မွေးကင်းလေးတွေမှာ မှက်ခရုနဲ့ လျှာနို့တက်တာကို ဘယ်လိုခွဲမလဲ
ကလေးလေးတစ်ယောက် ဘဝထဲကို ရောက်လာပြီဆိုတာနဲ့ အရာရာပြောင်းလဲသွားတယ်နော်။ မိခင်တစ်ယောက်ဘဝကို ရောက်လာပြီဆိုတာနဲ့ တွေ့ကြုံရမယ့် သင်ယူရမယ့်အရာတွေ အများကြီး ရှိလာတော့တာပါပဲ။ ကျန်းမာရေးအခြေအနေ အမျိုးမျိုးကစလို့ပေါ့။ ဖြစ်လေ့ရှိတဲ့ အရာတစ်ခုကတော့ လျှာမှာ အဖြူပြင်ကြီး ဖြစ်နေတဲ့ အခြေအနေတစ်ခုပါ။ ရိုးရိုးလျှာနို့တက်တာလား? မှက်ခရုပေါက်တာလား? ဆိုတာကို ခွဲခြားဖို့လိုလာပါပြီ။
I. ဘယ်လိုခွဲကြမလဲ?
>> လျှာနို့တက်ခြင်း
မွေးကင်းစကလေးတိုင်းရဲ့လျှာမှာ ဒီလိုအဖြူပြင်လွှာ တက်နေတာကို တွေ့ရတတ်တယ်။ ပထမ ၆ လအတွင်းမှာ သူတို့အတွက် စားစရာ သောက်စရာက နို့ပဲရှိတာဆိုတော့ သိပ်တော့ မထူးဆန်းလှပါဘူး။ ဖော်မြူလာနို့စို့ရတဲ့ ကလေးတွေမှာ ဒီအဖြူပြင်လွှာ ပိုထူတတ်တယ်။
ဒါပေမဲ့ များသောအားဖြင့်တော့ ကလေးနို့စို့ရင်းပဲဖြစ်ဖြစ်၊ အာခေါင်နဲ့လျှာနဲ့ ပွတ်တိုက်မိလို့ပဲဖြစ်ဖြစ် သူ့အလိုလို ကွာသွားတတ်တာ များတယ်။ တကယ်လို့ လျှာက အာခေါင်ကို မရောက်ဘူးဆိုရင်တော့ အဖြူပြင်ကြီးက ဒီအတိုင်းကြီး ရှိနေတတ်တယ်။
ဒီလို မထိမိတာဟာ -
● လျှာခင်တိုနေခြင်း : လျှာနဲ့ ပါးစပ်အောက်ခြေကို တွယ်ပေးထားတဲ့ လျှာခင်တိုနေတဲ့အခါ လျှာလှုပ်ရှားမှုကို ကန့်သတ်ထားတာကြောင့် အာခေါင်ကို မရောက်နိုင်ဘူး။
● အာခေါင်မြင့်နေခြင်း : လျှာနဲ့ မထိတွေ့ရအောင် အာခေါင်မြင့်နေခဲ့ရင်လည်း လျှာမှာ နို့တွေ ကပ်နေမှာပါပဲ။ ဒီလို အာခေါင်မြင့်နေတယ်ထင်ရင် ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးကြည့်ပါ။
>> မှက်ခရု
မှက်ခရုတွေဟာ မွေးကင်းစတွေနဲ့ နည်းနည်းကြီးနေပြီဖြစ်တဲ့ ကလေးကြီးတွေမှာတောင် တွေ့ရတတ်တာမို့ မလန့်သွားပါနဲ့။
မှက်ခရုဆိုတာဟာ Candida Albicansဆိုတဲ့ မှိုပိုးကြောင့်ဖြစ်တယ်။ ပုံမှန်လူတစ်ယောက်ရဲ့ ပါးစပ်ထဲမှာရှိလေ့ရှိတဲ့ မှိုပိုးတစ်မျိုးဖြစ်ပြီး ဘာပြဿနာမှ ပေးလေ့မရှိဘူး။ ဒါပေမဲ့ တစ်ခါတလေ ပုံမှန်ထက် ပိုပွားလာပြီး ဒုက္ခပေးတတ်တယ်။
>> ဘာကြောင့် မှက်ခရု ပေါက်တာလဲ?
