/
news/ကလေးများနှင့်ကျန်းမာရေး/လည်ချောင်းက-ယားကျိကျိ

လည်ချောင်းက ယားကျိကျိ

Category
ကလေးများနှင့်ကျန်းမာရေး

         ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် လည်ချောင်းက ယားကျိကျိဖြစ်ပြီး ချောင်းဆိုုးတာကို ကြုံဖူးကြမှာပါနော်။ ဘာလို့ ဒီလိုယားကျိကျိဖြစ်ပြီး ချောင်းဆိုုးရလဲဆိုရင် -

1.     ဓာတ်မတည့်၊ နှာရည်ယို၊ ချောင်းဆိုုးခြင်း
        ဒီလို ဓာတ်မတည့် နှာရည်ယိုခြင်းဟာ လည်ချောင်း ယားစေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါတယ်။
        ပန်းဝတ်မှုန်တွေ၊ အင်းဆက်အညစ်အကြေးတွေ၊ ဆေးလိပ်ငွေ့တွေလိုမျိုး ဘာမှမဟုတ်တဲ့အရာတွေကို မတည့်ဘဲ Histamine လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ထွက်လာတတ်တဲ့ ရောဂါပါ။

2.     အစာဓာတ်မတည့်ခြင်း
        မြေပဲ၊ အခွံမာပင်လယ်စာတွေ၊ ကြက်ဥ၊ နို့၊ ဂျုံတွေကို ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်က ပြန်တုန့်ပြန်တဲ့အခါ ဖြစ်တတ်တယ်။ လည်ချောင်းယားကျိကျိ ဖြစ်တာလောက်နဲ့တင် ပြီးသွားနိုင်သလို အသက်အန္တရာယ် ဖြစ်လောက်အောင်ထိ ဆိုးရွားနိုင်တယ်။

3.     ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
        ဘက်တီးရီးယားပိုးဝင်တာပဲဖြစ်ဖြစ်၊ အအေးမိ၊ တုပ်ကွေးတာပဲဖြစ်ဖြစ် လည်ချောင်းယားပြီး ချောင်းဆိုုးတတ်ပါတယ်။ ဘက်တီးရီးယား Strep ပိုးဝင်ရင် ယားရာကနေ ပိုဆိုးပြီး လည်ချောင်းနာနိုင်တယ်။
    အအေးမိတာလောက်ပဲက သိပ်မဆိုးပေမယ့် တုပ်ကွေးဆိုရင်တော့ အဖျားဝင်ပြီး ညောင်းညာကိုက်ခဲတာတွေပါ ဖြစ်တတ်တယ်။

4.     ရေဓာတ်ခမ်းခြောက်ခြင်း
        သောက်တာထက် ဆုံးရှုံးတာ ပိုများနေရင် ရေဓာတ်ခမ်းခြောက်ပြီး အာခြောက်၊ လည်ချောင်းယားပြီး ချောင်းဆိုုးတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတု ပူအိုက်အိုက်အချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ ဖျားနာနေချိန်တွေမှာပေါ့။

5.     အစာအိမ်အချဉ်ဓာတ်ပြန်ဆန်တက်ခြင်း
        ရင်ပူတယ်လို့ခေါ်တဲ့ အစာအိမ် အချဉ်ဓာတ် ပြန်ဆန်တက်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုုးတတ်ပါတယ်။ ဒါပေမဲ့ လက္ခဏာအနေနဲ့ သူတစ်မျိုးတည်း ဖြစ်တာတော့ရှားပါတယ်။

Solmux Kids 1

>>    တခြားတွဲပြီးလာတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ -
1.     ဓာတ်မတည့် ယားယံတာမျိုးမှာ
●      နှာရည်ယိုတာ
●      ဦးနှောက်ဂလိုင်ပေါက်တွင်း ဖိအားများတာ
●      မျက်လုံးတွေ အသားတွေယားတာ
●      နှာချေတာ
●      နုံးနေတာ
●      မျက်လုံးတွေ ရဲတာ ရောင်တာ၊ မျက်ရည်ပူတွေ ကျတာတွေနဲ့တွဲဖြစ်တတ်တယ်။

2.     အစားအသောက်တွေနဲ့ ဓာတ်မတည့်တဲ့အခါ -
●      အင်ပြင်ထတာ
●      မျက်လုံးတစ်ဝိုက် နီရဲနေတာ
●      နားယားတာ
●      ပျို့တာ၊ အန်တာ
●      ဝမ်းလျှောတာ
●      ဗိုက်အောင့်တာ
●      နှုတ်ခမ်းတွေ၊ လျှာတွေ၊ လည်ချောင်းတွေ ရောင်တာ
●      အသက်ရှူရ ခက်တာ၊ မျိုချရ ခက်တာ
●      မူးဝေနေတာ
●      သွေးပေါင်ကျတာ
●      သတိမေ့တာတွေ တွဲဖြစ်နိုင်တယ်။

Solmux Kids 2

3.     ဖျားနာတာကြောင့် ဖြစ်တာမျိုးက ခဏလေးပဲ ဖြစ်တတ်ပြီးတော့ -
●      အဖျားဝင်တာ
●      ဂလင်းတွေရောင်တာ
●      ကြွက်သားတွေနာတာ
●      အားနည်းတာ
●      ခေါင်းကိုက်တာ
●      နှာပိတ်တာတွေနဲ့ တွဲတတ်တယ်။

4.     ရေဓာတ်ခမ်းခြောက်တာကြောင့် ဖြစ်တာဆိုရင် -
●      ရေ အရမ်းဆာတာ
●      အာခြောက်တာ
●      ဆီးအရောင် ရင့်နေတာတွေပါ ဖြစ်တတ်တယ်။

5.     အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာကြောင့် ဆိုရင်တော့ -
●      မျိုချတိုင်း နာတာ၊ ခက်တာ
●      ရင်ဘတ်ထဲ ပူပူကြီးဖြစ်နေတာ
●      လေထတာ
●      အသံအိုးရောင်တာ
●      သွားကြွေလွှာတွေ ပျက်တာ
●      သွားဖုံးရောင်တာ
●      ပါးစပ်ထဲ အရသာဆိုးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

www.drmyanmar.com