ရင်သွေးလေးကို သန်ချပေးရင်ကောင်းမလား
သေချာကျက်အောင်မချက်ပြုတ်ထားတဲ့အစားအစာတွေ အောက်ကျညစ်ပေသွားတဲ့အစားတွေ လမ်းဘေးမှာဒီတိုင်းခင်းရောင်းနေတဲ့ အစာတွေ ပွက်ပွက်မဆူထားတဲ့နွားနို့ စတာတွေမှာ သန်ဥတွေကပ်တွယ်လျက်ရှိပါတယ်။ မမြင်ရတဲ့ ရောဂါပိုးတွေထဲမှာကလေးတွေမှာတွယ်ကပ်တတ်တဲ့သန်ကောင်ရောဂါဟာစိတ်ညစ်စရာအကောင်းဆုံးပါ။
နှစ်တို်င်း သန်းပေါင်းများစွာသောကလေးငယ်တွေဟာ သန်ကောင်ကူးစက်ခံနေရပါသတဲ့။
ကြောက်စရာသန်ကောင်ရောဂါကိုဘယ်လိုကာကွယ်ကုသရင်ကောင်းမလဲနော်။
Ceelin 1
>> သန်ကောင်စွဲတဲ့အခါ……….
• မကြာခဏချက်ပတ်လည်မှာနာတတ်ပါတယ်
• အစားအသောက်ပျက်မယ်
• ပိန်လာမယ် အားယုတ်လာမယ်
• စအိုလေးတွေ မကြာခဏယားနေတတ်မယ် ကုတ်မယ်
• ကိုယ်စားသမျှ အစားအစာကိုသံကောင်တွေကစားလိုက်တော့ အာဟာရမပြည့်ဝတော့ဘဲ ဖွံဖြိုးကြီးထွားနှုန်းသိပ်နှေးလာတတ်ပါတယ်။
Ceelin 2
>> သန်ချမယ်ဆိုရင်………
- • လေးလကနေ ခြောက်လ တစ်ခါသန်ချပါ။ ကျောင်းတွေမှာအစိုးရပရောဂျက်နဲ့ သန်ချဆေးတိုက်ပါတယ်။
- • တချို့လူနာတွေအတွက် တစ်လုံးတည်း သောက်ရုံနဲ့မလုံလောက်တတ်ပါဘူး။ ဒါ့ကြောင့် ဆရာ၀န်နဲ့ သေချာတိုင်ပြီးပြီး တိုက်ပါ။ တချို့ဆိုရင်
သုံးရက်တိတိသောက်ရတာမျိုး၊ တချို့ဆိုရင် တစ်ပတ်နေရင် တစ်လုံးသောက်ရတာမျိုးတွေ လုပ်ရတတ်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
- • ကလေးကိုသန်ချမယ်ဆိုရင် ထိထိရောက်ရောက်တိုက်ပါ။ ဆရာဝန်ညွှန်ကြားချက်ယူတာ အမှန်ဆုံးပါ။ ကလေးငယ်တွေနှစ်နှစ်အောက်နဲ့ နှစ်နှစ်အထက်တွေမှာသူ့အချိုးအစားနဲ့သူဆေးတိုက်ရတာမို့ ဖြစ်ပါတယ်။
- • အစိုးရပရောဂျက်လာတဲ့အခါ သန်ချဆေးတိုက်ဖြစ်အောင်တိုက်ပါ။ အန္တရာယ်ကင်းဆေးကောင်းပြီးထိရောက်တဲ့အချိုးအစားရရှိတာကြောင့် အရပ်ထဲကိုဆေးလာတိုက်တဲ့အခါ မသောက်ဘဲမနေပါနဲ့။
- • သန်ချပြီးတဲ့အခါ အာဟာရပြည့်ပြည့်ဝဝထပ်မံကျွေးပါ။ ကလေးလူကြီးမရွေးသန်ကောင်ကြောင့်အားနည်းနေအာဟာရချို့တဲ့နေတတ်တာမို့ သန်ချပြီးတဲ့အခါ အစားအစာနဲ့အာဟာရပြည့်ဝဖို့ အထူးသဖြင့် သံဓာတ်ပြည့်ဝတဲ့ ဟင်းနုနွယ်၊ အသည်း၊ ကြက်ဥ၊ ဘဲဥစတာတွေ ဂရုစိုက် ပြန်ကျွေးပြန်စားပေးခြင်းဖြင့် ပြန်လည်အားဖြည့်တင်းဖို့လိုအပ်ပါကြောင်းသတိပေးလိုက်ပါတယ်နောိ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























