/
news/ကလေးများနှင့်ကျန်းမာရေး/ရေကျောက်ရောဂါ-သိစရာ

ရေကျောက်ရောဂါ သိစရာ

Category
ကလေးများနှင့်ကျန်းမာရေး

          ရေကျောက်ဆိုတာ ၉၀ နှစ်ဖွား လူတွေအတွက်တော့ ကလေးဘဝမှာ တွေ့ကြုံနေကျ ရောဂါတစ်ခုပဲနော်။

          Varicella Zoster Virus လို့ခေါ်တဲ့ အရမ်းကူးစက်လွယ်တဲ့ ရေကျောက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကလေးတိုင်းမှာဖြစ်ဖူးတဲ့ ရောဂါတစ်မျိုးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းခေတ်တွေမှာ ရေကျောက်ကာကွယ်ဆေးတွေ ပေါ်လာတာမို့ ရေကျောက်မဖြစ်သလောက် နည်းသွားပါပြီ။

 

>>    ရေကျောက် ဘယ်လိုကူးစက်တတ်သလဲဆိုတာ ကြည့်ကြမယ်။

          ရေကျောက်ဟာ အင်မတန် ကူးစက်လွယ်တာမို့ ရေကျောက် မပေါက်ဖူးသေးသူ၊ ကာကွယ်ဆေး မထိုးထားတဲ့သူ စသဖြင့် ရေကျောက်ခံနိုင်ရည်မရှိသေးသူတွေကို အလွယ်တကူ ပြန့်လွင့်နိုင်တာပေါ့။ များသောအားဖြင့်တော့ ၁၀ နှစ်အောက်ကလေးတွေမှာ အတွေ့ရများပါတယ်။

          ရေကျောက်ပေါက်နေတဲ့သူရဲ့ အရည်ကြည်ဖုလေးတွေကို ထိတွေ့မိရာကနေသော်လည်းကောင်း၊ ချောင်းဆိုး၊ နှာချေရာကနေသော်လည်းကောင်း အဓိက ကူးစက်နိုင်ပါတယ်။ နောက်ပြီးတော့ Varicella Zoster Virus ကြောင့်ပဲဖြစ်တဲ့ ရေယုန်ကနေလည်း ကူးစက်နိုင်ပါတယ်။

          ရေကျောက်မှာ အဆင့် (၃) ဆင့် ရှိပါတယ်။ အနီဖုသေးသေးလေးတွေကနေ အရည်ကြည်ဖု၊ ဒီကနေ အနာဖေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအနီဖုလေးတွေ မပေါ်ခင် ၁ ရက်၊ ၂ ရက်ကနေစပြီး အနာဖေးတွေ အကုန်ကွာပြီးချိန်ထိကို သူတစ်ပါးကို ကူးစက်နိုင်ပါတယ်။

          ဒီလိုကူးစက်ပြီးနောက် ၁၀ ရက်ကနေ ၂၁ ရက်လောက်အကြာမှာ ရေကျောက်ရဲ့လက္ခဏာတွေ စပေါ်လာတတ်ပါတယ်။

          ကံကောင်းတာတစ်ခုက တစ်ခါ ရေကျောက်ပေါက်ပြီးရင် တစ်သက်လုံး ရေကျောက်ခုခံအား ရရှိသွားပါတယ်။ ဒါပေမဲ့ ရေကျောက်ပိုးဟာ ခန္ဓာကိုယ်ထဲ တစ်သက်လုံး အောင်းနေနိုင်တာကြောင့် နောက်ပိုင်းမှာ ရေယုန် ပြန်ပြန်ပေါက်နိုင်ပါတယ်။

 

>>    ရေကျောက်ရဲ့လက္ခဏာတွေကိုလည်း သိထားသင့်တာပေါ့။

          အရည်ကြည်ဖုယားယားတွေကတော့ ရေကျောက်ရဲ့အဓိကလက္ခဏာ ဖြစ်တယ်ဆိုပေမယ့် ပထမဆုံးလက္ခဏာတော့ မဟုတ်ပါဘူး။

          အနီစက်တွေမဖြစ်ခင် ၁ ရက်၊ ၂ ရက်အလိုကနေ စတင်တတ်တဲ့ တခြားလက္ခဏာတွေကတော့ -

●        ဖျားခြင်း

●        နုံးခြင်း

●        ခေါင်းကိုက်ခြင်း

●        ဗိုက်အောင့်ခြင်း

●        လည်ချောင်းနာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

          ဒီ့နောက်မှာတော့ နီနီရဲရဲယားယား အနီကွက်တွေဟာ ဗိုက်၊ ကျော၊ မျက်နှာတွေကနေစပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့တော့တာပါပဲ။ ဒီအရည်ကြည်ဖုတွေအားလုံး အနာဖေးဖြစ်ဖို့ ၁ ပတ်လောက်တော့ ကြာပါတယ်။

