါဘူး။ ဒါ​ကြောင်​့ အိမ်​ထဲမှာပဲ ​နေ​စေပါ။

 

     အထက်​မှာ​ဖော်​ပြခဲ့တဲ့အချက်​​တွေဟာ အင်​မတန်​လွယ်​ကူပြီး ထိ​ရောက်​တဲ့အချက်​​တွေ ဖြစ်​တာ​ကြောင်​့ ​သေချာလိုက်​နာ​ဆောင်​ရွက်​ကြရင်​ ​ရောဂါဘယ​တွေကို ကာကွယ်​နိုင်​မှာပါ။ အားလုံးကျန်​းကျန်​းမာမာ​ပျော်​​ပျော်ရွှင်​ရွှင်​နဲ့ မိုးရာသီကို ဖြတ်​သန်​းနိုင်​ကြပါ​စေ။

 

www.drmyanmar.com