/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးတွေရဲ့-လှုပ်ရှားမှုလေးတွေ-နားလည်ကြဖို့

မွေးကင်းစကလေးတွေရဲ့ လှုပ်ရှားမှုလေးတွေ နားလည်ကြဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          မွေးကင်းစကလေးလေးတွေ လက်ကလေးတွေ၊ ခြေထောက်လေးတွေ လှုပ်ရှားပုံလေးတွေက ဘာတွေများ ပြောပြနေပါလိမ့်လို့ သိချင်နေသူမေမေတို့အတွက် ဗဟုသုတ မျှေ၀လိုက်ပါတယ်။ သူတို့ ပြောချင်တာလေးတွေကို စကားမပြောတတ်သေးတော့ ကိုယ်အမူအရာနဲ့ ပြသနေတတ်တာမို့ ဘယ်လိုလေးတွေဆို ဘာတွေဖြစ်နေတတ်ပါလိမ့်ဆိုတာ ဖတ်ကြည့်လိုက်ရအောင်နော် ...

●        ခြေထောက်လေးတွေ မြှောက်ပြီး ကန်နေတဲ့အခါ စိတ်ပျော်နေလို့ပါတဲ့။ သူတို့ စိတ်ကြည်လင်နေ ပျော်ရွှင်နေလို့ပါ။ စကားလေးတွေပြောပြီး ချော့မြူပါ။

●        လက်သီးဆုပ်တာကတော့ ပုံမှန်ပါ။ သူ ကြည်လင်နေတာပဲဖြစ်ဖြစ်၊ ဗိုက်ဆာနေတာပဲဖြစ်ဖြစ် လက်သီးဆုပ်တတ်ပါတယ်။ ကလေးအသက် သုံးလကျော်ကျော်လောက်ထိ ဒီလိုပဲ ဆုပ်နေတတ်ပါတယ်။

●        ကျောကော့မယ်။ ကျောကို ကော့ပြီး ငိုတာ၊ ဂျီကျတာဟာ သူကလေး တစ်ခုခု မသက်မသာ ခံစားနေရတာကို ပြသပါတယ်။ ဗိုက်နာနေသလား၊ ပုရွက်ဆိတ် ကိုက်နေသလား တစ်ခုခုသာ ရှာပါတော့။

●        ခေါင်းကိုဆောင့်ဆောင့်ပြီး ငိုတဲ့အခါ စိတ်နည်းနည်း ပူရပါတယ်။ သူ ဒေါသကြီးတာလည်း ဖြစ်တတ်သလို ဆက်တိုက် အမြဲရှိနေတဲ့အခါ ကလေးမှာ နောက်ခံရောဂါ အကြောင်းရင်းတစ်ခုခု ရှိနေတတ်တာမို့ ကလေးဆရာ၀န်ကို တိုင်ပင်ပေးပါ။

Ceelin 1

●        နားရွက်လေးတွေကို ပွတ်တဲ့၊ ကုတ်တဲ့အခါ သွားပေါက်ကာစအချိန် ဖြစ်နေတတ်ပါတယ်။ သူ ့နားရွက်လေးကို ပွတ်ပြီး ပျော်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ခဏခဏ ကိုင်နေရင်တော့ နားကိုက်နေတာ ယားနေတတ်တာ ဖြစ်နိုင်တာမို့ ဆရာ၀န်ကို တိုင်ပင်ပါ။

●        ဒူးလေးတွေကို ကွေးချည်၊ ဆန့်ချည် လုပ်နေတဲ့အခါ ဗိုက်နာနေလို့ပါ။ လေပွနေတာ ဖြစ်နိုင်တာမို့ လေဆေးလေး တိုက်ပါ။ ၀မ်းချုပ်နေသလား သတိပြုပါ။

●        လက်မောင်းလေးတွေ ဆတ်ခနဲ လှုပ်တတ်တာ သူ လန့်နေလို့ပါ။ ဆူညံသံတစ်ခုခု ကြားပြီးတဲ့အခါ ဖြစ်တတ်ပါတယ်။ သူ့ကို အသာ ပွေ့ချီပြီး ယုယပေးပါ။ နွေးနွေးထွေးထွေးလေးနဲ့ လုံခြုံမှု ခံစားချက်လေး ပေးပါ။

          မွေးကင်းစလေးတွေ၊ လသားလေးတွေရဲ့ အမူအရာလေးတွေကို ခန့်မှန်းပြီး စကားလေးတွေအဖြစ်် ပြောင်းလဲဘာသာပြန်ပေးတာတွေကို ဗဟုသုတ တင်ပြပေးလိုက်တာမို့ မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ပိုမိုနားလည်နိုင်ကြပါပြီနော်။

ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)

Ceelin 2

(Unicode)

