ရင်သွေးငယ်တို့ မှတ်ဉာဏ်တိုးစေဖို့ ...
1. ရုပ်လုံးဖော်နိုင်တဲ့စွမ်းရည် မြင့်တက်ပါစေ။
ဥပမာ - ကလေးကို လူငါးယောက်အတွက် စားပွဲတစ်ခု စီစဉ်ခိုင်းတယ်ဆိုရင် သူ့ကိုစားပွဲပုံစံကို စိတ်ကူးထဲမှာ အရင်ပုံဖော်ခိုင်းပါ။ ပြီးမှ အဲဒီပုံကိုချပြီး ရေးဆွဲစေပါ။
2. ပုံဖော်မှတ်ဉာဏ်ကို တိုးတက်စေတဲ့ ကစားနည်းတွေ အကြံပေးပါ။
ကလေးကို မဂ္ဂဇင်းစာမျက်နှာတစ်ခုလောက် ပေးဖတ်ပြီး ဒီထဲမှာပါတဲ့ စာလုံးတစ်လုံး (သို့) စကားလုံးတစ်ခုကို လေထဲမှာ ရေးပြခိုင်းတာမျိုးလေးတွေ လုပ်ပေးပါ။
3. ကဒ်နဲ့ ကစားရတဲ့ ကစားနည်းတွေ ကစားပါ။
Crazy Eights, Uno, Go Fish, War စတဲ့ ရိုးရှင်းတဲ့ ကားချပ်ဂိမ်းလေးတွေက မှတ်ဉာဏ် အလုပ်လုပ်နိုင်စွမ်းကို နည်းလမ်း ၂ မျိုးနဲ့ တိုးတက်စေပါတယ်။
4. စာဖတ်ကျင့်ပေးပါ။
စာတစ်ခု ဖတ်တဲ့အခါမှာ မှတ်စုလေးတွေ ထုတ်ထားတာ၊ အရေးကြီးတဲ့အချက်တွေကို ဟိုက်လိုက်လုပ်ထားခြင်း စတာတွေက အချက်အလက်တွေကို အချိန်အတော်ကြာ စိတ်ထဲမှာ စွဲနေစေပြီး ဒါနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုလည်း ဖြေနိုင်စေပါတယ်။
5. အချက်အလက်တွေကို မှတ်တဲ့အခါမှာ အပိုင်းပိုင်းလေးတွေဖြတ်ပြီး မှတ်ပါစေ။
ကိန်းဂဏန်းအရှည်ကြီးကို တစ်ဆက်တည်း မှတ်ထားတာထက် အပိုင်းအပိုင်းလေးတွေဖြတ်ပြီး မှတ်တာက ပိုပြီးမှတ်မိလွယ်စေပါတယ်။
6. အာရုံမျိုးစုံနဲ့ မှတ်ပါစေ။
ကလေးတွေကြည့်နိုင်ဖို့ ချရေးခိုင်းပါ။ အကြားအာရုံနဲ့ မှတ်နိုင်စေဖို့ ကျယ်ကျယ်ဆိုပါစေ။
7. ဆက်သွယ်မှုတွေ လုပ်နိုင်ဖို့ ထောက်ပံ့ပေးပါ။
တစ်ခုခုကို မှတ်တဲ့အခါမှာ အချက်အလက်တွေကို ဆက်စပ်မယ့်နည်းလမ်းတွေရှာပြီး မှတ်တာမျိုးက ကြာရှည်မှတ်မိစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























