/
news/ကလေးများနှင့်ကျန်းမာရေး/မိုးလုံလေလုံကစားကွင်းကနေ-ကူးတဲ့ရောဂါ

မိုးလုံလေလုံကစားကွင်းကနေ ကူးတဲ့ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

Hand, foot and mouth disease လို့​ခေါ်တဲ့ ဗိုင်​းရပ်​စ်​အ​ရေပြား​ရောဂါအ​ကြောင်​း သိပ်​သိကြမယ်​မထင်​ဘူး။ ဒီအ​ကြောင်​း​လေးကို ​သိ​အောင်​​ပြောပြမယ်​​နော်​။

 

ဟိုတလောက စင်​ကာပူ​နေ့က​လေးထိန်​း​ကျောင်​း​တွေမှာ Hand, foot and mouth disease ကးူစက်​​ရောဂါ ၁၀​ယောက်​နဲ့အထက်​​တွေ့တယ်​လို့ ကျန်​းမာ​ရေးဌာနကထုတ်​ပြန်​လိုက်​တယ်​။ ဒီသတင်​းက က​လေးရှိတဲ့​ဖေ​ဖေ​မေ​မေတိုင်​းကို စိုးရိမ်​ထိတ်​လန်​့သွား​စေမှာ​အမှန်​ပဲ။

 

​မေ​မေတစ်​​ယောက်​ရဲ့ ရင်​တွင်​းဖြစ်​အ​ကြောင်​း​လေးကိုလည်​း ​ဖေ့စ်​ဘုတ်​မှာ ​တွေ့လိုက်​ပါ​သေးတယ်​။

 

ဖိလစ်​ပိုင်​က​မေ​မေတစ်​​ယောက်​ဖြစ်​တဲ့ Madelyn Bercasio Guarangoတစ်​​ယောက်​ က​လေး​လေးကို တစ်​လတစ်​ခါ​ရက်​ချိန်​းပြပြီးအပြန်​ အိမ်​တန်​းမပြန်​ဘဲ က​လေးကို​ရှောပင်​း​မောထဲက ကစားကွငး်​ကို က​လေး​ပျော်​ပါ​စေဆိုပြီး လိုက်​ပို့သတဲ့။

 

က​လေး​ဆော့ပြီးတာနဲ့ ဘယ်​မှမဝင်​ဘဲ အိမ်​ကိုတန်​းပြန်​လာကြတယ်​တဲ့။

>> အဖျားကြီးလာပြီ။

 

​နောက်​​နေ့ Madelynတစ်​​ယောက်​ အလုပ်​မှာရှုပ်​​နေတုန်​း က​လေးထိန်​း​နေတဲ့သူ့​အမေဆီက ဖုန်​းလာတယ်​။

 

က​လေးအဖျာအရမ်​းကြီး​နေလု့ိတဲ့။ Madelynလည်​း စိုးရိမ်​တာနဲ့ ခွင်​့ယူပြီးအိမ်​ပြန်​လာတာ​ပေါ့။ အဖျားတိုင်​းကြည်​့​တော့ ၃၉°F​တောင်​ ရှိသတဲ့။ ဒါ​ပေမယ်​့လည်​း ရိုးရိုးဖျားတယ်​ပဲ ထင်​တာ​ပေါ့။ ဆရာဝန်​နဲ့​တောင်သွားမပြဖြစ်​လိုက်​ဘူး။ တစ်​ညလုံး​တော့ အဖျားတက်​မတက်​​စောင်​့ကြည်​့​နေခဲ့တယ်​။

 

မနက်​​ရောက်​​တော့ အဖျားမရှိ​တော့ဘူး။ ဒါနဲ့ပဲ အလုပ်​သွားမယ်​ဆိုပြီးပြင်​တုန်​း က​လေး​ခြေ​ထောက်​နဲ့ လက်​​တွေအပြင်​ ပါးစပ်​မှာပါ ​ရေ​ကျောက်​လို အနီစက်​​တွေကို သတိထားမိသွားတယ်​။

 

အရမ်​းစိုးရိမ်သွားပြီး က​လေးကိုဆရာဝန်​ဆီ အ​ပြေး​ခေါ်သွားတယ်​။

 

>> ကစားကွင်​းက​နေ​ရောဂါ ကူးလာတာတဲ့။

 

ဆရာဝန်​က Coxackie ဆိုတဲ့ဗိုင်​းရပ်​စ်​ပို​း​ကြောင်​့ဖြစ်​တာလို့ ​​ပြောပါတယ်​။

 

