ရာသီဥတုပြင်းလွန်းတဲ့ နွေရာသီမှာ ကလေးတွေ အပူကြီးတဲ့အခါ
ရာသီဥတုပြင်းလွန်းတဲ့ နွေရာသီမှာ ကလေးတွေကို ကျန်းမာနေကောင်းအောင် ထားဖို့အရေးကြီးပါတယ်။ နေပူကြီးထဲ ခဏထွက်ဆော့တာလောက်က ကိစ္စမရှိပေမယ့် နေရောင်ကာခရင်မ် သေချာလိမ်း၊ ရေဓာတ်ပြည့်ဝအောင်နေ၊ အဝတ်အစား ပေါ့ပေါ့ပါးပါးဝတ်၊ နားနေချိန် သတ်သတ်မှတ်မှတ်ပေးထားဖို့ လိုပါတယ်။
>> ကလေးတွေမှာ
1. အပူကြီးပြီး ချွေးထွက်လွန်တာ (Heat Exhaustion)
2. အပူကြီးပြီး သတိလစ်တာ (Heat Stroke) ဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။
ဒါကြောင့်မို့ ဒီအခြေအနေ 2 ခုနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဖေဖေ၊ မေမေတို့အတွက် မျှဝေပေးသွားပါမယ်။
>> ကလေးတွေမှာ အပူကြီးပြီး ချွေးထွက်လွန်တဲ့အခါ (Heat Exhaustion)
ကလေးဟာ နေပူထဲ ဆော့ကစားတဲ့အခါ ချွေးထွက်များပြီး ရေနဲ့ဆားဓာတ်တွေ ဆုံးရှုံးတဲ့အတွက် ရေဓာတ်ခမ်းခြောက်ပြီး ဒီလိုလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
သူ့ရဲ့လက္ခဏာတွေကတော့ -
● ကိုယ်အပူချိန်တက်ခြင်း (၁၀၄°F အောက်)
● အပူကြီးပေမယ့် ခြေတွေ လက်တွေ အေးစက်နေခြင်း
● ကြက်သီးထနေခြင်း
● မူးဝေခြင်း၊ အားနည်းခြင်း
● ခေါင်းကိုက်ခြင်း
● ချွေးထွက်များခြင်း
● ရေအလွန်ဆာခြင်း
● စိတ်မကြည်ခြင်း
● ကြွက်တက်ခြင်း
● ပျို့ခြင်းအန်ခြင်း စတာတွေ ဖြစ်ပါတယ်။
အကယ်၍ ကလေးက -
● အဝလွန်နေမယ်
● ဆေးတွေ သောက်နေရတယ်
● နေလောင်နေတယ်
● ဖျားနာနေမယ်ဆိုရင် အပူကြီးပြီး ချွေးထွက်လွန်ခြင်း ပိုဖြစ်လွယ်ပါတယ်။
ဒီလိုအပူကြီးပြီး ချွေးထွက်လွန်တာကို အမြန်သာမကုသခဲ့ရင် အပူကြီးပြီး သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပေါ်ကလက္ခဏာတွေ တွေ့တာနဲ့
● အရိပ်ရတဲ့၊ အေးတဲ့နေရာကိုကလေးကို ခေါ်သွားပါ။
● ဓာတ်ဆားရည်လိုမျိုး ဆားပါတဲ့ အရည်အေးအေးလေးတွေ ချော့မော့တိုက်ပေးပါ။
● ရေစိုဝတ်တင်ပေးပါ။
● ခြေသလုံးတွေ၊ လက်တွေ၊ ဗိုက်တွေ ကြွက်တက်လာတယ်ဆိုရင် ဖြည်းဖြည်းလေး နှိပ်နယ်ပေးပါ။
ကလေးက ရေမသောက်နိုင်ဘူး၊ သတိ သိပ်မကောင်းတော့ဘူးဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ပို့ပါ။
