/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးမှာ-ချောင်းခြောက်ဆိုးနေတာ-ဘယ်လိုအကြောင်းကြောင့်လဲ

ရင်သွေးလေးမှာ ချောင်းခြောက်ဆိုးနေတာ ဘယ်လိုအကြောင်းကြောင့်လဲ

Category
ကလေးများနှင့်ကျန်းမာရေး

တပာွတ်ပာွတ်နဲ့ ချောင်းခြောက်ဆိုးနေတဲ့ ရင်သွေးလေးအတွက် စိတ်ပူနေသူ မေမေဖေဖေတို့အတွက် ဘာကြောင့်ချောင်းခြောက်ဆိုးရတယ်ဆိုတဲ့ အကျိုးအကြောင်းလေး တွေ တင်ပြပေးလိုက်ပါတယ်။ နေ့လည်းဆိုး ညလည်းဆိုး မကြာမကြာ ပျောက်လိုက် ဆိုးလိုက်ဖြစ်နေသူ သားသားမီးမီးတွေမှာ ဘယ်လိုအခြေအနေတွေရှိလို့ ချောင်းဆိုး မပျောက်တာပါလိမ့်နော်။
●  အအေးမိရင် ချောင်းခြောက်ဆိုးတာနဲ့ စပါတယ်။ အအေးမိတာ ပိုပိုဆိုးလာတာနဲ့အမျှ ချောင်းခြောက်ဆိုးတာ ပိုစိပ်လာပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အအေးမိနှာစေး ဇာတ်လမ်းလေးတွေပြီးမှ ရက်ပေါင်းများစွာ ချောင်းခြောက် ကျန်နေတတ်ပါတယ်။ ပဋိဇီဝဆေးမလိုဘဲ နွေးနွေးထွေးထွေးထားပြီး ဆားရေနွေးလေး ငုံထွေးခိုင်းရင်ကို လုံလောက်ပါတယ်။

Atussin Kids 1

●  နောက်ထပ် အဖြစ်များတာက အစာရေမျိုပြွန်နာ ရင်ပူနာပါ။ အဆီအဆိမ့်၊ အချို သိပ်ကြိုက်သူလေးတွေမှာ အဖြစ်များပါတယ်။ ချောင်းခြောက်ဆိုးတာအပြင် ရင်ပြည့်ရင်ကယ် ရင်ပူနာတွေပါ တွဲဖက်ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ အစာအိမ်ဆေးတွေ ချောင်းဆိုးပျောက်ဆေးတွေ တိုက်လို့ရပါတယ်။  အချိုကဲတဲ့ အစားအစာတွေကို ညအိပ်ရာဝင်ခါနီး ကျွေးတာတွေကိုပါ ရှောင်ကြဉ်ရပါမယ်။
●  အိမ်မှာစွဲနေတဲ့ မီးခိုးနံ့၊ ဆိုင်ကယ်ကထွက်တဲ့ ဓာတ်ဆီနံ့ အမှိုက်ပုံက ထွက်တဲ့အနံ့တွေ အမွှေးနံ့ပြင်းပြင်းတွေပာာ ရင်သွေးလေး မကြာခဏ ချောင်းခြောက်ဆိုးတဲ့ အကြောင်းရင်းတွေ ဖြစ်နေတတ်ပါသေးတယ်။ ရင်သွေးလေးရဲ့ အိပ်ရာနားမှာ အစိုဓာတ်အငွေ့ လွှတ်တဲ့စက်လေး “ Humidifier ” လေးတွေ ထားပေးရင် မကောင်းတဲ့အနံ့တွေကို ဖယ်ရှားနိုင်ပါတယ်။

Atussin Kids 2

●  တုပ်ကွေးမိရင် ချောင်းခြောက်ဆိုးတာနဲ့ စပါတယ်။ နောက်ပိုင်းဆိုးလာတာနဲ့အမျှ သလိပ်သံ၊ ချွဲသံ တဂူးဂူးမြည်လာပါတယ်။ တုပ်ကွေးကနေတစ်ဆင့်လည်း အဆုတ်ရောင် နမိုးနီးယားအဆင့်ကို ပြောင်းနိုင်ပါသေးတယ်။ ဒါကြောင့် အိမ်မှာ ပြုစုနေရင်း ချွဲသံသလိပ်သံတွေ ပါလာတဲ့အခါ ဆရာဝန်ကို ချက်ချင်းပြသ ဆေးအကူအညီ ယူသင့်ပါတယ်။
●  ကြက်ညှာချောင်းဆိုးရောဂါကတော့ ချောင်းခြောက်တွေထဲမှာ အဆိုးဆုံးလို့ဆိုရမှာပါ။ အလွန်ဆိုးတဲ့ တောက်လျှောက်ဆိုးတဲ့ချောင်းဆိုးဖြစ်ပြီး ကလေးငယ်ပာာ အပြင်းအထန် ဆိုးလွန်းလို့ ဆူညံသံတွေ ထွက်လာတဲ့အထိပါပဲ။ ချောင်းခြောက်ကြောင့် ကလေးငယ်ပာာ အစားမစားနိုင်၊ ပိန်ကျသွားနိုင်ပါတယ်။ ဒါ့အပြင် ချောင်းတောက်လျှောက်ဆိုးပြီးတဲ့အခါ ကလေးငယ်ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေပြည့်လာတာ ပြာလဲ့လဲအရောင်သန်းလာတာ မျက်သားနီတာ လျှာလေး တစ်လစ်ထွက်လာတာတွေပါ စိတ်မကောင်းစရာ မြင်တွေ့ရမှာပါ။ ကလေးအထူးကုဆရာဝန်နဲ့ သေချာပြသကုသမှု ခံယူရမယ့် ပြင်းထန်ချောင်းဆိုးရောဂါ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)