/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးငယ်များ-အမြင်အာရုံမဆုံးရံှုးရလေအောင်

မွေးကင်းစကလေးငယ်များ အမြင်အာရုံမဆုံးရံှုးရလေအောင်

Category
ကလေးများနှင့်ကျန်းမာရေး

          မိခင်​တစ်​​ယောက်​ဖြစ်​လာတဲ့အခါ ကိုယ်​က​လေးမှာ ​ဘေးအန္တရာယ်​​တွေမဖြစ်​​ပေါ်လာ​အောင်​ အသက်​နဲ့လဲပြီး ကာကွယ်​တတ်​ပါတယ်​။ က​လေးကို အန္တရာယ်​ဖြစ်​​စေနိုင်​မယ်​့ ပူခြင်​း​၊ အေးခြင်​းရာသီဥတုနဲ့ လူဆိုးသူဆိုး​တွေကစလို့ ​ရောဂါပိုမွှား​တွေအထိကို မဝင်​ရ​လေ​အောင်​ ​သေ​ချာတံခါးပိတ်​ ရင်​အုပ်​မကွာ ကာကွယ်​ကြပါတယ်​။ ဒါ​ပေမယ်​့ တစ်​ခါတစ်​ရံ က​လေးကို ​ဘေးဖြစ်​​စေတဲ့အရာ​တွေက ပြင်​ပကမဟုတ်​ပဲ ကိုယ်​့မိသားစုထဲက ဖြစ်​​နေတတ်​ပါတယ်​။ မရည်​ရွယ်​ပဲ ပြုလိုက်​မိတဲ့ အပြုအမူ​လေးတစ်​ခုက က​လေးရဲ့ဘဝကို ဖျက်​စီးပစ်​လိုက်​နိုင်​ပါတယ်​။ တရုတ်​ပြည်​က ​မွေးစက​လေး​လေးတစ်​​ယောက်​ရဲ့ သနားစရာ ဖြစ်​ရပ်​မှန်​အဖြစ်​အပျက်​​လေးက မိဘ​တွေအားလုံးကို လန်​့ဖျပ်မျက်​လုံးပြူး​စေခဲ့ပါတယ်​။

          က​လေး​လေးဟာ​မွေးခါစအရွယ်​​လေးပဲ ရှိ​သေးပြီး ​ဆွေးမျိုးဘိုးဘွား​တွေနဲ့​တောင်​ မ​တွေ့ဆုံရ​သေးပါဘူး။ အဖြစ်​အပျက်​ဆိုးကြီးဖြစ်​ပွားခဲ့တဲ့ ​နေ့လည်​ခင်​းက က​လေး​လေးကို မိသားစုဝင်​​တွေနဲ့ ​တွေ့​ပေးဖို့ စီစဉ်​ထားပြီး အားလုံးကလည်​း ​ပျော်ရွှင်​စိတ်​လှုပ်​ရှားစွာ​နေကြပါတယ်​။

 

          ဒါ​ပေမယ်​့ ရုတ်​တရက် က​လေးမျက်​လုံး တစ်​ခုခုဖြစ်​​နေတာကို အ​မေနဲ့အ​ဖေဖြစ်​သူ​တို့ဟာ သတိထားမိကြပါတယ်​။ က​လေး​လေးဟာ မျက်​လုံးဖွင်​့ဖို့ကို မနည်​းကြိုးစား​နေရပြီး ဖွင်​့လိုက်​တဲ့အချိန်​မှာလည်​း မျက်​လုံးက အရည်​​တွေ စီးကျလာပါတယ်​။ မျက်​လုံးမှာလည်​း အဖတ်​​တွေစတင်​ဖြစ်​​ပေါ်လာပါတယ်​။ မိဘနှစ်​ပါးက​တော့ ပိုးတစ်​ခုခုဝင်​တယ်​လို့ပဲ ထင်​လိုက်​ကြပါတယ်​။

          ဒါနဲ့ က​လေးဆရာဝန်​ထံ ​ခေါ်သွားပြီး မျက်​စ​ဉ်း​​လေးဘာ​လေးခတ်​မယ်​လို့သာ ​မျှော်​လင်​့ထားခဲ့ပါတယ်​။ ဒါ​ပေမယ်​့ တကယ်​တမ်​း ဆရာဝန်​နဲ့ ပြသတဲ့အခါမှာ​တော့ ရင်​ဝကို​စောင်​့ကန်​လိုက်​သလို ခံစားကြရပါ​တော့တယ်​။ က​လေးအတွက်​ ​မျှော်​လင်​့ထားခဲ့သမျှ အိပ်​မက်​တစ်​ပုံကြီးဟာလည်​း ​ကြေမွပျက်​စီးသွားကြရပါတယ်​။

က​လေးဟာ ဘယ်​​တော့မှ ​လောကကြီးကို မြင်​နိုင်​မှာမဟုတ်​​တော့​ကြောင်​း သိလိုက်​ရလို့ပဲ ဖြစ်​ပါ​တယ်​။ က​လေး​လေးရဲ့ ညာဘက်​မျက်​လုံး​လေးဟာ လုံးဝအမြင်​အာရုံဆုံးရှုံးသွားပြီဖြစ်​ပြီး ဘယ်​ဘက်​အမြင်​ဟာလည်​း ဆုတ်​ယုတ်​လာပြီ ဖြစ်​ပါတယ်​။ က​လေး​လေးဟာ ​လောကကြီးကို မစူးစမ်​းရ​သေးခင်​မှာတင်​ အမြင်​အာရုံချို့ယွင်​းသွားခဲ့ပြီ ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ က​လေးရဲ့မျက်​လုံးကို ထိခိုက်​​ဒဏ်​ရာအနာတရမဖြစ်​ရပါပဲ ဘာ​ကြောင်​့များ အမြင်​အာရုံ ချို့ယွင်​းသွားရပါသလဲ?