Biogesic for kids IA 1
>> ကလေးတွေမှာ အပူကြီးပြီး သတိလစ်တဲ့အခါ (Heat Stroke)
ကလေးရဲ့ခန္ဓာကိုယ်က အပူကိုပြင်ပကို ထုတ်လွှတ်နိုင်တာထက်ပိုပြီး အပူတွေထုတ်နေပြီဆိုရင် အပူကြီးပြီး သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။ အမြန်ဆုံး ကုသမှုသာမပေးရင် ခန္ဓာကိုယ်တွင်းအပူတွေ ချက်ချင်းတက်လာပြီး ဦးနှောက်ကို ထိခိုက်တတ်ပါတယ်။
ကလေးတွေမှာ အပူကြီးပြီး သတိလစ်တဲ့လက္ခဏာတွေကတော့ -
● ၁၀၄°F နဲ့အထက်အထိ ကြောက်စရာကောင်းအောင် အပူချိန်တက်လာခြင်း
● ချွေးလုံးဝမထွက်တော့ခြင်း
● ကယောင်ကတမ်းဖြစ်ခြင်း
● အသားတွေ ပူစပ်နီရဲ ခြောက်သွေ့နေခြင်း
● သတိမေ့ခြင်း
● ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း
● ရင်တုန်ခြင်း၊ အသက်ရှူမြန်ခြင်း
● ခေါင်းအရမ်းကိုက်ခြင်း
● တက်ခြင်း
● အားနည်းခြင်း၊ မူးဝေခြင်း စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
အပူကြီးပြီး သတိလစ်ခြင်းဟာ အရေးပေါ်အခြေအနေပါ။ ကလေးဟာ နေပူကြီးထဲဖြစ်ဖြစ်၊ အရမ်းပူတဲ့ နေရာမှာပဲဖြစ်ဖြစ် နေခဲ့ပြီးတော့ ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် အရေးပေါ်ကို ခေါ်သွားဖို့ လိုပါတယ်။ (တတ်နိုင်သလောက် မြန်မြန်)
● ကလေးကို အရိပ်ထဲခေါ်ပြီး အဝတ်အစားတွေ ချွတ်လိုက်ပါ။
● ရေအေးထဲစိမ်စေပြီး ခန္ဓာကိုယ်ကို အမြန်အေးအောင်လုပ်ပါ။
● ရေထဲစိမ်လို့မရဘူးဆိုရင် ကလေးကို ရေပတ်ဝတ်တွေနဲ့ များများအုပ်ပေးထားပါ။
● ကလေးက သတိမရခဲ့ရင် ရေတွေ အတင်းတိုက်တာမျိုး မလုပ်ပါနဲ့။
>> ကလေးငယ်လေးတွေမှာ အပူကြီးပြီး သတိလစ်တဲ့အခါ
ကလေးငယ်လေးတွေမှာ ဒီလိုဖြစ်တာ ရှားတော့ရှားပေမယ့် ပူနေချိန် အပြင်ကို အကြာကြီးခေါ်သွားတာ၊ ကားပူပူကြီးထဲ အကြာကြီးထားတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ကလေးငယ်လေးတွေဟာ သူတို့ ခံစားရတာတွေကို မပြောတတ်တာမို့ -
● ဂဏှာမငြိမ်ခြင်း
● အသက်ရှူမြန်ခြင်း
● နုံးနေခြင်း
● ဂျီကျနေခြင်း
● အန်ခြင်း စတဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။
>> ကလေးတွေမှာ အပူမကြီးအောင် ဘယ်လိုကာကွယ်ကြမလဲ?
