/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးငယ်များတွင်-ဗီတာမင်ကေ-ချို့တဲ့ခြင်းကြောင့်-သွေးယိုစီးခြင်း

မွေးကင်းစကလေးငယ်များတွင် ဗီတာမင်ကေ ချို့တဲ့ခြင်းကြောင့် သွေးယိုစီးခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ဗီတာမင်ကေ ချို့တဲ့ခြင်းကြောင့် သွေးယိုစီးခြင်းဆိုတာ မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော သွေးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

          ဗီတာမင်ကေဟာ သွေးခဲစေဖို့ အရေးကြီးသော ဗီတာမင်တစ်မျိုးဖြစ်ပြီး ဗီတာမင်ကေ ချို့တဲ့ပါက သွေးယိုစီးမှုများ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

          ဘယ်လိုကလေးမျိုးမှာ ဗီတာမင်ကေ ချို့တဲ့ခြင်းကြောင့် သွေးယိုခြင်းဖြစ်စေဖို့ အလားအလာများသလဲဆိုလျှင် -

●        မွွေးမွေးပြီးချင်း ဗီတာမင်ကေ ထိုးထားခြင်းမရှိသော ကလေးငယ်များ

●        မိခင်က သွေးကျဲဆေးနှင့် အတက်ပျောက်ဆေးသောက်နေသော ကလေးများတွင် သွေးယိုခြင်း ပိုမိုဖြစ်နိုင်ပါတယ်။

●        အသေးစား သွေးယိုစီးမှုကနေ သွေးလွန်ခြင်းနှင့် ပြင်းထန်သော သွေးယိုစီးမှုများ ဖြစ်စေနိုင်တာမို့ အမြန်ကုသဖို့ အရေးကြီးပါတယ်။

 

>>    ဗီတာမင်ကေ ချို့တဲ့ခြင်းကြောင့် သွေးယိုစီးသော လက္ခဏာများမှာ -

●        ကလေးဝမ်းသွားရာတွင် သွေးပါခြင်း

●        ကလေးဆီးတွင် သွေးရောင်ပေါက်ခြင်း

●        ချက်ကြိုးနေရာတွင် သွေးယိုစိမ့်နေခြင်းစသော လက္ခဏာများကို အများဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

          အဆိုပါလက္ခဏာများကိုတွေ့ရှိပါက မပေါ့ဆဘဲ ဆရာဝန်ထံ ချက်ချင်းပြသသင့်ပါပြီး လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

 

●        ကလေးအထူးကုဆရာဝန်ကနေ ကလေးတစ်ဦးချင်းစီအလိုက် ဗီတာမင်ကေ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ကုသပေးမှာ ဖြစ်ပါတယ်။

●        အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များအဖွဲ့က မွေးကင်းစ ကလေးငယ်တိုင်းကို ဗီတာမင်ကေ ထိုးဆေးထိုးပေးဖို့ ညွန်ကြားထားပါတယ်။

          ပြင်းထန်သော သွေးယိုစီးခြင်းများအတွက် သွေးသွင်းခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)