လတ်တလောမှာ ပိုးသတ်ဆေး သောက်ထားရတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဖြစ်နိုင်တယ်။ ပိုးသတ်ဆေးကြောင့် ကလေးပါးစပ်ထဲက ကောင်းတဲ့ဘတ်တီးရီးယားပိုးတွေ သေသွားပြီး မှိုပိုးတွေ ပွားလာတော့တာပေါ့။
ပြီးတော့ အမေ့မှာ မိန်းမကိုယ်မှက်ခရု ရှိနေရင်သော်လည်းကောင်း၊ အမေ ပိုးသတ်ဆေး အကြာကြီး သောက်ထားရရင်သော်လည်းကောင်း ကလေးမှာ မှက်ခရု ပိုဖြစ်နိုင်တယ်။
နို့တိုက်နေစဉ် အမေ့နို့သီးခေါင်းကနေလည်း မှက်ခရု ကူးတတ်သေးတယ်။
Ceelin 1
II. ဒီတေ့ာ သူတို့နှစ်ခုအကြောင်း သိသွားပြီဆိုရင် ဖြစ်နေတဲ့ပြဿနာကို ပြန်ကြည့်ကြရအောင်။
>> လျှာနို့တက်တာနဲ့ မှက်ခရုနဲ့ ဘယ်လိုခွဲမလဲ?
လွယ်ပါတယ်။ လျှာနို့တက်တာဆိုရင် အဝတ်ပျော့ပျော့ စိုစိုလေးနဲ့ ပွတ်လိုက်ရုံနဲ့ ထွက်လာပေမယ့် မှက်ခရုဆိုရင်တော့ လွယ်လွယ်နဲ့ မပျောက်သွားဘဲ ခွာဖို့ကြိုးစားရင် သွေးတွေထွက်ပြီး နို့စို့ချိန် နာနေ၊ ဂျီကျနေလိမ့်မယ်။
III. မှက်ခရုကို ဘယ်လိုကုကြမလဲ?
မှက်ခရုဆိုတိုင်း ကြောက်စရာတော့ မဟုတ်ဘူးနော်။ ပါးစပ်ထဲလိမ်းတဲ့ မှိုပိုးသတ်ဆေး ဂျယ်လ်လေးတွေ လိမ်းရုံနဲ့တင် သက်သာလိမ့်မယ်။ ပါးစပ်ကနေသောက်ဖို့ ဆေးရည်လေးလည်း ပေးချင်ပေးလိမ့်မယ်။
IV. မှက်ခရု မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ -
● ကိုယ်ဝန်ဆောင်မေမေမှာ မိန်းမကိုယ်မှက်ခရုပေါက်နေရင် ကလေးမွေးတုန်း မကူးစက်အောင် ကာကွယ်ဖို့ လိုတယ်။
● နို့တိုက်မိခင်တစ်ယောက်မှာ နို့သီးခေါင်းတစ်ဝိုက် မှက်ခရုပေါက်နေရင် ချက်ချင်းကုဖို့ လိုတယ်။ မဟုတ်ရင်တော့ အမေကနေ ကလေး၊ ကလေးကနေ အမေ တစ်လှည့်စီ ကူးနေမှာပဲ။
● ပိုးသတ်ဆေး ကြာကြာသောက်နေရရင် ကောင်းတဲ့ပိုးတွေ မသေအောင် probiotic တွေ သောက်ဖို့လိုတယ်။
● ကလေး သေးခံလဲပြီးရင်လည်း လက်ကို သေချာဆေးကြောဖို့ လိုတယ်။ အစာခြေစနစ်ကနေလည်း ကူးစက်နိုင်တာမို့ ကာကွယ်ဖို့ လိုတာပေါ့။
Ceelin 2
(Zawgyi)
ကေလးေလးတစ္ေယာက္ ဘဝထဲကို ေရာက္လာၿပီဆိုတာနဲ႔ အရာရာေျပာင္းလဲသြားတယ္ေနာ္။ မိခင္တစ္ေယာက္ဘဝကို ေရာက္လာၿပီဆိုတာနဲ႔ ေတြ႕ၾကဳံရမယ့္ သင္ယူရမယ့္အရာေတြ အမ်ားႀကီး ရွိလာေတာ့တာပါပဲ။ က်န္းမာေရးအေျခအေန အမ်ိဳးမ်ိဳးကစလို႔ေပါ့။ ျဖစ္ေလ့ရွိတဲ့ အရာတစ္ခုကေတာ့ လၽွာမွာ အျဖဴျပင္ႀကီး ျဖစ္ေနတဲ့ အေျခအေနတစ္ခုပါ။ ရိုးရိုးလၽွာနို႔တက္တာလား? မွက္ခ႐ုေပါက္တာလား? ဆိုတာကို ခြဲျခားဖို႔လိုလာပါၿပီ။
