/
news/ကလေးများနှင့်ကျန်းမာရေး/မေတ္တာနဲ့-ကလေးတွေကို-နည်းပေးလမ်းပြပါ……

မေတ္တာနဲ့ ကလေးတွေကို နည်းပေးလမ်းပြပါ…….

Category
ကလေးများနှင့်ကျန်းမာရေး

ငယ်စဉ်က ကောင်းစွာဂရုစိုက်တာမခံခဲ့ရလေလေ အသက်ကြီးလေ ကြမ်းတမ်းခက်ထန်လေပါပဲ။ အေးမြတဲ့မေတ္တာ မရခဲ့တာကြောင့် မငြိမ်းမချမ်းဖြစ်ရတာပါ လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

စိတ်ပညာအရတော့ ငယ်ဘ၀မှာရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်သာ လူတွေဟာ ကြမ်းတမ်းမိုက်ရိုင်းလာရသတဲ့။ တကယ်တော့
မသိစိတ်ထဲမှာသိုလှောင်ထားတဲ့ စိတ်ဒဏ်ရာတွေဟာ အခွင့်အခါကြုံရတာနဲ ့အုံကြွလာတဲ့သဘောဖြစ်ပါတယ်။

-------------------------------------------------------

ဇင်ဟာ လက်ကိုပိုက်ပြီး ရပ်နေပါတယ်။ သူမရဲ့မျက်နှာမှာ မျက်ရည်တွေစီးကျနေပါတယိ။ သူမရဲ့ မေမေက သူမရဲ့ ခြေသလုံးကို ကြက်မွှေးနဲ့ ဆက်တိုက်ရိုက်ပါတယ်။ တကယ်တော့ သူမဟာ အဖော်သူငယ်ချင်းတွေနဲ့ ချိန်းပီး သူမရဲ့ ဆရာကိုသွားကန်တော့တာ ဖြစ်ပါတယ်။ ပြန်လာချိန်မှာ အမေက သူမကို မတွေ့တော့ စိတ်ပူခဲ့ရတာမို့ ပြောမသွားရကောင်းလားဆိုပြီး ဆူလည်းဆူ ရိုက်လည်းရိုက်ပါတော့တယ်။ သူမဟာတခုခုပြောဖို့ကြိုးစားပေမယ့် အသံထွက်မလာနိုင်ပါဘူး။ သူမဟာ ပါးလေးကိုမဲ့လိုက်ကာ လုံးဝ ငြိမ်သက်သွားပြီး မျက်ရည်တွေသာ အဆက်မပြတ်စီးကျနေခဲ့ပါတယ်။ ခြေသလုံး ရိုက်သံက တရွှမ်းရွှမ်းမြည်နေဆဲ။

------------------------------------------------------------

ကလေးဘက်က မှားတာမှန်တာတွေ နောက်မှာထားလို့ စဉ်းစားကြည့်ရင် ဒီလိုဆက်ဆံခံရတဲ့ကလေးတွေဟာ ဘယ်လိုကလေးတွေအဖြစ်ကြီးပြင်းလာပါမလဲ….

အကြောက်တရားနဲ့ ကြီးပြင်းလာတဲ့ကလေးတယောက်ဟာ

• လူကြီးတွေကို မျက်နှာချင်းဆိုင် တည့်တည့်မကြည့်ဝံ့ပါဘူး။

• သူ့မျက်လုံးတွေဟာ အားကိုးရာမဲ့ တောင်ကြည့်မြောက်ကြည့် ကြည့်နေတတ်ပါတယ်။

• သူ့ကို ကြည့်ကြပီးပြုံးပြကြပေမယ့်သူက ပြန်မကြည့်ပါ။

• တခြားကလေးတွေနဲ့ မိတ်ဆက်ပေးနေ၇င်လည်း အလေးထားပုံမရပါ။

• သူလေးဟာ ချောင်မှာကုပ်နေတတ်ပြီး စကားနည်းနေတတ်ပါတယ်

• ကျောင်းစာတွေ တီထွင်ဖန်တီးမှုတွေ ညံ့ဖျင်းလာပါတယ်။

• သွေးအေးရက်စက်တတ်လာသလို ကိုယ်ချင်းစာစိတ်တွေ နည်းပါးလာပါတယ်။

 

သူလေးရဲ့ အပြုအမူဆိုးတွေ အရင်းတည်ခဲ့ရာကိုတော့  တချိန်မှာ အားလုံးက မေ့လိုက်ကြမှာပါ။ မိဘက နွေးထွေးကြင်နာစွာဆက်ဆံခံရသူတွေမှာ တဖက်လူကို ဆက်ဆံရေးမှာ လွှမ်းမိုးမှုရှိနိူင်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ နေရသူတွေမို့ ကောင်းမွန် သပ်ယပ်တဲ့ ပေါင်းသင်းဆက်ဆံရေးတခုဟာ မိမိရဲ့ ပုံရိပ်အတွက်အများကြီးတာသွားပါတယ်။

နွေးထွေးကြင်နာစွာဆက်ဆံခံရသူကလေးငယ်တွေ၊  တကယ်ထိရောက်တဲ့ ချီးကျူးစကားတခွန်းအမြဲပြောခံရတဲ့ကလေးတွေဟာ  နောက်လာမယ့် သူရဲ့ ပတ်၀န်းကျင်နဲ့ ဆက်ဆံရေးတွေကို ချောမွေ့သွားစေမှာပါ။ အမြဲရိုက်နှက်ခံပြီး စိတ်မကျေနပ်မှု မလုံခြုံမှုတွေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေကတော့ ကိုယ့်ကို်ယ်ကို ယုံကြည်မှုနည်းပါးပြီး အခြေအနေပေါ်မူတည်ပြီး စိတ်ရောကိုယ်ပါကြမ်းတမ်းလာကြပါတယ်။ မှားယွင်းတဲ့ ချုပ်ကိုင်မှုတွေ၊ ဘယ်လိုနွေးထွေးစွာ ဆက်ဆံရမှာတွေကို မသိခဲ့တဲ့အတွက် ကလေးဟာ အေးစက်ပြီး လူမှုှုရေးရာနားမလည်တဲ့ ကလေးတယောက်အဖြစ်ကြီးပြင်းလာရတာဖြစ်ပါတယ်………………….

ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)

(Unicode)

 




-------------------------------------------------------


------------------------------------------------------------










 


