/
news/ကလေးများနှင့်ကျန်းမာရေး/လမစေ့ဘဲမွေးခြင်းသည်-ငါးနှစ်အောက်ကလေးသေဆုံးမှု၏အဓိကအကြောင်းအရင်းဖြစ်သည်

လမစေ့ဘဲမွေးခြင်းသည် ငါးနှစ်အောက်ကလေးသေဆုံးမှု၏အဓိကအကြောင်းအရင်းဖြစ်သည်

Category
ကလေးများနှင့်ကျန်းမာရေး

        လမစေ့ဘဲကလေးမွေးခြင်းသည် ကမ်ဘာတ၀န်းရှိ ငါးနှစ်အောက်ကလေးသေဆုံးမှု၏ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့သိရပါတယ်။ 2013 ခုနှစ်တွင် 5 နှစ်အောက်ကလေးများသေဆုံးမှုသည် 6.3 သန်းရှိပြီး၊ ၎င်းတို့ထဲမှ2 သန်းဟာလမစေ့ဘဲမွေးခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရတာဖြစ်ပါတယ်။

        အမေရိကန်နိုင်ငံမှာလည်း ငါးနှစ်အောက်ကလေးများသေဆုံးမှု၏ 28.1% မှာလမစေ့ဘဲမွေးခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်တယ်လို့သိရပါတယ်။ လမပြည့်ဘဲမွေးသောကလေးများသည် အခြားသော ကလေးများထက် ရောဂါပိုးကူးစက်ခံရခြေ ပိုမိုမြင့်မားပြီးများသောအားဖြင့် အဆုတ်ရောင် နမိုးနီးယားရောဂါကို ခံစားရလေ့ရှိပါတယ်။ ယခုအတိုင်းသာဆက်ဖြစ်နေပါက 2030 ခုနှစ်တွင် ငါးနှစ်အောက်ကလေးများ သေဆုံးမှုသည် 4.4 သန်းထိ မြင့်တက်လာနိုင်တယ်လို့ သုတေသီများက ခန့်မှန်းထားကြပါတယ်။

 

 Dr. Htet Htet Aung

www.drmyanmar.com