မေမေတွမနိုးခင်မှာတင် နိုးနေတတ်တဲ့ ဘေဘီိပိစိလေးတွေအတွက်
မနက်စောစောနိုးနေတတ်တာက တကယ်တော့ ပြသနာမဟုတ်ပါဘူး။ လူကြီးတွေမှာ မနက်အစောနိုးတာ အကျင့်ပုံမှန််တောင်လုပ်ယူရပေမယ့် ကလေးတွေမှာကျ နေ့စဉ်အစောကြီး မိဘတွေ မနိုးခင် အိပ်ခန်းထဲမှာ လေးဘက်သွားတွားပြီး တတောက်တောက်ဆော့နေတာဟာ အကျင့်တစ်ခုလိုဖြစ်လာတဲ့အခါ ပြုစုစောင့်ရှောက်သူမိဘတွေ စိတ်ညစ်ရပါတယ်။
မနက် ၈ နာရီမတိုင်ခင်နိုးတာမှန်သမျှကို အစောနိုးတယ်လို့ပဲသတ်မှတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ခဏခဏ အစောနိုးတိုင်းပြဿနာလို့ မဆိုနိုင်ပြန်ပါဘူူး။ မနက် ၆ နာရီလောက်နိုးပြီး လန်းဆန်းနေတဲ့ ကလေးငယ်ဟာပုံမှန် အိပ်ရေး၀တယ်လို့ဆိုနိုင်ပါတယ်။ ဒီတော့ နိုးလာတဲ့အချိန်မှာ အိပ်ရေး၀ပြီး ပျော်ရွှင်တက်ကြွနေရင် ကလေးအတွက် အဆင်ပြေတဲ့နိုးချိန်ပါ။ သူက အိပ်ရေး၀ပေမယ့် သူ့ရဲ့ အိပ်ချိန်နိုးချိန်နဲ့ ပတ်သက်တဲ့ တချို့အချက်လေးတွေကို နည်းနည်းပြင်ပေးပြီး အရမ်းအစောကြီးမနိုးအောင် ကြိုးစားကြည့်ရအောင်။
Ceelin Plus 1

လေးဘက်သွားကာစ အဆော့သန်တဲ့ မနက်စောစောနိုးနေ ဆော့နေတတ်တဲ့ သားသားတို့အတွက် ပညာရှင်များက ဒီလိုအကြံပြုထားပါတယ်။
• နေ့ခင်းအိပ်ချိန်နဲ့ ညအိပ်ရာ၀င်ချိန်သိပ်ကွာခြားလွန်းရင် ပြဿနာက သူလေးသိပ်ပင်ပန်းသွားပြီး ညကို အစောကြီးအိပ်သွားစေပါတယ်။ ဒီတော့ အကျိုးဆက်အနေနဲ့ သူအိပ်ရေး၀သွားပြီး နိုးတဲ့အခါ အစောပြန်နိုးလာပါတယ်။
• နေ့ခင်းအိပ်ချိန်သိပ်မကြာပါစေနဲ့။ နေ့ခင်းအိပ်ချိန်ကို အချိန်သတ်မှတ်ပါ။ အကျင့်လုပ်ပေးပါ။
• ညကို ၁၂ နာရီကြာ အိပ်ရင် နေ့ခင်းမှာ ၂ နာရီလောက်ပဲ ထပ်အိပ်ဖို့လိုပါတယ်။ ညကို ၁၀ နာရီပဲ အိပ်တဲ့ကလေးဟာ နေ့ခင်းကို ၄ နာရီလောက်ပဲ အိပ်သင့်ပါတယ်။ ဒီတော့ ညမှာ ကလေးအိပ်ချိန်ဘယ်လောက်ကြာတယ်ဆိုတာ တွက်ကြည့်ပြီး နေ့ခင်းအိပ်ချိန်ကို ချိန်ထားသင့်ပါတယ်။
Ceelin Plus 2

• အိ်ပ်ချိန်ကို ညှိပါ။ မှန်ကန်တဲ့ အိပ်ချိန်ဖြစ်ပါစေ။
• လေးဘက်သွားကလေးလေးတွေမှာ ည ခြောက်နာရီမတိုင်ခင် သူ ့ကို အိပ်ဖို့ကြိုးစားတာဟာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ည ၆ နာရီမတိုင်ခင် ကလေးကို အိပ်ရာထဲမသွင်းပါနဲ့လို့ ပညာရှင်တွေကအကြံပြုထားပါတယ်။ သိပ်စောစောသိပ်ချင်ရင် ၇ နာရီကျော်မှ စပြီးအိပ်ပါစေ။
ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)






