I. ဘယ္လိုခြဲၾကမလဲ?
>> လၽွာနို႔တက္ျခင္း
ေမြးကင္းစကေလးတိုင္းရဲ့လၽွာမွာ ဒီလိုအျဖဴျပင္လႊာ တက္ေနတာကို ေတြ႕ရတတ္တယ္။ ပထမ ၆ လအတြင္းမွာ သူတို႔အတြက္ စားစရာ ေသာက္စရာက နို႔ပဲရွိတာဆိုေတာ့ သိပ္ေတာ့ မထူးဆန္းလွပါဘူး။ ေဖာ္ျမဴလာနို႔စို႔ရတဲ့ ကေလးေတြမွာ ဒီအျဖဴျပင္လႊာ ပိုထူတတ္တယ္။
ဒါေပမဲ့ မ်ားေသာအားျဖင့္ေတာ့ ကေလးနို႔စို႔ရင္းပဲျဖစ္ျဖစ္၊ အာေခါင္နဲ႔လၽွာနဲ႔ ပြတ္တိုက္မိလို႔ပဲျဖစ္ျဖစ္ သူ႔အလိုလို ကြာသြားတတ္တာ မ်ားတယ္။ တကယ္လို႔ လၽွာက အာေခါင္ကို မေရာက္ဘူးဆိုရင္ေတာ့ အျဖဴျပင္ႀကီးက ဒီအတိုင္းႀကီး ရွိေနတတ္တယ္။
ဒီလို မထိမိတာဟာ -
● လၽွာခင္တိုေနျခင္း : လၽွာနဲ႔ ပါးစပ္ေအာက္ေျခကို တြယ္ေပးထားတဲ့ လၽွာခင္တိုေနတဲ့အခါ လၽွာလႈပ္ရွားမႈကို ကန႔္သတ္ထားတာေၾကာင့္ အာေခါင္ကို မေရာက္နိုင္ဘူး။
● အာေခါင္ျမင့္ေနျခင္း : လၽွာနဲ႔ မထိေတြ႕ရေအာင္ အာေခါင္ျမင့္ေနခဲ့ရင္လည္း လၽွာမွာ နို႔ေတြ ကပ္ေနမွာပါပဲ။ ဒီလို အာေခါင္ျမင့္ေနတယ္ထင္ရင္ ဆရာဝန္နဲ႔ျပၿပီး ေသခ်ာစစ္ေဆးၾကည့္ပါ။
>> မွက္ခ႐ု
မွက္ခ႐ုေတြဟာ ေမြးကင္းစေတြနဲ႔ နည္းနည္းႀကီးေနၿပီျဖစ္တဲ့ ကေလးႀကီးေတြမွာေတာင္ ေတြ႕ရတတ္တာမို႔ မလန႔္သြားပါနဲ႔။
မွက္ခ႐ုဆိုတာဟာ Candida Albicansဆိုတဲ့ မွိုပိုးေၾကာင့္ျဖစ္တယ္။ ပုံမွန္လူတစ္ေယာက္ရဲ့ ပါးစပ္ထဲမွာရွိေလ့ရွိတဲ့ မွိုပိုးတစ္မ်ိဳးျဖစ္ၿပီး ဘာျပႆနာမွ ေပးေလ့မရွိဘူး။ ဒါေပမဲ့ တစ္ခါတေလ ပုံမွန္ထက္ ပိုပြားလာၿပီး ဒုကၡေပးတတ္တယ္။
>> ဘာေၾကာင့္ မွက္ခ႐ု ေပါက္တာလဲ?
