/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးငယ်လေးတွေ-အိပ်တဲ့အခါ-ဘယ်လိုပုံစံနဲ့-သိပ်ရမလဲ

မွေးကင်းစကလေးငယ်လေးတွေ အိပ်တဲ့အခါ ဘယ်လိုပုံစံနဲ့ သိပ်ရမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘတော်တော်များများ အခက်တွေ့ရတဲ့ ပြဿနာပါပဲ။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ အောက်ပါအချက်များကို လေ့လာကြည့်လိုက်ကြရအောင်။

(၁)  ကလေးကို ပက်လက်အနေအထားနဲ့ သိပ်ပါ
ပက်လက် မသိပ်ခြင်းဟာ မွေးကင်းစကလေးငယ်လေးတွေ ရုတ်တရက် သေဆုံးမှုရဲ့ အဓိက တရားခံပါ။

(၂)  မှောက်လျက်၊ ဘေးစောင်း မအိပ်ပါစေနဲ့
မွေးကင်းစအရွယ်မှာတော့ သင်ထားသလိုပဲ ရှိနေနိုင်ပေမယ့် ဘေးစောင်းတတ်တဲ့အရွယ်မှာ သတိထားပြီး ပက်လက်အနေအထား ပြန်ထားပေးဖို့ လိုပါတယ်။

(၃)  ချည်သားအိပ်ရာခင်းကိုသာ သုံးပါ
ချည်သားမဟုတ်တဲ့ အခင်းတွေဟာ ချောနေတဲ့အတွက် ကလေးအိပ်တဲ့အခါ လိမ့်ပြီး အနေအထား ပြောင်းသွားစေနိုင်ပါတယ်။

(၄)  အစိုးရိမ်မကြီးပါနဲ့
များသောအားဖြင့် ကလေးတွေဟာ အသက် (၆) လကျော်မှ ကောင်းကောင်းလှုပ်ရှားတတ်တာကြောင့် မွေးပြီးစအချိန်မှာ အမြဲစောင့်ကြည့်နေဖို့ မလိုအပ်ပါဘူး။

Ceelin 1

(၅)  ကလေးခြေထောက်ကို ပုခက်ခြေရင်းနားမှာ ထားပါ
မိဘတွေဟာ ပုခက်ဝယ်တဲ့အခါ ကလေးထက် ပိုကြီးတဲ့ပုခက်ကိုသာ အဝယ်များကြပါတယ်။ ပုခက်က ကြီးနေတဲ့အခါမှာ ကလေးကို ပုခက်အလယ်မှာ မထားမိအောင် ဂရုစိုက်ပါ။ ကလေးခေါင်းရင်းပိုင်းက ပုခက်နေရာကို လွှတ်ထားပြီး ခြေရင်းနားမှာ ကလေးကို ထားပေးတာဟာ အကောင်းဆုံးပုံစံပါပဲ။

(၆)  စောင်သုံးခြင်း
စောင်ခြုံပေးတဲ့အခါ ကလေးရဲ့မျက်နှာကို မအုပ်မိအောင် ဂရုစိုက်ပါ။ sleeping bags တွေက စောင်လို ရွေ့မသွားနိုင်လို့ စိတ်ချရပေမယ့် ကလေး အသက် (၄) လအောက်ဆို မသုံးသင့်ပါဘူး။

(၇)  ကလေးဘေးတွင် အကာအရံများ ထားပါ
ကလေးအိပ်နေစဉ် လှုပ်ရှားတဲ့အခါ မနာကျင်အောင် ကလေးဘေးမှာ နူးညံ့တဲ့အကာအရံတွေ ထားပေးပါ။ (ဥပမာ - စောင်၊ ခေါင်းအုံး၊ ဖက်လုံး)

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Ceelin 2

(Zawgyi)

မိဘေတာ္ေတာ္မ်ားမ်ား အခက္ေတြ႕ရတဲ့ ျပႆနာပါပဲ။ ဒီျပႆနာကို ေက်ာ္လႊားႏိုင္ဖို႔ ေအာက္ပါအခ်က္မ်ားကို ေလ့လာၾကည့္လိုက္ၾကရေအာင္။

(၁)  ကေလးကို ပက္လက္အေနအထားနဲ႔ သိပ္ပါ
ပက္လက္ မသိပ္ျခင္းဟာ ေမြးကင္းစကေလးငယ္ေလးေတြ ႐ုတ္တရက္ ေသဆုံးမႈရဲ႕ အဓိက တရားခံပါ။

(၂)  ေမွာက္လ်က္၊ ေဘးေစာင္း မအိပ္ပါေစနဲ႔
ေမြးကင္းစအရြယ္မွာေတာ့ သင္ထားသလိုပဲ ရွိေနႏိုင္ေပမယ့္ ေဘးေစာင္းတတ္တဲ့အရြယ္မွာ သတိထားၿပီး ပက္လက္အေနအထား ျပန္ထားေပးဖို႔ လိုပါတယ္။

(၃)  ခ်ည္သားအိပ္ရာခင္းကိုသာ သုံးပါ
ခ်ည္သားမဟုတ္တဲ့ အခင္းေတြဟာ ေခ်ာေနတဲ့အတြက္ ကေလးအိပ္တဲ့အခါ လိမ့္ၿပီး အေနအထား ေျပာင္းသြားေစႏိုင္ပါတယ္။

(၄)  အစိုးရိမ္မႀကီးပါနဲ႔
မ်ားေသာအားျဖင့္ ကေလးေတြဟာ အသက္ (၆) လေက်ာ္မွ ေကာင္းေကာင္းလႈပ္ရွားတတ္တာေၾကာင့္ ေမြးၿပီးစအခ်ိန္မွာ အၿမဲေစာင့္ၾကည့္ေနဖို႔ မလိုအပ္ပါဘူး။

(၅)  ကေလးေျခေထာက္ကို ပုခက္ေျခရင္းနားမွာ ထားပါ
မိဘေတြဟာ ပုခက္ဝယ္တဲ့အခါ ကေလးထက္ ပိုႀကီးတဲ့ပုခက္ကိုသာ အဝယ္မ်ားၾကပါတယ္။ ပုခက္က ႀကီးေနတဲ့အခါမွာ ကေလးကို ပုခက္အလယ္မွာ မထားမိေအာင္ ဂ႐ုစိုက္ပါ။ ကေလးေခါင္းရင္းပိုင္းက ပုခက္ေနရာကို လႊတ္ထားၿပီး ေျခရင္းနားမွာ ကေလးကို ထားေပးတာဟာ အေကာင္းဆုံးပုံစံပါပဲ။

(၆)  ေစာင္သုံးျခင္း
ေစာင္ၿခဳံေပးတဲ့အခါ ကေလးရဲ႕မ်က္ႏွာကို မအုပ္မိေအာင္ ဂ႐ုစိုက္ပါ။ sleeping bags ေတြက ေစာင္လို ေရြ႕မသြားႏိုင္လို႔ စိတ္ခ်ရေပမယ့္ ကေလး အသက္ (၄) လေအာက္ဆို မသုံးသင့္ပါဘူး။

(၇)  ကေလးေဘးတြင္ အကာအရံမ်ား ထားပါ
ကေလးအိပ္ေနစဥ္ လႈပ္ရွားတဲ့အခါ မနာက်င္ေအာင္ ကေလးေဘးမွာ ႏူးညံ့တဲ့အကာအရံေတြ ထားေပးပါ။ (ဥပမာ - ေစာင္၊ ေခါင္းအုံး၊ ဖက္လုံး)

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)