မွေးကင်းစလေးတွေရဲ့ မေမေတို့ သိကောင်းစရာများ
တစ်လအောက် မွေးကင်းစဘေဘီလေးတွေရဲ့ မေမေတို့ဖတ်ဖို့ အရေးကြီးတဲ့အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
● မိခင်နို့ တိုက်ပါ၊ မိခင်နို့တိုက်တဲ့မေမေတွေ ပိုမိုကျန်းမာသလို ဘေဘီလေးအနေနဲ့လည်း ရောဂါကင်းပြီး ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးလေး ဖြစ်လာမှာနော်။
● မွေးကင်းစလေးတွေဟာ အမြဲနို့ဆာနေတာပါ၊ တိုက်တိုင်း သူတို့သောက်ပါတယ်။ မိခင်နို့သာ သူတို့ရဲ့ တစ်ခုတည်းသော အာဟာရပါ။
● နို့တိုက်တဲ့အနေအထားမှန်ကို ဆရာဝန်၊ ဆရာမများဆီကနေ သင်ကြားပါ။
● နို့မတိုက်ခင် ရေတစ်ခွက် အဝသောက်ပါ။ ဆီးသွားထားပါ။
● နို့မတိုက်ခင် တင်းမာနေတဲ့နို့အုံကို ရေနွေးဝတ်လေး ကပ်ပေးပါ။
● နို့မှာ အနာဖြစ်ရင်၊ ယောင်ရင် ရေခဲကပ်ပါ။
● အကြောင်းအမျိုးမျိုးကြောင့် နို့မတိုက်ချင်ဘဲ နို့ဘူးပဲတိုက်ချင်တယ်ဆိုရင် ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါဦး။
● သူတို့ နို့သောက်ရင်သောက်၊ မသောက်ရင် အိပ်တာပါပဲ။ မိခင်တွေက တကယ်ကို ပင်ပန်းကြရှာပါတယ်။ ရင်သွေးလေး အိပ်တာနဲ့ ချက်ချင်းလှဲချ အနားယူလိုက်ပါဦး။
● ကလေးအဖေကို ကလေးပြုစုရာမှာ ပါဝင်ပါစေ။ မေမေတစ်ယောက်တည်း အပင်ပန်းမခံပါနဲ့။
● ခင်ပွန်းသည်ကို ကလေး ကူထိန်းပါစေ။ ဟင်းချက်ပါစေ။
● မွေးကင်းစ ကလေးလေး ညမအိပ်ရင် စိတ်ညစ်မနေပါနဲ့။ သူတို့ရဲ့အိပ်ချိန်က မမှန်သေးပါဘူး။ နို့တိုက်ပြီး အိပ်သွားရင် နေ့ရောညရော အိုကေပါတယ်။
● နို့တိုက်နေရင်း ရင်သွေးလေးကို ယုယုယယ ဖက်ထားပါ။ ဂျီကျတတ်တဲ့ဘေဘီတွေကို ပိုထွေးပွေ့ပါ။
● တေးသီချင်း အေးအေးလေးတွေနဲ့ ချော့မြူပါ။ သူတို့က သီချင်းကြိုက်ကြတယ်နော်။ အသံ နားထောင်တတ်တာ မမွေးခင် ကတည်းကပါ။
Ceelin 1
● ရင်သွေးလေးတွေဟာ အပူချိန် အပြောင်းအလဲကို ခံနိုင်ရည်မရှိကြပါဘူး။ ဒိုက်ပါ လဲပေးနေချိန်မှာတောင် ပြတင်းပေါက်တွေ ပိတ်ထားပါ။ လေတိုက်မခံပါနဲ့။
● ချက်ကြွေတာနဲ့ ရေနွေးနွေးလေးစပ်ပြီး ရေချိုးပေးလို့ရပြီလေ။
● မိတ်ဆွေတွေ အကြံပေးတိုင်း လုပ်စရာ မလိုပါဘူး။ မိခင်ကသာ ကလေးအကြောင်း အသိဆုံးပါနော်။ ဘာမဆို ဆရာ၀န်၊ ဆရာမကိုသာ ပြောပြတိုင်ပင်ပါ။
● အိမ်အလုပ်တွေ အကုန်မေ့လိုက်ပါ။ အကူခေါ်ပါ။ အပင်ပန်းဆုံးကာလပါနော်။
● သူငယ်ချင်းတွေ အိမ်လာလည်ပါစေ။ ဆွေမျိုးတွေကို ဖိတ်ပါ။ စကားစမြည်ပြောဆိုပါ။ မေမေလည်း စိတ်ဖိစီးမှု လျော့တာပေါ့။
● သွားလေရာ ကလေးခေါ်သွားတာထက် ကလေးနဲ့ အဆင်ပြေပါ့မလား အရင်စဉ်းစားပါဦး။
● သွားလေရာ ဒိုက်ပါထုပ် ယူသွားပါ။
● မေမေ့အတွက်လည်း လဲစရာအ၀တ် အပိုတစ်စုံ အမြဲထည့်သွားပါ။
မွေးကင်းစဘေဘီလေးကြောင့် ကသိကအောင့်ဖြစ်ရတာ များပေမယ့် သူလေးရဲ့မျက်နှာလေး မြင်ရရင်ကို ပျော်သွားတတ်တဲ့ မေမေတို့သဘာဝကတော့ လေးစားစရာပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)






























