/
news/ကလေးများနှင့်ကျန်းမာရေး/မေမေတို့သတိထားရမယ့်-အသက်ရှူလမ်းကြောင်းပိတ်မယ့်အန္တရာယ်

မေမေတို့သတိထားရမယ့် အသက်ရှူလမ်းကြောင်းပိတ်မယ့်အန္တရာယ်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေဟာ ပတ်ဝန်းကျင်ကို စူးစမ်းတတ်ကြပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ပါးစပ်ထဲ အစားအသောက်တွေ၊ တွေ့သမျှတွေကိုလည်း ကောက်ထည့်တတ်ကြပါသေးတယ်။ မတော်တဆ လေပြွန်ထဲ ရောက်သွားပြီး ပိတ်မိရင် အသက်ရှုလို့မရဘဲ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

>>  ဒါကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေက -
●  အစားစားချိန်မှာ သတိပြုရပါမယ်
အသက် ၄ နှစ် မတိုင်ခင် ကလေးငယ်လေးတွေဟာ အစားအစာတွေကို သေးသေးလေးဖြစ်အောင် သိပ်မဝါးနိုင်သေးပါဘူး။ ဒါကြောင့် ကလေး အစားစားနေချိန်မှာ တစ်ယောက်တည်း မထားပါနဲ့။ စောင့်ကြည့်နေပါ။
●  ကလေးကို ထိုင်ခုံအမြင့်နဲ့ ထိုင်ပြီး စားခိုင်းပါ။
●  အစားစားနေချိန် စကားပြောတာကို မလုပ်ရကြောင်း ပြောပါ။
●  အံသွားတွေ မပေါက်ခင်မှာ အစားအစာကို သေးသေးလေးတွေ ပြင်ဆင်ပေးပါ။
●  ပါးစပ်ထဲမှာ အစားနဲ့ ပြေးလွှားဆော့တာမျိုး မလုပ်ခိုင်းပါနဲ့။

Ceelin Plus 1

●  အသက် ၄ နှစ်အောက် ကလေးကို ဒါတွေ မကျွေးပါနဲ့။
*  ဟော့ဒေါ့
*  အစေ့အဆံတွေ
*  အသား၊ ချိစ့်အတုံးကြီးတာတွေ
*  ပေါက်ပေါက်၊ အာလူးကြော်
*  မာပြီးကပ်တဲ့ သကြားလုံးတွေ
*  အသီးတွေကို အလုံးလိုက်ကျွေးတာမျိုး
*  အသီးအရွက်အစိမ်းတွေ အထူးသဖြင့် မာတာတွေ
*  ပီကေ

Ceelin Plus 2

ဒီလိုအရာတွေကို ကလေးတွေ အနီးအနားမှာ မထားပါနဲ့။
●  နင်ရတဲ့ အဓိကအကြောင်းအရင်းက အစားအသောက်တွေကြောင့် ဖြစ်ပေမယ့် တခြားအိမ်သုံးပစ္စည်းတွေ၊ ကစားစရာတွေကိုလည်း ပါးစပ်ထဲ ထည့်တတ်တာကြောင့် နင်နိုင်ပါတယ်။
*  မမှုတ်ရသေးတဲ့ ပေါက်သွားတဲ့ ပူဖောင်း အစအနတွေ
*  အကြွေစေ့
*  ဘောလုံးသေးသေးလေးတွေ
*  ဘောပင်အဖုံး
*  ဘက်ထရီအပြားလေးတွေ
ကလေးတွေ အသက်အန္တရာယ်ရှိတဲ့အထိ နင်တာဟာ ပူဖောင်းလေးတွေကြောင့် အဓိက ဖြစ်တတ်ပါတယ်။ ပူဖောင်းကို ကိုက်မိတဲ့အခါ ပါးစပ်ထဲမှာ ပေါက်သွားပြီး လေပြွန်ထဲ ရောက်သွားနိုင်ချေများလို့ ဖြစ်ပါတယ်။

>>  အရေးပေါ် ဘယ်လိုကုသပေးရမလဲ?
ကိုယ်က သတိထားနေရင်းတောင် ဒါမျိုးက ဖြစ်တတ်ပါတယ်။ တကယ်လို့ သင့်ကလေးက ချောင်းအရမ်း ပြင်းပြင်းထန်ထန်ဆိုးရင်၊ အရမ်းငိုရင်၊ တရွှီရွှီသံတွေကြားရင် ပစ္စည်းကို ကိုယ့်ဘာသာ ထုတ်ခိုင်းပါ။ တကယ်လို့ ကလေးက အသံတောင် မထွက်နိုင်ရင် ဗိုက်ကနေအပေါ်ကို လက်နဲ့တွန်းပေးပါ။ အသက်အရွယ်အလိုက် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို လေ့လာထားပါ။ အရေးပေါ်ကို ချက်ချင်းသွားပါ။ ပစ္စည်းထွက်လာရင်တောင် ဆရာဝန်နဲ့ပြဖို့ လိုပါသေးတယ်။

Dr. Htar (www.drmyanmar.com)