မွေးကင်းစကလေး အသားဝါခြင်း
သွေးနီဥလေးတွေ ပေါက်ကွဲတဲ့အခါမှာ bilirubin လို့ခေါ်တဲ့ အဝါရောင်ခြယ်ပစ္စည်းတစ်ခု ထွက်လာပါတယ်။ ပုံမှန်ဆိုရင် အဝါရောင်ခြယ်တွေက သွေးကြောတစ်လျှောက် လိုက်ပါသွားပြီး အသည်းက ခြေဖျက်ပေးပြီး ဝမ်းထဲကနေ စွန့်ထုတ်ပေးရပါတယ်။ ဒါပေမဲ့ မွေးကင်းစလေးတွေရဲ့ အသည်းက ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် အဝါရောင်ခြယ်တွေကို မခြေဖျက်နိုင်ဘဲ သွေးထဲမှာ ပုံလာပြီး အသားတွေ၊ မျက်လုံးတွေကို ဝါစေတာပဲ ဖြစ်ပါတယ်။ တချို့ကလေးတွေကတော့ မွေးမွေးချင်း ဝါပြီး တချို့တွေကတော့ ၂ ရက်ကနေ ၇ ရက်အတွင်း ဝါလေ့ရှိပါတယ်။ ပုံမှန်ကျန်းမာတဲ့ကလေးတွေလည်း ဝါနိုင်သလို ဒီလိုအခြေအနေမှာလည်း ဝါနိုင်ပါတယ်။
● လမပြည့်ဘဲ မွေးတဲ့ကလေးတွေ
● မိခင်နို့ မလုံလောက်လို့
● မိခင်နို့နဲ့ မတည့်တာကြောင့်
● မွေးဖွားတဲ့အချိန်မှာ ထိခိုက်မိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
Biogesic for kids IA 1
>> အန္တရာယ် ဖြစ်နိုင်သလား?
ဒါတွေကြောင့် ဝါတာဆိုရင်တော့ ဂရုစိုက်ရပါမယ်။
● ရောဂါပိုးဝင်လို့
● သွေးထဲက ဓာတ်တစ်မျိုး ချို့တဲ့လို့
● သွေးဥတွေ ပုံမမှန်လို့
● အသည်းမှာ ပြဿနာရှိလို့
● အမေနဲ့ ကလေးရဲ့ သွေးအမျိုးအစား မကိုက်ညီလို့
အသားဝါတာရဲ့ နောက်ဆက်တွဲ အရေးကြီးတဲ့ရောဂါကတော့ အဝါရောင်ခြယ်တွေ ဦးနှောက်ထဲမှာ စုပုံလာလို့ဖြစ်တဲ့ kernicterus လို့ခေါ်တဲ့ ဦးနှောက် ထိခိုက်ခြင်းပါပဲ။ မကုသခဲ့ရင် နောက်ဆက်တွဲအနေနဲ့ တက်တာ၊ နားမကြားတာ၊ cerebral palsy လို့ခေါ်တဲ့ ဉာဏ်ရည်ချို့တဲ့ မသန်မစွမ်းဖြစ်တာ၊ ဖွံ့ဖြိုးမှုတွေ နောက်ကျတာ၊ နောက်ဆုံး အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။
အသားဝါတာကို အလင်းရောင်တစ်မျိုးပြပြီး ကုသတာ၊ လိုအပ်ရင် သွေးလဲပြီးကုသတာမျိုးအထိ ဆရာဝန်က လိုအပ်သလို ဆုံးဖြတ်ကုသပေးပါမယ်။ ဒါကြောင့် ကလေး အသားဝါတယ်လို့ သင့်စိတ်ထဲမှာ ထင်တာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
