/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးတွေကို-အချိန်ပြည့်-ပြုစုစောင့်ရှောက်နေရသူ-မေမေတို့အတွက်

ရင်သွေးလေးတွေကို အချိန်ပြည့် ပြုစုစောင့်ရှောက်နေရသူ မေမေတို့အတွက် အကြံကောင်းလေးတွေ

Category
ကလေးများနှင့်ကျန်းမာရေး

          ဒီအချက်လေးတွေကို အားလုံးက သိကြပေမယ့် တချို့အချက်လေးတွေကို သတိမမူမိဘဲ ကျော်သွားမိတာတွေ မိမိကိုယ်မိမိ ဂရုစိုက်ဖို့ မေ့နေမှာစိုးလို့ ဘယ်လိုလေး ကလေးပြုစုမယ်ဆိုတဲ့ အိုင်ဒီယာလေးတွေကို သတိတရရှိကြဖို့ တင်ပြပေးလိုက်တယ်နော်။

♦        ကလေးမွေးပြီးတဲ့အခါ မိသားစု၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ်မပြတ်ရှိပါစေ။ နှစ်ဖက်မိဘ အဘိုးအဘွားနဲ့ မောင်နှမတွေကြား ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းထားခြင်းဖြင့် ကိုယ့်ကလေးကို စိတ်ချလက်ချ အပ်နှံနိုင်တာပေါ့။

♦        ကလေးထိန်း ထားပါ။ ကလေးထိန်းထားဖို့ မတွန့်ဆုတ်ဖို့ ပြောပါရစေ။ ဘယ်လိုကလေးထိန်းဆိုတာ စဉ်းစားနေကြမှာနော်။ ကိုယ်လို ကလေးရှိတဲ့ သူငယ်ချင်းတစ်ယာက်ကို လိုအပ်တိုင်း အချိန်ပြည့် ဆက်သွယ်ခြင်းဖြင့် ကိုယ်မအား၊ သူမအားတဲ့အခါ တစ်လှည့်စီ ကလေးကြည့်ပေးနိုင်တာပေါ့။

♦        ကလေးကို အလုပ်ကို ခေါ်သွားပါ။ ကလေးငယ်တွေကို အလုပ်ကိုခေါ်သွားတာက အရေးပါတဲ့ အခြေခံအရာ ဖြစ်ပါတယ်။ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပါ။ ကိုယ့်ကလေးနဲ့လည်း မိတ်ဆက်ပေးရင်း ရင်သွေးလေး လိုအပ်တိုင်း ကိုယ်ရှိနေတော့ ကောင်းတာပေါ့။

♦        လိုအပ်ရင် ကလေးထိန်းသီးသန့် ငှါးတာထက် မိမိသူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေကို အကူအညီတောင်းတာ ပိုပြီးစိတ်ချရပါတယ်။ ကလေးထိန်းရင်း တစ်လှည့်စီချီပေးဖို့် အကူအညီတောင်းပါ။ ကိုယ် သက်သာတာပေါ့။

♦        အမျိုးသားတွေမှာ အမျိုးသမီးတွေကို ကူညီဖို့ ဝတ္တရားရှိပါတယ်။ ခင်ပွန်းသည်ဟာ ကလေးထိန်းရင်း ဟင်းကူချက်ရင်း မေမေအသစ်လေးကို စိတ်ဖိစီးမှုကနေ လွတ်မြောက်အောင် အကူအညီပေးနိုင်ပါတယ်။ ခင်ပွန်းသည်နဲ့ တာဝန်မျှဝေပါ။

          ကလေးတစ်ယောက် မွေးရတာ စိတ်ရောကိုယ်ပါ ပင်ပန်းသလို မိမိအတွက် မိမိစဉ်းစားပေးဖို့လည်း မေမေတွေက မေ့လျော့နေတတ်ပါသေးတယ်။ မေမေတစ်ယောက်အနေနဲ့ ကိုယ့်အတွက် ကိုယ်စဉ်းစားဖို့ အချိန်တစ်ခု လိုအပ်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)