သိပ်မပူသေးတဲ့ မနက်စောစောတို့၊ ညနေပိုင်းတို့မှ အပြင်ထွက်ပါ။ နေ့လယ်နေပူချိန်မှာ အရိပ်ထဲမှာပဲနေပါ။ အဝတ်အစား ပေါ့ပေါ့ပါးပါး ချည်သားပွပွ ဝတ်ဆင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ရာသီဥတုျပင္းလြန္းတဲ့ ေႏြရာသီမွာ ကေလးေတြကို က်န္းမာေနေကာင္းေအာင္ ထားဖို႔အေရးႀကီးပါတယ္။ ေနပူႀကီးထဲ ခဏထြက္ေဆာ့တာေလာက္က ကိစၥမရွိေပမယ့္ ေနေရာင္ကာခရင္မ္ ေသခ်ာလိမ္း၊ ေရဓာတ္ျပည့္ဝေအာင္ေန၊ အဝတ္အစား ေပါ့ေပါ့ပါးပါးဝတ္၊ နားေနခ်ိန္ သတ္သတ္မွတ္မွတ္ေပးထားဖို႔ လိုပါတယ္။
>> ကေလးေတြမွာ
1. အပူႀကီးၿပီး ေခြၽးထြက္လြန္တာ (Heat Exhaustion)
2. အပူႀကီးၿပီး သတိလစ္တာ (Heat Stroke) ဟာ အင္မတန္ေၾကာက္စရာေကာင္းပါတယ္။
ဒါေၾကာင့္မို႔ ဒီအေျခအေန 2 ခုနဲ႔ ပတ္သက္ၿပီး သိထားသင့္တာေတြကို ေဖေဖ၊ ေမေမတို႔အတြက္ မွ်ေဝေပးသြားပါမယ္။
>> ကေလးေတြမွာ အပူႀကီးၿပီး ေခြၽးထြက္လြန္တဲ့အခါ (Heat Exhaustion)
ကေလးဟာ ေနပူထဲ ေဆာ့ကစားတဲ့အခါ ေခြၽးထြက္မ်ားၿပီး ေရနဲ႔ဆားဓာတ္ေတြ ဆုံးရႈံးတဲ့အတြက္ ေရဓာတ္ခမ္းေျခာက္ၿပီး ဒီလိုလကၡဏာေတြ ျဖစ္လာတတ္ပါတယ္။
သူ႔ရဲ႕လကၡဏာေတြကေတာ့ -
● ကိုယ္အပူခ်ိန္တက္ျခင္း (၁၀၄°F ေအာက္)
● အပူႀကီးေပမယ့္ ေျခေတြ လက္ေတြ ေအးစက္ေနျခင္း
● ၾကက္သီးထေနျခင္း
● မူးေဝျခင္း၊ အားနည္းျခင္း
● ေခါင္းကိုက္ျခင္း
● ေခြၽးထြက္မ်ားျခင္း
● ေရအလြန္ဆာျခင္း
● စိတ္မၾကည္ျခင္း
● ႂကြက္တက္ျခင္း
● ပ်ိဳ႕ျခင္းအန္ျခင္း စတာေတြ ျဖစ္ပါတယ္။
အကယ္၍ ကေလးက -
● အဝလြန္ေနမယ္
● ေဆးေတြ ေသာက္ေနရတယ္
● ေနေလာင္ေနတယ္
● ဖ်ားနာေနမယ္ဆိုရင္ အပူႀကီးၿပီး ေခြၽးထြက္လြန္ျခင္း ပိုျဖစ္လြယ္ပါတယ္။
ဒီလိုအပူႀကီးၿပီး ေခြၽးထြက္လြန္တာကို အျမန္သာမကုသခဲ့ရင္ အပူႀကီးၿပီး သတိလစ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အေပၚကလကၡဏာေတြ ေတြ႕တာနဲ႔
● အရိပ္ရတဲ့၊ ေအးတဲ့ေနရာကိုကေလးကို ေခၚသြားပါ။
● ဓာတ္ဆားရည္လိုမ်ိဳး ဆားပါတဲ့ အရည္ေအးေအးေလးေတြ ေခ်ာ့ေမာ့တိုက္ေပးပါ။
● ေရစိုဝတ္တင္ေပးပါ။
● ေျခသလုံးေတြ၊ လက္ေတြ၊ ဗိုက္ေတြ ႂကြက္တက္လာတယ္ဆိုရင္ ျဖည္းျဖည္းေလး ႏွိပ္နယ္ေပးပါ။
ကေလးက ေရမေသာက္ႏိုင္ဘူး၊ သတိ သိပ္မေကာင္းေတာ့ဘူးဆိုရင္ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းကို အျမန္ပို႔ပါ။
>> ကေလးေတြမွာ အပူႀကီးၿပီး သတိလစ္တဲ့အခါ (Heat Stroke)
