မီးမီး ... သားသား ... ချွေးသိပ်ထွက်နေသလား?
အိမ်က ချစ်ရတဲ့သားလေး၊ သမီးလေး ကစားလို့ မောတဲ့အခါ၊ ပူတဲ့အခါ ချွေးတွေ ရွှဲနေတော့ အကျႌ အမြဲချွတ်လဲပေးရတယ် မဟုတ်လား။ ဘေဘီလေး အိပ်နေရင်း ရုတ်တရက် ချွေးတွေ ရွှဲနေတဲ့အခါ ချွေးနဲ့ အအေးပတ်မှာစိုးလို့ ကပျာကယာထပြီး လဲပေးရင်း အိပ်ရေးပျက်ဖူးတဲ့ မေမေတို့လည်း ရှိမှာပဲနော်။ ဒီတော့ ချွေးထွက်တာက သာမန်လား? နောက်ခံအကြောင်းအရင်းတစ်ခုခု ရှိလို့လား? ဆိုတာ ဆန်းစစ်ကြည့်ရအောင် ဖတ်ကြည့်နော်။
ရင်သွေးလေးတွေ ချွေးထွက်တာက ရာသီဥတုပူလို့၊ အကျီထူလို့၊ အဆော့သန်လို့ ပေါင်းစုံဖြစ်နိုင်သလို အဖျားကျသွားတဲ့အခါလည်း ချွေးလေးတွေ စို့လာတတ်ပါတယ်။
တကယ်လို့ ရာသီဥတုကလည်း ဆိုသလောက်မပူ၊ သိပ်လည်းမဆော့ပါဘဲနဲ့ အကျႌပါးလေးနဲ့ ချွေးတွေ နစ်နေအောင် ထွက်နေတဲ့ ရင်သွေးလေးတွေ ရှိနေသေးတာပဲနော်။
ကလေးတွေမှာ ချွေးထွက်လွန်ရောဂါဆိုတာ ရှိပါတယ်။ ခြေဖဝါး၊ လက်ဖဝါးလေးတွေ ပူပြီး စီးကပ်နေတာ ချိုင်းလေးတွေ ချွေးရွှဲနေတာတွေ ရှိပါတယ်။ အကြောင်းအရင်းမရှိဘဲ သူ့ဟာသူ ချွေးစိုလာတာပေါ့။ ကလေးတွေမှာ ဘာအကြောင်းမှမရှိဘဲ ဖြစ်တတ်ပေမယ့် ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ ကြီးကောင်ဝင်လာတဲ့အခါ သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။
Nutroplex 1
နောက်တစ်မျိုးကတော့ နောက်ခံရောဂါတွေ ရှိနေတတ်တာပါ။
ဥပမာ -
● ဟော်မုန်းရောဂါ
● ကိုယ်တွင်းဇီဝ ဖြစ်ပျက်မှု မမှန်တဲ့ရောဂါ
● လည်ပင်းကြီးရောဂါ
● ဆီးချိုရောဂါ
● ရောဂါပိုးတစ်ခုခု ရှိနေတဲ့အခါ
ချွေးတွေ အလွန်အကျွံ ထွက်လာပါတယ်။ နောက်ခံအကြောင်းအရင်းကို ကုသမှ ပျောက်ကင်းမှာမို့ ဒီတိုင်း ပစ်ထားလို့တော့ မရပါဘူး။ ဆေးကုသမှု ခံယူရပါမယ်။
>> ချွေးထွက်များတဲ့အခါ ဘာတွေလုပ်ပေးလို့ရလဲ?
● ချွေးပေါက်ကျဉ်းဆေး
Antiperspirant တွေဟာ ချွေးပေါက်လေးတွေကို ကျဉ်းသွားစေပြီး ချွေးထွက် သက်သာစေပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးကြည့်နိုင်ပါတယ်။
● လျှပ်စစ်ဓာတ်လွှတ် ကုသခြင်း
ဆယ်မိနစ်ခန့် ကြာအောင် လျှပ်စစ်ဓာတ်နဲ့ ချွေးပေါက်လေးတွေကို ထိန်းညှိ ကုသတာပါ။ လျှပ်စစ်ဆိုလို့ ကြောက်မသွားပါနဲ့။ စိတ်ချရတဲ့နည်းပညာနဲ့မို့ အန္တရာယ် ကင်းပါတယ်။
● အထူးပြုလုပ်ထားတဲ့ ချွေးခံ တီရှပ်အကျႌ
ရောင်စုံ၊ ဆိုက်စုံ ချွေးခံအထည်တွေဟာ ချွေးထွက်တာကို သက်သာစေပြီး တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ချွေးစုပ်ပြီး ဝတ်ဆင်သူကို သက်သောင့်သက်သာ ရှိစေပါတယ်။
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်၊ ရင်သွေးလေး ချွေးထွက်လွန်နေတယ်လို့ ထင်ခဲ့မယ်ဆိုရင် တစ်ခုခု အကူအညီပေးနိုင်ဖို့ ကလေးဆရာဝန်ကို ပြသကြဖို့ အကြံပြုလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Nutroplex 2
(Unicode)
● အထူးပွုလုပျထားတဲ့ ခြှေးခံ တီရှပျအငျ်ကြီ






























