/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစ-သားသားမီးမီးတွေ-ခဏခဏငိုတာ-ဘာလို့လဲ

မွေးကင်းစ သားသားမီးမီးတွေ ခဏခဏငိုတာ ဘာလို့လဲ

Category
ကလေးများနှင့်ကျန်းမာရေး

          ချော့မရအောင်ငိုတဲ့ သားသားမီးမီးကို ဘယ်လိုချော့ရမလဲ၊ အကြံအိုက်နေတဲ့ မေမေတို့အတွက် မွေးကင်းစကလေးငယ်တွေရဲ့ ငိုသံအဓိပ္ပာယ်လေးတွေကို ဖွင့်ဆိုတင်ပြပေးလိုက်တယ်နော်။

♦        ဗိုက်ဆာနေလို့ပါ။ နာရီအနည်းငယ်ခြားပြီး မကြာခဏနို့တိုက်ပါ။ မဆာလည်း တိုက်၊ ဆာလည်း တိုက်ပါ။

♦        ကိုယ်စားလိုက်တဲ့ထဲမှာ ကလေးနဲ့ မတည့်တာ ပါခဲ့မယ်ထင်ရင် ရှောင်ပါ။

♦        ဗိုက်မဆာပေမယ့် တစ်ခုခုကို စိတ်သက်သာရာရအောင် စုပ်နေချင်တာပါ။ ဘွားဘွားရဲ့နို့ပိန်ကြီးတို့၊ ချိုလိမ်တို့က သူ့ကို စိတ်ပျော်စေပါတယ်။

♦        သူလေးကို အပြင်ခေါ်သွားပြီး အပြန် သိပ်ပင်ပန်းသွားရင်လည်း သူလေးက ဂျီကျနေတတ်ပါတယ်။

♦        သေးစိုနေရင်လည်း အရမ်းငိုတယ်နော်။

♦        ချီပြီး အပြင်ထွက်ခံချင်လို့ပါ။

♦        အနှီးလေးနဲ့ ထွေးပွေ့ပြီး ယုယတာ ခံချင်လို့ပါ။

♦        ပတ်ဝန်းကျင်မှာ သိပ်ဆူရင်၊ မိသားစုဝင်တွေ ရန်ဖြစ်ရင်လည်း သူတို့ ထအော်ပြန်ပါတယ်။

♦        လေပွနေလို့ပါ။ တစ်ရက်ကို သုံးနာရီထက်ပိုပြီး ကြာကြာငိုနေရင် သူလေး ဗိုက်နာနေပြီ။

 

          မေမေလည်း ဂရုစိုက် နေထိုင်ပေးနော်။ ကလေးငိုတော့ စိတ်ရှုပ်နေရပြီ မဟုတ်လား။

●        အပြင်ထွက် ဈေးဝယ်ပါ။

●        ကောင်းကောင်းစားပါ။

●        ဖြည်းဖြည်းချင်း သူလေးအကျင့်ရ အငိုတိတ်မှာမို့ စိတ်လျှော့လိုက်ပါ။

●        ကလေးငယ်၊ အစာမဝင်၊ မအိပ်ဘဲ ဂျီကျနေရင်တော့ ဆရာဝန် ပြသပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)