မေမေ.. စိတ်မညစ်နဲ့နော်
မိခင်ဖခင်တွေရဲ့ စိတ်ပူစိတ်ညစ်တာတွေ အိမ်တွင်းရေးပြသနာတွေဟာ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ဖွံဖြိုးမှုကို အနည်းနဲ့ အများထိခိုက်ပျက်ပြားစေပါတယ်။
အမေရိကန် စိတ်ပညာဂျာနယ်မှာ တင်ဆက်ခဲ့တဲ့ သုတေသနတခုအရ မိဘတွေနဲ့ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ သုတေသနပြု လုပ်ခဲ့တဲ့အခါ စိတ်ဖီစီးမှုများပြီး စိတ်မချမ်းမသာမှုတွေ မကြာခဏရှိတဲ့ မိဘတွေနဲ့ အတူနေရတဲ့ကလေးတွေဟာ ပိုမိုအထိတ်တလန့်ဖြစ်လွယ်ကြပြီး ထိန်းချုပ်နိုင်စွမ်းနည်းပါးကာ တည်ငြိမ်မှု လျော့ပါးနေကြတာကိုတွေ့ရပါတယ်။
စိတ်ဖိစီးမှုနဲ့ သောကတွေဟာ ကူးစက်တတ်တဲ့ ရောဂါလိုပါပဲ။ မိဘကနေ သားသမီးကို အလျင်အမြန်ကူးပြောင်းရောက်ရှိသွားလေ့ရှိပါတယ်။
Nutroplex 1
လူနေမှုဘဝမှာ ဟန်ချက်မညီမျှတဲ့ လွန်ကဲတဲ့ အပူများတဲ့ မိဘတွေဟာ ကလေးတွေရဲ့ ဘယ်လောက်စိတ်ချမ်းသာမယ် ပျော်ရွှင်မယ် တည်ငြိမ်ကောင်းမွနိတဲ့ဆက်ဆံရေးတွေကို ဘယ်လို ပုံဖော်မယ် စတာတွေကို အများကြီးသက်ရောက်မှုရှိနေပါတယ်။
မိဘကမတည်ငြိမ်လေ ဒေါသကြီးလေ စိတ်ပူတတ်လေ သားသမီးငယ်တွေကို အဲဒီအကျိုးဆက်တွေ စိမ့်ဝင်ကူးပြောင်းသွားလေပါပဲ။ ဒါဟာ မျိုးရိုးဗီဇ နဲ့ မဆိုင်တဲ့ အတူနေမိသားစု မိဘရဲ့ ရိုက်ခတ်မှုသပ်သပ်သာဖြစ်ပါတယ်လို့ ပညာရှင်တွေကထောက်ပြထားပါတယ်။
ဒါကြောင့် မိသားစုဝင်တွေ မိဘတွေဟာ စိတ်ပူပင်မှုဘယ်လောက်ပဲများများ မိမိရဲ့ ငယ်ရွယ်တဲ့ရင်သွေးကို ကောင်းတဲ့စံနမူနာနဲ့ သင်ခန်းစာကိုသာသင်ယူပြသသင့်ပါတယ်။
သူတို့ကို နွေးထွေးစွာ ဆက်ဆံပေးတဲ့အပြင် အပြုသဘောနဲ့ အိမ်တွင်းရေး ပြသနာတွေကို ပြောပြပေးခြင်း မျှဝေခံစားပေးခြင်း ဖြင့် မိမိကလေးရဲ့ မိမိရဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို ဖော်ဆောင်နိုင်မှာဖြစိပါတယ်။
မိမိရဲ့ ကိုယ်ရေးကိုယ်သွေးတွေ အပြု အမူတွေဟာ မိမိရဲ့သားသားမီးမီးလေးတွေကို စိတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာထိခိုက်သွားစေနိုင်တာ သတိပြုမိရင်ဖြင့် အများကြီး အကျိူး ရှိပါပြီနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Nutroplex 2
(Unicode)






























