/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးများရဲ့-လျှာနဲ့ခံတွင်း-သန့်ရှင်းစေဖို့

ရင်သွေးလေးများရဲ့ လျှာနဲ့ခံတွင်း သန့်ရှင်းစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

ရင်သွေးလေးတွေအတွက် ခံတွင်းသန့်ရှင်းမှုဟာ လူကြီးတွေမှာလိုပဲ အရေးကြီးလှပါတယ်။ ရင်သွေးငယ်လေးတွေမှာ သွားမပေါက်သေးတဲ့အတွက် ခံတွင်းသန့်ရှင်းရေး လုပ်စရာမလိုသေးဘူးလို့ အထင်မှားတတ်ကြပါတယ်။
မိခင်နို့နှင့် နို့မှုန့်တွေမှာ ပါဝင်တဲ့ အချိုဓာတ်တွေကြောင့် လျှာနှင့်သွားဖုံးတွေကို ပြန်လည်သန့်ရှင်းပေးဖို့ လိုပါတယ်။ လျှာကို ပုံမှန်သန့်စင်ပေးခြင်းဖြင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် ပါးစပ်တွင်း မှိုပိုးစွဲခြင်းကြောင့်  လျှာ၊ ပါးစောင်နှင့် အာခေါင်တွေမှာ အဖြူဖတ်များဖြစ်ပေါ်ခြင်းကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ငယ်စဉ်ကတည်းက ခံတွင်းသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ကလေးတွေကို တစ်သက်တာ အလေ့အကျင့်ရစေပါတယ်။

>>  ဒါဆိုရင်တော့ ရင်သွေးလေးတွေရဲ့လျှာကို အောက်ပါအတိုင်း အဆင့်ဆင့် သန့်ရှင်းကြရအောင်။
●  အရင်ဆုံး ရေနှင့်ဆပ်ပြာသုံးပြီး လက်ကို စင်ကြယ်အောင် ဆေးကြောပါ။
●  သန့်စင်သော ပတ်တီးစ/အဝတ်စကို ရေနွေးထဲတွင် နှစ်လိုက်ပါ။ ထို့နောက် ထိုအဝတ်စကို လက်ညှိုးတွင် ပတ်ပါ။
●  ကလေးရဲ့ပါးစပ်ကို ညင်သာစွာဟပြီး သင့်လက်ညှိုးကို ထည့်ပါ။
●  လက်ညှိုးကို ကလေးရဲ့လျှာပေါ်တွင် စက်ဝိုင်းပုံ လှည့်ပေးပါ။ ကလေးရဲ့လည်ချောင်းဝထိ မထိုးမိဖို့ သတိပြုပါ။
●  ကလေးရဲ့ သွားဖုံးများနှင့် ပါးစောင်များကိုပါ သန့်ရှင်းပေးပါ။
●  ကလေးရဲ့ လျှာပေါ်မှာ အဝတ်စနှင့် ပွတ်တိုက်မရသော အဖြူဖတ်များရှိနေပါက ဆရာဝန်နှင့် ပြသပါ။
●  တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

Ceelin Plus 1

>>  သတိပြုရန်အချက်များ
●  ရောဂါပိုးတွေ မဝင်စေဖို့ သန့်ရှင်းသော အဝတ်စကိုသာ သုံးပါ။
●  မေမေ့လက်သည်းများကို တိုတိုညှပ်ထားပါ။
●  ကလေးရဲ့လျှာကို အတင်းအကျပ် ဖိပွတ်တာမျိုး မပြုလုပ်သင့်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

ရင္ေသြးေလးေတြအတြက္ ခံတြင္းသန႔္ရွင္းမႈဟာ လူႀကီးေတြမွာလိုပဲ အေရးႀကီးလွပါတယ္။ ရင္ေသြးငယ္ေလးေတြမွာ သြားမေပါက္ေသးတဲ့အတြက္ ခံတြင္းသန႔္ရွင္းေရး လုပ္စရာမလိုေသးဘူးလို႔ အထင္မွားတတ္ၾကပါတယ္။
မိခင္ႏို႔ႏွင့္ ႏို႔မႈန႔္ေတြမွာ ပါဝင္တဲ့ အခ်ိဳဓာတ္ေတြေၾကာင့္ လွ်ာႏွင့္သြားဖုံးေတြကို ျပန္လည္သန႔္ရွင္းေပးဖို႔ လိုပါတယ္။ လွ်ာကို ပုံမွန္သန႔္စင္ေပးျခင္းျဖင့္ ခံတြင္းက်န္းမာေရးကို ေကာင္းမြန္ေစတဲ့အတြက္ ပါးစပ္တြင္း မႈိပိုးစြဲျခင္းေၾကာင့္  လွ်ာ၊ ပါးေစာင္ႏွင့္ အာေခါင္ေတြမွာ အျဖဴဖတ္မ်ားျဖစ္ေပၚျခင္းကို ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။ ငယ္စဥ္ကတည္းက ခံတြင္းသန႔္ရွင္းေရးလုပ္ေပးျခင္းျဖင့္ ကေလးေတြကို တစ္သက္တာ အေလ့အက်င့္ရေစပါတယ္။

>>  ဒါဆိုရင္ေတာ့ ရင္ေသြးေလးေတြရဲ႕လွ်ာကို ေအာက္ပါအတိုင္း အဆင့္ဆင့္ သန႔္ရွင္းၾကရေအာင္။
●  အရင္ဆုံး ေရႏွင့္ဆပ္ျပာသုံးၿပီး လက္ကို စင္ၾကယ္ေအာင္ ေဆးေၾကာပါ။
●  သန႔္စင္ေသာ ပတ္တီးစ/အဝတ္စကို ေရေႏြးထဲတြင္ ႏွစ္လိုက္ပါ။ ထို႔ေနာက္ ထိုအဝတ္စကို လက္ညႇိဳးတြင္ ပတ္ပါ။
●  ကေလးရဲ႕ပါးစပ္ကို ညင္သာစြာဟၿပီး သင့္လက္ညႇိဳးကို ထည့္ပါ။
●  လက္ညႇိဳးကို ကေလးရဲ႕လွ်ာေပၚတြင္ စက္ဝိုင္းပုံ လွည့္ေပးပါ။ ကေလးရဲ႕လည္ေခ်ာင္းဝထိ မထိုးမိဖို႔ သတိျပဳပါ။
●  ကေလးရဲ႕ သြားဖုံးမ်ားႏွင့္ ပါးေစာင္မ်ားကိုပါ သန႔္ရွင္းေပးပါ။
●  ကေလးရဲ႕ လွ်ာေပၚမွာ အဝတ္စႏွင့္ ပြတ္တိုက္မရေသာ အျဖဴဖတ္မ်ားရွိေနပါက ဆရာဝန္ႏွင့္ ျပသပါ။
●  တစ္ေန႔ကို အနည္းဆုံးတစ္ႀကိမ္ ခံတြင္းသန႔္ရွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။

>>  သတိျပဳရန္အခ်က္မ်ား
●  ေရာဂါပိုးေတြ မဝင္ေစဖို႔ သန႔္ရွင္းေသာ အဝတ္စကိုသာ သုံးပါ။
●  ေမေမ့လက္သည္းမ်ားကို တိုတိုညႇပ္ထားပါ။
●  ကေလးရဲ႕လွ်ာကို အတင္းအက်ပ္ ဖိပြတ္တာမ်ိဳး မျပဳလုပ္သင့္ပါ။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)