Dr. Htar (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ေသြးနီဥေလးေတြ ေပါက္ကြဲတဲ့အခါမွာ bilirubin လို႔ေခၚတဲ့ အဝါေရာင္ျခယ္ပစၥည္းတစ္ခု ထြက္လာပါတယ္။ ပုံမွန္ဆိုရင္ အဝါေရာင္ျခယ္ေတြက ေသြးေၾကာတစ္ေလွ်ာက္ လိုက္ပါသြားၿပီး အသည္းက ေျခဖ်က္ေပးၿပီး ဝမ္းထဲကေန စြန႔္ထုတ္ေပးရပါတယ္။ ဒါေပမဲ့ ေမြးကင္းစေလးေတြရဲ႕ အသည္းက ေကာင္းေကာင္း မဖြံ႕ၿဖိဳးေသးတဲ့အတြက္ အဝါေရာင္ျခယ္ေတြကို မေျခဖ်က္ႏိုင္ဘဲ ေသြးထဲမွာ ပုံလာၿပီး အသားေတြ၊ မ်က္လုံးေတြကို ဝါေစတာပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ကေလးေတြကေတာ့ ေမြးေမြးခ်င္း ဝါၿပီး တခ်ိဳ႕ေတြကေတာ့ ၂ ရက္ကေန ၇ ရက္အတြင္း ဝါေလ့ရွိပါတယ္။ ပုံမွန္က်န္းမာတဲ့ကေလးေတြလည္း ဝါႏိုင္သလို ဒီလိုအေျခအေနမွာလည္း ဝါႏိုင္ပါတယ္။
● လမျပည့္ဘဲ ေမြးတဲ့ကေလးေတြ
● မိခင္ႏို႔ မလုံေလာက္လို႔
● မိခင္ႏို႔နဲ႔ မတည့္တာေၾကာင့္
● ေမြးဖြားတဲ့အခ်ိန္မွာ ထိခိုက္မိတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။
>> အႏၲရာယ္ ျဖစ္ႏိုင္သလား?
ဒါေတြေၾကာင့္ ဝါတာဆိုရင္ေတာ့ ဂ႐ုစိုက္ရပါမယ္။
● ေရာဂါပိုးဝင္လို႔
● ေသြးထဲက ဓာတ္တစ္မ်ိဳး ခ်ိဳ႕တဲ့လို႔
● ေသြးဥေတြ ပုံမမွန္လို႔
● အသည္းမွာ ျပႆနာရွိလို႔
● အေမနဲ႔ ကေလးရဲ႕ ေသြးအမ်ိဳးအစား မကိုက္ညီလို႔
အသားဝါတာရဲ႕ ေနာက္ဆက္တြဲ အေရးႀကီးတဲ့ေရာဂါကေတာ့ အဝါေရာင္ျခယ္ေတြ ဦးေႏွာက္ထဲမွာ စုပုံလာလို႔ျဖစ္တဲ့ kernicterus လို႔ေခၚတဲ့ ဦးေႏွာက္ ထိခိုက္ျခင္းပါပဲ။ မကုသခဲ့ရင္ ေနာက္ဆက္တြဲအေနနဲ႔ တက္တာ၊ နားမၾကားတာ၊ cerebral palsy လို႔ေခၚတဲ့ ဉာဏ္ရည္ခ်ိဳ႕တဲ့ မသန္မစြမ္းျဖစ္တာ၊ ဖြံ႕ၿဖိဳးမႈေတြ ေနာက္က်တာ၊ ေနာက္ဆုံး အသက္ဆုံးရႈံးတာအထိ ျဖစ္ႏိုင္ပါတယ္။
အသားဝါတာကို အလင္းေရာင္တစ္မ်ိဳးျပၿပီး ကုသတာ၊ လိုအပ္ရင္ ေသြးလဲၿပီးကုသတာမ်ိဳးအထိ ဆရာဝန္က လိုအပ္သလို ဆုံးျဖတ္ကုသေပးပါမယ္။ ဒါေၾကာင့္ ကေလး အသားဝါတယ္လို႔ သင့္စိတ္ထဲမွာ ထင္တာနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ရပါမယ္။
Dr. Htar (www.drmyanmar.com)






