လတ္တေလာမွာ ပိုးသတ္ေဆး ေသာက္ထားရတယ္ဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္နိုင္တယ္။ ပိုးသတ္ေဆးေၾကာင့္ ကေလးပါးစပ္ထဲက ေကာင္းတဲ့ဘတ္တီးရီးယားပိုးေတြ ေသသြားၿပီး မွိုပိုးေတြ ပြားလာေတာ့တာေပါ့။
ၿပီးေတာ့ အေမ့မွာ မိန္းမကိုယ္မွက္ခ႐ု ရွိေနရင္ေသာ္လည္းေကာင္း၊ အေမ ပိုးသတ္ေဆး အၾကာႀကီး ေသာက္ထားရရင္ေသာ္လည္းေကာင္း ကေလးမွာ မွက္ခ႐ု ပိုျဖစ္နိုင္တယ္။
နို႔တိုက္ေနစဥ္ အေမ့နို႔သီးေခါင္းကေနလည္း မွက္ခ႐ု ကူးတတ္ေသးတယ္။
II. ဒီေတ့ာ သူတို႔ႏွစ္ခုအေၾကာင္း သိသြားၿပီဆိုရင္ ျဖစ္ေနတဲ့ျပႆနာကို ျပန္ၾကည့္ၾကရေအာင္။
>> လၽွာနို႔တက္တာနဲ႔ မွက္ခ႐ုနဲ႔ ဘယ္လိုခြဲမလဲ?
လြယ္ပါတယ္။ လၽွာနို႔တက္တာဆိုရင္ အဝတ္ေပ်ာ့ေပ်ာ့ စိုစိုေလးနဲ႔ ပြတ္လိုက္႐ုံနဲ႔ ထြက္လာေပမယ့္ မွက္ခ႐ုဆိုရင္ေတာ့ လြယ္လြယ္နဲ႔ မေပ်ာက္သြားဘဲ ခြာဖို႔ႀကိဳးစားရင္ ေသြးေတြထြက္ၿပီး နို႔စို႔ခ်ိန္ နာေန၊ ဂ်ီက်ေနလိမ့္မယ္။
III. မွက္ခ႐ုကို ဘယ္လိုကုၾကမလဲ?
မွက္ခ႐ုဆိုတိုင္း ေၾကာက္စရာေတာ့ မဟုတ္ဘူးေနာ္။ ပါးစပ္ထဲလိမ္းတဲ့ မွိုပိုးသတ္ေဆး ဂ်ယ္လ္ေလးေတြ လိမ္း႐ုံနဲ႔တင္ သက္သာလိမ့္မယ္။ ပါးစပ္ကေနေသာက္ဖို႔ ေဆးရည္ေလးလည္း ေပးခ်င္ေပးလိမ့္မယ္။
IV. မွက္ခ႐ု မျဖစ္ေအာင္ ကာကြယ္နိုင္မယ့္ နည္းလမ္းေတြကေတာ့ -
● ကိုယ္ဝန္ေဆာင္ေမေမမွာ မိန္းမကိုယ္မွက္ခ႐ုေပါက္ေနရင္ ကေလးေမြးတုန္း မကူးစက္ေအာင္ ကာကြယ္ဖို႔ လိုတယ္။
● နို႔တိုက္မိခင္တစ္ေယာက္မွာ နို႔သီးေခါင္းတစ္ဝိုက္ မွက္ခ႐ုေပါက္ေနရင္ ခ်က္ခ်င္းကုဖို႔ လိုတယ္။ မဟုတ္ရင္ေတာ့ အေမကေန ကေလး၊ ကေလးကေန အေမ တစ္လွည့္စီ ကူးေနမွာပဲ။
● ပိုးသတ္ေဆး ၾကာၾကာေသာက္ေနရရင္ ေကာင္းတဲ့ပိုးေတြ မေသေအာင္ probiotic ေတြ ေသာက္ဖို႔လိုတယ္။
● ကေလး ေသးခံလဲၿပီးရင္လည္း လက္ကို ေသခ်ာေဆးေၾကာဖို႔ လိုတယ္။ အစာေျခစနစ္ကေနလည္း ကူးစက္နိုင္တာမို႔ ကာကြယ္ဖို႔ လိုတာေပါ့။






