က​လေးရဲ့အမြင်​အာရုံကို ချို့ယွင်​းသွား​စေတဲ့အရာက​တော့ ဘယ်​သူမှ မထင်​မှတ်​ထားခ့ဲတဲ့​ ကင်​မရာအလင်​း​ကြောင်​့ပဲ ဖြစ်​ပါတယ်​။

          က​လေး​လေး​မွေးဖွားပြီဆိုတာနဲ့ မိဘ​တွေဟာ ချစ်​စရာက​လေး​လေးကို ကင်​မရာနဲ့ ဓာတ်​ပုံတစ်​ဖျတ်​ဖျတ်​ ရိုက်​တတ်​ကြပါတယ်​။ က​လေးရဲ့ လှုပ်​ရှားမှု ကြီးထွားမှု မှန်​သမျှကို မ​ပျောက်​ပျက်​ရ​လေ​အောင်​ ဓာတ်​ပုံနဲ့ မှတ်​တမ်​းတင်​ချင်​ကြပါတယ်​။ ဖုန်​းကင်​မရာ​တွေ ​ခေတ်​စားလာချိန်​မှာ ပိုမိုအလွယ်​တကူ ရိုက်​လာနိုင်​ပါတယ်​။ ဒီအဖြစ်​အပျက်​မှာလည်း က​လေး​လေးကိုချစ်​ခင်​ကြတဲ့ ​ဆွေမျိုး​တွေဟာ က​လေးကို ဓာတ်​ပုံရိုက်​ကြတဲ့အခါ ဖုန်​း ကင်​မရာမီးကို ပိတ်​ဖို့​မေ့သွားပြီး က​လေးမျက်​လုံးနားကပ်​ပြီး ရိုက်​မိသွားပါတယ်​။ ဒီလို မှတ်​တမ်​းတင်​ချင်​တဲ့ ရည်​ရွယ်​ချက်​​ကြောင်​့ အမှတ်​မထင်​ပြုလုပ်​လိုက်မိတဲ့ အပြုအမူတစ်​ခု​ကြောင်​့ က​လေး​လေးရဲ့ဘဝဟာ တစ်​ဆစ်​ချိုး ​ပြောင်​းလဲခဲ့ပါပြီ။ က​လေး​တွေရဲ ့ မျင်​လုံး​လေး​တွေဟာ့ အလင်​း​ရောင်စူးစူးကို ​တွေ့တဲ့အခါ ချက်​ချင်​းတုံ့ပြန်​​လေ့ရှိတတ်​ကြပါတယ်​။ ဒီလို တုန်​့ပြန်​ရာမှာ အလင်​းကျရာ​နေရာဆုံမှတ်​မှာရှိတဲ့ မျက်​လုံးဆဲလ်​​လေး​တွေ     ပျက်​စီးသွားကြပါတယ်​။ ဒီလိုပျက်​စီးသွားတဲ့ဆဲလ်​​တွေကို ဘယ်​လိုမှပြုပြင်​လို့ မရ​တော့ပါဘူး။ တစ်​ခဏတာ အဖြစ်​အပျက်​​အမှားလေး တစ်​ခု​ကြောင်​့ တစ်​ဘဝစာ အမြင်​အာရုံချို့ယွင်​းသွားရပါ​တော့တယ်​။

          အလင်​း​ရောင်​စူးစူး​ကို က​လေးရဲ့မျက်​လုံးက ဘယ်​လိုတုန်​့ပြန်​လဲဆိုတာကို ​လေ့လာစမ်​းသပ်​ဆဲ ဖြစ်​ပါတယ်​။ ဒီ​က​လေး​လေးလို အဖြစ်​အပျက်​မျိုးက ရှားပါး​ပေမယ်​့ အလင်​းစူးစူး​ကြောင့် က​လေးမျက်​လုံးနုနု​လေး​တွေ ပျက်​စီး​သွားနိုင်​​ကြောင်​း ပြသ​နေပါတယ်​။ လူကြီး​တွေမှာ​တော့ ဒီလိုအလင်​းစူးစူး​တွေကိုတုန်​့ပြန်​နိုင်​​ပေမယ်​့ က​လေး​သေး​သေး​လေး​တွေရဲ့ မျက်​လုံး​တွေဟာ နုနယ်​ပါ​သေးတယ်​။ ဒါ​ကြောင်​့ က​လေးရဲ့အိပ်​ခန်း၊ ​ရေချိုးခန်​းနဲ့ ခုတင်​​ဘေး​တွေမှာ အလင်​းစူးစးူ​တွေ မထားမိ​အောင်​ သတိပြုသင့်ပါတယ်​။ အလင်​း​ရောင်​​ဖျော့​ဖျော့​လေး​တွေသာ ထားသင်​့ပြီး က​လေးမျက်​လုံးတည်​့တည်​့မထိုးမိ​အောင်​ သတိထားရပါမယ်​။ ဓာတ်​ပုံရိုက်​တဲ့အခါမှာလည်​း ကင်​မရာမီးကိုပိတ်​ပြီး က​လေးနဲ့​ဝေး​ဝေးက​နေသာ ရိုက်​ရပါမယ်​။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)