နှာ​ရည်​​တွေ၊ တံ​တွေး​တွေ၊ ဝမ်​းနဲ့ အရည်​ကြည်​ဖု​​ပေါက်​ထွက်​တဲ့အရည်​​တွေက​နေ အလွယ်​တကူ ကူးစက်​တတ်​တယ်​။ အဲလိုထိ​တွေ့မိတဲ့အချိန်​က​နေ ​ရောဂါလက္ခဏာ​တွေ စပြတဲ့အချိန်​က ၃ရက်​က​နေ၆​ရက်​​လောက်​ထိ ရှိတတ်​တယ်​။ စဖြစ်​တဲ့လက္ခဏ​ာ​တွေက​တော့ ဖျားပြီး လည်​​ချောင်​း​တွေနာလာတတ်​သလို တစ်​ခါတစ်​​လေ ပါးစပ်​ပျက်တတ်​တာမျိုးလည်​း ရှိတတ်​တယ်​။

 

ပြီးရင်​​တော့ လျာ၊ သွားဖုံးနဲ့ ပါ​း​စောင်​​တွေမှာ နီရဲပြီး​တော့ နာတဲ့ အရည်​ကြည်​ဖု​လိုအကွက်​တွေ ​ပေါ်လာပါ​လေ​ရော။ ဒါ​ပေမယ်​့ တစ်​ခါတစ်​​လေလည်​း အနီကွက်​​တွေက ယား​တောင်​မယားတာလည်​း ရှိတယ်​။ လက်​ဖဝါး၊ ​ခြေဖဝါးနဲာ တင်​ပါး​တွေမှာ​တောင်​ ဖြစ်​တတတ်​ယ်​။

 

အခုဖြစ်​တဲ့သားသား​လေးရဲ့အရည်​ကြည်​ဖု​တွေက​တော့ အရမ်​းဆိုးလွန်​းလို့ တစ်​ပတ်​​လောက်​ ​ဆေး​တွေ​သောက်​၊ ​ဆေး​တွေထိုး​တော့မှ ​နေသာလာ​ရှာတယ်​။ ​မေ​မေက​တော့ ကစားကွင်​းကပဲ ကူးတာလို့ ထင်​တာပဲ။ ဆရာဝန်​ကလည်​း ဒီ​ရောဂါကအရမ်​းကူးလွယ်​လု့ိ ကစားကွင်​းလိုမျိုး အများသုံး​နေရာ​တွေနဲ့ လူစုလူ​​ဝေးများတဲ့ ​နေရာ​တွေကို ​ရှောင်​​စေချင်​တယ်​လို့ ​ပြောလိုက်​တယ်​။

>> ဖေ​ဖေ​မေ​မေတို့ သတိထားဖို​့​ပြောပြချင်​တာက

 

ကိုယ်​့က​လေးမှာသာ ဒီ​ရောဂါဖြစ်​ရင်​ အိမ်​မှာပဲ ထား​စေချင်​တယ်​။ ​ကျောင်​း​တွေ၊ ​နေ့က​လေးထိန်​း​တွေ မပို့ပါနဲ့။ လူများတဲ့​နေရာ​တွေ ​ရှောင်​​ပေးပါ။ တစ်​ပတ်​၁၀ရက်​​လောက်​ က​လေးကိုအိမ်​ထဲမှာပဲ ထား​တာ​ကောင်​းတယ်​။

 

တစ်​ကိုယ်​ရည်​သန်​့ရှင်​း​ရေးကို ဂရုစိုက်​မယ်​။ က​လေးကို ကိုင်​ပြီး၊ ​သေးခံလဲပြီး၊ အစာမကိုင်​ခင်​​တွေမှာ လက်​ကို ​သေချာ​ဆေး​ပေးရမယ်​။ ဝမ်​းထဲမှာ ​ရောဂါပိုး ၁၂ပတ်​​လောက်​အထိ ပါနိုင်​​သေးတယ်​။

 

​ရောဂါဖြစ်​တဲ့က​​လေးရဲ့ အရုပ်​​တွေ၊ ပန်​းကန်​ခွက်​​ယောက်​​တွေ၊ အသုံးအ​ဆောင်​​တွေကို သတ်​သတ်​ခွဲထားမှ တစ်​ခြားက​လေး​တွေ မကူးစက်​​အောင်​ ကာကွယ်​နိုင်​မှာပါ။

 

ဒီ​ဆောင်​းပါးကိုဖတပြီးဒီ​ရောဂါ ဘယ်​​လောက်​ကူးစက်​လွယ်​တယ်​ဆိုတာ သိ​လောက်​ပြီလိူ့ထင်​ပါရဲ့။ ဒါ​ကြောင်​့ ပတ်​ဝန်​းကျင်​မှာ ဒီ​ရောဂါဖြစ်​တယ်​လို့ကြားရင်​ က​လေးကို လူထူထူမ​ခေါ်ပါနဲ့​တော့။ အိမ်​ထဲမှာပဲထားပါ။ က​လေးကိုလည်​း လက်​​ဆေးတဲ့အကျင်​့ စွဲ​နေ​အောင်​လုပ်​ပါ။ တကယ်​​တော့ ကာကွယ်​ဖို့က အင်​မတန်​​လွယ်​ပါတယ်​။

 Dr. Mya Phoo Ngon  (www.drmyanmar.com)

(Unicode)


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Dr. Mya Phoo Ngon  (www.drmyanmar.com)