ကေလးရဲ႕ခႏၶာကိုယ္က အပူကိုျပင္ပကို ထုတ္လႊတ္ႏိုင္တာထက္ပိုၿပီး အပူေတြထုတ္ေနၿပီဆိုရင္ အပူႀကီးၿပီး သတိလစ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အျမန္ဆုံး ကုသမႈသာမေပးရင္ ခႏၶာကိုယ္တြင္းအပူေတြ ခ်က္ခ်င္းတက္လာၿပီး ဦးေႏွာက္ကို ထိခိုက္တတ္ပါတယ္။
ကေလးေတြမွာ အပူႀကီးၿပီး သတိလစ္တဲ့လကၡဏာေတြကေတာ့ -
● ၁၀၄°F နဲ႔အထက္အထိ ေၾကာက္စရာေကာင္းေအာင္ အပူခ်ိန္တက္လာျခင္း
● ေခြၽးလုံးဝမထြက္ေတာ့ျခင္း
● ကေယာင္ကတမ္းျဖစ္ျခင္း
● အသားေတြ ပူစပ္နီရဲ ေျခာက္ေသြ႕ေနျခင္း
● သတိေမ့ျခင္း
● ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ ဝမ္းသြားျခင္း
● ရင္တုန္ျခင္း၊ အသက္႐ွဴျမန္ျခင္း
● ေခါင္းအရမ္းကိုက္ျခင္း
● တက္ျခင္း
● အားနည္းျခင္း၊ မူးေဝျခင္း စတဲ့လကၡဏာေတြ ခံစားရတတ္ပါတယ္။
အပူႀကီးၿပီး သတိလစ္ျခင္းဟာ အေရးေပၚအေျခအေနပါ။ ကေလးဟာ ေနပူႀကီးထဲျဖစ္ျဖစ္၊ အရမ္းပူတဲ့ ေနရာမွာပဲျဖစ္ျဖစ္ ေနခဲ့ၿပီးေတာ့ ဒီလကၡဏာေတြ ခံစားေနရၿပီဆိုရင္ အေရးေပၚကို ေခၚသြားဖို႔ လိုပါတယ္။ (တတ္ႏိုင္သေလာက္ ျမန္ျမန္)
● ကေလးကို အရိပ္ထဲေခၚၿပီး အဝတ္အစားေတြ ခြၽတ္လိုက္ပါ။
● ေရေအးထဲစိမ္ေစၿပီး ခႏၶာကိုယ္ကို အျမန္ေအးေအာင္လုပ္ပါ။
● ေရထဲစိမ္လို႔မရဘူးဆိုရင္ ကေလးကို ေရပတ္ဝတ္ေတြနဲ႔ မ်ားမ်ားအုပ္ေပးထားပါ။
● ကေလးက သတိမရခဲ့ရင္ ေရေတြ အတင္းတိုက္တာမ်ိဳး မလုပ္ပါနဲ႔။
>> ကေလးငယ္ေလးေတြမွာ အပူႀကီးၿပီး သတိလစ္တဲ့အခါ
ကေလးငယ္ေလးေတြမွာ ဒီလိုျဖစ္တာ ရွားေတာ့ရွားေပမယ့္ ပူေနခ်ိန္ အျပင္ကို အၾကာႀကီးေခၚသြားတာ၊ ကားပူပူႀကီးထဲ အၾကာႀကီးထားတာ စတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။
ကေလးငယ္ေလးေတြဟာ သူတို႔ ခံစားရတာေတြကို မေျပာတတ္တာမို႔ -
● ဂဏွာမၿငိမ္ျခင္း
● အသက္႐ွဴျမန္ျခင္း
● ႏုံးေနျခင္း
● ဂ်ီက်ေနျခင္း
● အန္ျခင္း စတဲ့ လကၡဏာေတြကို သတိထားေစာင့္ၾကည့္ဖို႔ လိုပါတယ္။
>> ကေလးေတြမွာ အပူမႀကီးေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?
သိပ္မပူေသးတဲ့ မနက္ေစာေစာတို႔၊ ညေနပိုင္းတို႔မွ အျပင္ထြက္ပါ။ ေန႔လယ္ေနပူခ်ိန္မွာ အရိပ္ထဲမွာပဲေနပါ။ အဝတ္အစား ေပါ့ေပါ့ပါးပါး ခ်ည္သားပြပြ ဝတ္ဆင္ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























