ရင်သွေးလေးတို့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဂီတနှင့်ပြုစုပျိုးထောင်စို့
ရင်သွေးလေးတွေရဲ့ ဦးနှောက်ဟာ အဆက်မပြတ် တိုးတက်နေတာဖြစ်ပြီး အချိန်နှင့်အမျှမှာ အာရုံကြောဆက်သွယ်မှု အသစ်အသစ်တွေ လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်နေစဉ်ကာလမှာ ပတ်ဝန်းကျင်မှာ အကျိုးပြုအရာတွေရှိနေခြင်းဖြင့် တိုးတက်မှုဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ထိုအကျိုးပြုအရာတွေထဲက တစ်ချက်ကတော့ ဂီတလို့ ပညာရှင်တွေ ယုံကြည်ကြပါတယ်။
Ceelin Plus 1

● ဂီတဟာ ကလေးတွေအတွက် ပေါင်းသင်းဆက်ဆံရေးကောင်းစေသော စိတ်ခံစားချက်နှင့် ဆော့ကစားလိုသော ခံစားချက်တို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားဆင်ခြင်းဖြင့် ဒီအပိုဒ်ပြီးရင် ဘယ်အပိုဒ်မှာ ခုန်ပေါက်ရမလဲ ဘယ်အပိုဒ်မှာ သီချင်းဆိုရမလဲ စသဖြင့် ကြိုတင်မှန်းဆတတ်တဲ့ စွမ်းရည်ကိုလည်း တိုးတက်စေပါသေးတယ်။
● ကလေးတွေအနေနှင့် သီချင်းကို နားထောင်ရုံတင်မဟုတ်ပဲ လိုက်ဆိုတတ်ကြပါတယ်။ ဒီအခါမှာ ပါးစပ်နှင့်မျက်နှာကြွက်သားတွေ လှုပ်ရှားရတဲ့အတွက် ကာယစွမ်းရည်နှင့် ကစားခြင်း အလေ့အထကိုလည်း တိုးတက်စေပါတယ်။
● သီချင်းနားထောင်ခြင်းဖြင့် ကစားခြင်းနှင့် လူမှုရေးစွမ်းရည်ကိုပါ တိုးတက်စေတာ မဟုတ်ပါဘူး။ စည်းချက်အလိုက် ကခုန်ခြင်း၊ မိခင်မှကလေးကို ချော့မြူခြင်းဖြင့် သားအမိ၊ မောင်နှမနှင့် ကလေးထိန်းတို့နှင့် ကလေးငယ်ကြား ချစ်ခင်ရင်းနှီးမှုကိုလည်း တိုးပွားစေနိုင်ပါတယ်။
● ကလေးတွေကို သီချင်းဆိုပြခြင်းဖြင့် သူတို့ဆီက အာရုံစူးစိုက်မှုနှင့် နှစ်လိုမှုကို လည်း ဖမ်းစားနိုင်ပါသေးတယ်။
Ceelin Plus 2

>> ဒီလိုဆိုရင်တော့ မေမေတို့အနေနှင့် ရင်သွေးလေးတွေကို ဂီတနှင့် ဆွဲဆောင်ကြဖို့ စဉ်းစားနေကြပြီ မဟုတ်လား။ သီချင်းဆိုပြရင်းနှင့် အောက်ပါလှုပ်ရှားမှုတွေ ပြုလုပ်သင့်ပါတယ်။
● အတူတူကခုန်ခြင်း
● တေးသရုပ်ဖော်ခြင်း
● ဂီတနှင့်ဆိုင်သော လေ့ကျင့်ခန်းများပြုလုပ်ခြင်း
● သီချင်းအော်ဆိုခြင်း
● ပုံပြင်တွေကို သီချင်းပုံစံ ရွတ်ဆိုပြခြင်း
● အပြင်သွားစဉ် ကားစီးရင်း သီချင်းဖွင့်ပြခြင်း သို့မဟုတ် ညစားမစားမီ သီချင်းဖွင့်ပြခြင်း
စသဖြင့် သီချင်းနားထောင်ဖို့ ပုံမှန်အချိန် သတ်မှတ်ပေးခြင်း စတဲ့အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပေးမယ် ဆိုရင်တော့ သားသားမီးမီးလေးတွေအနေနှင့် ဂီတအပေါ် ပိုမိုစိတ်ဝင်တစားရှိလာပြီး ဦးနှောက်စွမ်းရည်လည်း တိုးတက်ဖွံ့ဖြိုးလာမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုလဲ မေမေတို့ရေ ... ရင်သွေးလေးတွေနှင့် အတူတူ သီချင်းလေးတွေနားထောင်ကြဖို့ အသင့်ပဲလား။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























