/
news/ကလေးများနှင့်ကျန်းမာရေး/လည်ချောင်းနာပြီး-ချောင်းဆိုးနေတဲ့-ရင်သွေးလေးကို-နည်းမှန်လမ်းမှန်

လည်ချောင်းနာပြီး ချောင်းဆိုးနေတဲ့ ရင်သွေးလေးကို နည်းမှန်လမ်းမှန် ပြုစုမယ်

Category
ကလေးများနှင့်ကျန်းမာရေး

          လည်ချောင်းနာ၊ ချောင်းဆိုနေတဲ့ ရင်သွေးလေးတွေအတွက် စိတ်ညစ်နေရတဲ့ မေမေတို့ရှိရင် ဒါလေးတွေ ဖတ်ထားနော်။

●        မစ်ရှိုတ်တို့၊ ရေခဲမုန့်တို့ ကျွေးလို့ရတယ် ပြောရင် လန့်မသွားပါနဲ့။ အအေးနဲ့ လည်ချောင်းအနာ၊ အာသီးရောင်တာကို သက်သာစေတယ်လို့ ဆေးပညာက ဆိုထားပါပြီ။ သန့်ရှင်းဖို့တော့ လိုတာပေါ့။

●        ဆားခတ်ထားတဲ့ စွပ်ပြုတ်ပူပူနွေးနွေးကလည်း လည်ချောင်းနာ သက်သာစေပါတယ်။

●        ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းစေတာကလည်း သလိပ်ကြေပျက်စေပါတယ်။

●        ငုံဆေးတွေက ကောင်းပေမယ့် နည်းနည်းကြီးတဲ့ ကလေးတွေကိုပဲ ပေးပါ။

●        အာသီးရောင်ပြီး သိပ်နာနေရင် ပါရာစီတမော အရည်ကလည်း အရောင်ကျစေပါတယ်။

●        ရေနွေးနွေးနဲ့ ရေချိုးပေးလို့ ရပါတယ်။

●        လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ တိုက်ကျွေးလို့ ရပါတယ်။

●        ပျားရည်နဲ့ ရေနွေးလေးနဲ့ ဖျော်တိုက်ပါ။ ချွဲကြေစေပါတယ်။

●        ခေါင်းအုံးအမြင့်လေးအုံးမှ ချောင်းဆိုး ပိုသက်သာပါတယ်။

●        ချောင်းဆိုးတာကို ဟန့်တားတဲ့ဆေးတွေကို အသက် 4 နှစ်အောက်ကို လုံးဝမတိုက်ရပါဘူး။ 4 နှစ် အထက် တိုက်မယ်ဆိုရင်လည်း အိမ်က ဇွန်းမသုံးဘဲ ဆေးဘူးထဲက ဇွန်းကို သူ့အချိန်အဆနဲ့သူ သုံးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး တိုက်သင့်တာထက် ပိုမတိုက်ပါနဲ့။

●        ချောင်းဆိုးရင် ဘာမီတွန် ကြိတ်တိုက်လိုက်မယ်ဆိုတဲ့ အယူအဆမှားကြီးကို ချက်ချင်း စွန့်ပစ်လိုက်ပါ။ ရင်သွေးလေးကို အန္တရာယ်ကြီးကြီးအပြင် ဘာမှ ထူးပြီး သက်သာစေမှာ မဟုတ်တဲ့အတွက်ပါ။ ဘာမီတွန်အရှိန်နဲ့ ကလေးက အရမ်းမှိန်းလာပြီး နှလုံးခုန်မြန်လာကာ ဒုက္ခရောက်နိုင်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)