မွေးကင်းစလေးတွေ ဘာလို့အရမ်းအိပ်
မွေးကင်းစ ကလေးငယ်ငယ်လေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အအိပ်များတတ်ကြတယ်။ ဒါကြောင့် နို့စို့နေရင်းလည်း အိပ်ပျော်ပျော်သွားတတ်ကြတာပါ။ မွေးခါစမှာ ကလေးတွေဟာ အမေ ကလေးမွေးစဉ် သုံးခဲ့တဲ့ဆေးတွေကြောင့် ပင်ပန်းနွမ်းနယ်နေတတ်ကြတယ်။ ဒါ့အပြင် တချို့ကလေးတွေဟာ သူတို့ကိုယ်နှိုက်ကကို အရမ်းအိပ်တတ်ကြတယ်။ ဒါကြောင့် ဒီလိုအရွယ်လေးတွေမှာ နို့တိုက်ဖို့ နှိုးရတတ်တယ်။
တဖြည်းဖြည်းနဲ့ ရက်သတ္တပတ် နည်းနည်းကြာလာတာနဲ့အမျှ နို့တိုက်ချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ကြာကြာ အိပ်ခိုင်းလို့ရလာပြီ။ ကလေး အသက် ၅ ပတ်လောက်ရှိလာရင် တစ်ခါအိပ် ၅ နာရီလောက်ထိ အိပ်လို့ရတယ်။ အထူးသဖြင့် ညဘက်တွေမှာပေါ့။ ၂ လလောက် ရှိလာရင်တော့ တစ်ရက်ကို နို့ ၈ ကြိမ်လောက်ကနေ ၁၀ ကြိမ်လောက်ထိ စို့ပြီး ကိုယ်အလေးချိန်လည်း မှန်မှန်တိုးနေတယ်ဆိုရင် သူ ကြိုက်သလောက်ကို အိပ်ပါစေ။
Ceelin 1
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
ကလေး အသားတွေဝါနေရင်၊ ဖျားနာနေရင်၊ ပိုးဝင်နေရင်နဲ့ တခြားအကြောင်းရင်းတွေ အများကြီးကြောင့် အိပ်ငိုက်တတ်ကြတယ်။ ကလေး ပုံမှန်ထက်ကို အိပ်နေတယ်လို့ထင်ရင် ဒါမှမဟုတ် နို့တိုက်ဖို့တောင် ကလေးကို လွယ်လွယ်နှိုးမရရင် ကလေးဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။
Ceelin 2
(Unicode)






