>>    ရေကျောက်ကုထုံးတွေကတော့ -

          ဗိုင်းရပ်စ်ပိုးတွေထုံးစံ ရေကျောက်အတွက် ဆေးရယ်လို့ မရှိပါဘူး။ စိတ်ညစ်စရာလက္ခဏာတွေ သက်သာအောင်တော့ နည်းလမ်းတွေ ရှိတာပေါ့။

          ယားယံတာတွေ သက်သာဖို့ -

●        ရေပတ်ဝတ်လေး တင်ပေးပါ။

●        ရေနွေးနွေးထဲ မုန့်ဖုတ်ဆိုဒါ၊ အုတ်ဂျုံ ထည့်ပြီး ရေစိမ်ချိုးပါ။

●        ယားတာ သက်သာအောင် Calamine လိုးရှင်းလေး လိမ်းပေးပါ။

●        ကုတ်မိ ဖဲ့မိတာမျိုး မရှိရလေအောင် လက်အိတ် စွပ်ထားပါ။

●        အရေပြား ပိုးမဝင်ရလေအောင် လက်သည်းတိုတို ညှပ်ထားပါ။

 

          ပါးစပ်ထဲမှာပါ အရည်ကြည်ဖုနာနာတွေ ပေါက်နေခဲ့ရင် ကလေးတွေအတွက် ဖော်စပ်ထားတဲ့ ပါရာစီတမော တိုက်ပေးနိုင်ပါတယ်။ ကလေးတွေကို အက်စ်ပရင်တော့ သွားမတိုက်ပါနဲ့နော်။ အသည်းနဲ့ ဦးနှောက်ကိုထိတဲ့ Reye’s Syndrome ဖြစ်နိုင်လို့ပါ။

          ကလေးအများစုမှာ ရေကျောက်ပေါက်လို့ဆိုပြီး ဆေးရုံ၊ ဆေးခန်းပြစရာတော့ မလိုပါဘူး။

          သို့သော် -

●        ၄ ရက်ထက်ပိုပြီး ဖျားနေရင်

●        အနီစက်တွေကနေ ဝါဝါအရည်တွေ ထွက်နေရင်၊ နီရဲပူစပ်ပြီး ရောင်ကိုင်းနေရင်

●        ကလေးကို နှိုးရခက်နေရင်၊ အရမ်းမှိန်းနေရင်

●        ခေါင်း တအားကိုက်ရင်

●        အလင်းစူးစူးကို မကြည့်နိုင်ရင်

●        ချောင်း တအားဆိုးပြီး အသက်ရှူကြပ်နေရင်

●        လည်ပင်းကြီး တောင့်နေရင်

●        လမ်းလျှောက်ရ ခက်နေရင်

●        ကယောင်ကတမ်းဖြစ်နေရင်

●        အန်နေရင်

          ဆရာဝန်နဲ့ ပြဖို့ လိုပါလိမ့်မယ်။

 

>>    ရေကျောက်နဲ့ ရေကျောက်ကာကွယ်ဆေး

          ၁၉၉၅ မှာ ရေကျောက်ကာကွယ်ဆေး ထုတ်လုပ်ပြီး နောက်ပိုင်း ကလေးတွေအချင်းချင်း ရေကျောက်ကူးစက်မှာ ကြောက်စရာ မလိုတော့ပါဘူးနော်။ ၂၀၀၇ ကနေစပြီး အမေရိကန် ကာကွယ်ဆေးဌာနက ကလေးတွေနဲ့ ကျန်းမာနေတဲ့လူကြီးတွေကို ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးဖို့ တိုက်တွန်းကြပါတယ်။ ကလေးတွေမှာဆိုရင် ၁၂ လနဲ့ ၁၅ လကြားမှာ တစ်ကြိမ်၊ ၄ နှစ်နဲ့ ၆ နှစ်ကြားမှာ တစ်ကြိမ် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

    ရကြေောကျဆိုတာ ၉၀ နှဈဖှား လူတှအေတှကျတော့ ကလေးဘဝမှာ တှေ့ကွုံနကြေ ရောဂါတဈခုပဲနောျ။

    ဒီလိုကူးစကျပွီးနောကျ ၁၀ ရကျကနေ ၂၁ ရကျလောကျအကွာမှာ ရကြေောကျရဲ့လက်ခဏာတှေ စပေါျလာတတျပါတယျ။

>>    ရကြေောကျရဲ့လက်ခဏာတှကေိုလညျး သိထားသင့ျတာပေါ့။
    အရညျကွညျဖုယားယားတှကေတော့ ရကြေောကျရဲ့အဓိကလက်ခဏာ ဖွဈတယျဆိုပမေယ့ျ ပထမဆုံးလက်ခဏာတော့ မဟုတျပါဘူး။




Dr. Mya Phoo Ngon (www.drmyanmar.com)