/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးတွေ-အရေပြားပေါ်က-အနီစက်လေးတွေအကြောင်း

ရင်သွေးလေးတွေ အရေပြားပေါ်က အနီစက်လေးတွေအကြောင်း

Category
ကလေးများနှင့်ကျန်းမာရေး

ရင်သွေးလေးတွေရဲ့ အသားအရေပေါ်မှာ အနီစက်လေးတွေတွေ့တဲ့အခါ စိတ်ပူဖို့ လို၊ မလို ဆန်းစစ်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အရေပြားအောက်က ဆံခြည်မျှင်သွေးကြောလေးတွေပေါက်ကွဲပျက်စီးလို့ဖြစ်လာတဲ့ အနီစက်လေးတွေဟာ အငိုသိပ်သန်တဲ့ကလေးတွေ၊ တခုခုတဲ့တိုက်မိခိုက်မိတဲ့အခါ လက်တံတောင်ဆစ်ကွေးလေးတွေမှာ ပေါ်လာတတ်ပါတယ်။

 

စိတ်ပူရတဲ့အခြေအနေလေးတွေကတော့ ဟောဒီမှာပါ။

 

အနီစက်လေးတွေပေါ်လာတာနဲ့အတူ အဖျားတက်လာမယ်၊ အစာမစားဘူး၊ ပျော့ခွေနေမယ်၊ ဂျီတိုက်မယ်၊ အနီစက်လေးတွေ အပ်ချစရာမရှိအောင်ပိုများလာပြီး ကလေးလည်း လုံးဝပျော့ခွေနေပြီ ခြစ်ခြစ်တောက်ဖျားလာပြီဆိုရင်တော့ ဒါလေးတွေစိတ်ပူရပြီပေါ့။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အဖျားရောဂါတွေနဲ့ ဦးနှောက်အမြှေးရောင်ရောဂါ၊ နှလုံးရောင်ရောဂါစတဲ့ ရောဂါတွေဖြစ်နေတတ်ပါတယ်။

Ceelin Plus 1

>> ဒါ့အပြင် မဖျားဘဲနဲ့ ကာခဏအနီစက်လေးတွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်

 

♦ ဗီတာမင်စီချို့တဲ့နေသလား

♦ လူကီးမီးယားသွေးကင်ဆာရောဂါ

♦ ဘေလုံးကြီးရောဂါ

♦ သွေးခဲဓာတ်လျော့နည်းရောဂါ

♦ သွေးတွင်းပရိုတင်းမူမမှန်ရောဂါတွေဖြစ်နေတတ်ပါတယ်။

 

ဒါကြောင့်ဆရာဝန်ပြသပြီး သွေးစစ်ကြည့်ဖို့လိုပါတယ်။ များသောအားဖြင့် အနီစက်လေးတွေ ကသူ့ဟာသူပျောက်သွားတတ်ပြီးအမာရွတ်မကျန်တတ်ပါဘူး။

နေလောင်ဒဏ်၊ ဒိုက်ပါလောင်တာတွေကြောင့့်ဖြစ်ရင်လည်း အမာရွတ်မကျန်ပါဘူး။ အပေါ်ကဖော်ပြခဲ့တဲ့ စိတ်ပူစရာအကြောင်းရင်းလေးတွေကိုပဲ မမေ့လျော့ဖို့လိုပါတယ်မေမေတို့ရေ..

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin Plus 2

(Unicode)


 


 



 


 






 



 
