ရက်ရှည်ချောင်းဆိုးနေတဲ့ ဘေဘီလေးတွေမှာ တွေ့ရတတ်တဲ့ နားပြည်ယိုရောဂါ
နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးရင်ကြပ် ချွဲထပြီး အအေးမိနေတဲ့ ဘေဘီလေးတွေရဲ့ နားမှာ ပိုးဝင်နေတဲ့ပြသနာပါ တွဲဖက်ပါဝင်နေတတ်ပါတယ်။ နားတွင်းမှာ ပိုးကူးစက်နေတဲ့ ပြဿနာရှိနေတဲ့ ဘေဘီလေးတွေမှာ အောက်ပါလက္ခဏာလေးတွေပါ ရှိနေတတ်တာကို သတိပြုနိုင်ကြဖို့ မျှဝေလိုက်ပါတယ်။ အအေးမိရောဂါပိုးဟာ လေပြွန်တွေကိုသာမက နားစည်နားပြွန်တွေကိုပါ ဆင့်ပွားရောင်ရမ်းစေပါတယ်။
● နှာရည် တရွှဲရွှဲကျခြင်း
● အအေးမိ နှာပိတ်ခြင်း
● နုံးခွေနေခြင်း
● ချောင်းဆိုးခြင်းတွေပါ ဖြစ်ပေါ်ခံစားနေရတတ်ပါတယ်။
Solmux Kids 1

နားမှာ ရောဂါပိုးကူးစက်နေကြောင်း ပြသနေတဲ့ အခြေအနေတွေ ရှိ၊ မရှိ ကလေးလေးတွေကို ဂရုတစိုက်ကြည့်လိုက်ပါဦး။
● နှာခေါင်းကနေ စိမ်းဝါရောင် ထူထူပျစ်ပျစ် အကျိအချွဲတွေထွက်တဲ့ အခြေအနေရှိခဲ့ရင် နားကို ရောဂါပြန့်ပွားနိုင်တဲ့ အခြေအနေပါ။
● ရင်သွေးလေးရဲ့နားကနေ အရည်ကြည် သို့မပာုတ် ပြည်ရောင်အရည်တွေ ထွက်ပါတယ်။
● ရင်သွေးလေးက ပက်လက်အိပ်လေ့ရှိတဲ့အခါ အရည်တွေဟာ နားပြွန်ထဲမှာ စုနေပြီး နားစည်ကို ပိနေတဲ့အပြင် အရည်တွေ အလွယ်တကူ မထုတ်နိုင်ပါဘူး။ အိပ်နေရင်း သူ နေရခက်နေတာ မြင်နိုင်ပါတယ်။
● ကိုယ်မေးတာ တခြား သူလေး ဖြေတာတခြား ဖြစ်နေတတ်ရင် အကြားအာရုံ စတင်ထိခိုက်နေတာကို ပြသပါတယ်။
● မေမေ၊ ဖေဖေက လှမ်းခေါ်နေပေမယ့် သူလေး မကြားတာတွေ ဖြစ်နိုင်ပါတယ်။
● အရင်လို စကားသံ တီတီတာတာတွေ သိပ်မပြောတော့ဘဲ ကလေးက နည်းနည်း ငြိမ်ကျသွားတတ်တာမျိုး တွေ့နိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Solmux Kids 2

(Zawgyi)
ႏွစ္ပတ္ထက္ပိုၿပီး ေခ်ာင္းဆိုးရင္ၾကပ္ ခၽြဲထၿပီး အေအးမိေနတဲ့ ေဘဘီေလးေတြရဲ့ နားမွာ ပိုးဝင္ေနတဲ့ျပသနာပါ တြဲဖက္ပါဝင္ေနတတ္ပါတယ္။ နားတြင္းမွာ ပိုးကူးစက္ေနတဲ့ ျပႆနာရွိေနတဲ့ ေဘဘီေလးေတြမွာ ေအာက္ပါလကၡဏာေလးေတြပါ ရွိေနတတ္တာကို သတိျပဳနိုင္ၾကဖို႔ မၽွေဝလိုက္ပါတယ္။ အေအးမိေရာဂါပိုးဟာ ေလႁပြန္ေတြကိုသာမက နားစည္နားႁပြန္ေတြကိုပါ ဆင့္ပြားေရာင္ရမ္းေစပါတယ္။
● ႏွာရည္ တရႊဲရႊဲက်ျခင္း
● အေအးမိ ႏွာပိတ္ျခင္း
● ႏုံးေခြေနျခင္း
● ေခ်ာင္းဆိုးျခင္းေတြပါ ျဖစ္ေပၚခံစားေနရတတ္ပါတယ္။
နားမွာ ေရာဂါပိုးကူးစက္ေနေၾကာင္း ျပသေနတဲ့ အေျခအေနေတြ ရွိ၊ မရွိ ကေလးေလးေတြကို ဂ႐ုတစိုက္ၾကည့္လိုက္ပါဦး။
● ႏွာေခါင္းကေန စိမ္းဝါေရာင္ ထူထူပ်စ္ပ်စ္ အက်ိအခၽြဲေတြထြက္တဲ့ အေျခအေနရွိခဲ့ရင္ နားကို ေရာဂါျပန႔္ပြားနိုင္တဲ့ အေျခအေနပါ။
● ရင္ေသြးေလးရဲ့နားကေန အရည္ၾကည္ သို႔မပာုတ္ ျပည္ေရာင္အရည္ေတြ ထြက္ပါတယ္။
● ရင္ေသြးေလးက ပက္လက္အိပ္ေလ့ရွိတဲ့အခါ အရည္ေတြဟာ နားႁပြန္ထဲမွာ စုေနၿပီး နားစည္ကို ပိေနတဲ့အျပင္ အရည္ေတြ အလြယ္တကူ မထုတ္နိုင္ပါဘူး။ အိပ္ေနရင္း သူ ေနရခက္ေနတာ ျမင္နိုင္ပါတယ္။
● ကိုယ္ေမးတာ တျခား သူေလး ေျဖတာတျခား ျဖစ္ေနတတ္ရင္ အၾကားအာ႐ုံ စတင္ထိခိုက္ေနတာကို ျပသပါတယ္။
● ေမေမ၊ ေဖေဖက လွမ္းေခၚေနေပမယ့္ သူေလး မၾကားတာေတြ ျဖစ္နိုင္ပါတယ္။
● အရင္လို စကားသံ တီတီတာတာေတြ သိပ္မေျပာေတာ့ဘဲ ကေလးက နည္းနည္း ၿငိမ္က်သြားတတ္တာမ်ိဳး ေတြ႕နိုင္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























