/
news/ကလေးများနှင့်ကျန်းမာရေး/လမပြည့်ဘဲ-မွေးတဲ့ကလေး

လမပြည့်ဘဲ မွေးတဲ့ကလေး

Category
ကလေးများနှင့်ကျန်းမာရေး

          ကိုယ်​ဝန်​၃၇ပတ်​မတိုင်​မီ လမပြည်​့ပဲ မွေးတဲ့က​လေး​တွေဟာ အဆုတ်​၊ အစာ​ခြေလမ်​း​ကြောင်​း၊ ကိုယ်​ခံစွမ်​းအားနဲ့ အ​ရေပြား​တွေ ​ကောင်​း​ကောင်​းမဖွံ့ဖြိုး​သေးတဲ့အတွက်​ ​လောကကြီးထဲမှာ ရှင်​သန်​နိုင်​ဖို့ရာ ​ဆေးပညာ၊ ပစ္စည်​းအ​ထောက်​အပံ့​တွေ လိုအပ်​ပါတယ်​။ ဒါ​ကြောင်​့ ကိုယ်​့ကိုယ်​ကို ရှင်​သန်​​ထောက်​ပံ့နိုင်​သည်​အထိ ​မွေးကင်​းစအထူးကြပ်​မတ်​ကုသ​ဆောင်​မှာ​ ​ ဆရာဝန်​ဆရာမများက ၂၄နာရီလုံး သေချာဂရုစိုက်​ ကြည်​့ရှု ရပါတယ်​။

 

>> ​စောင်​့ကြည်​့ကိရိယာများနဲ့ Alarmစနစ်​

 

      ​က​လေးရဲ့ရင်​ဘတ်​​တွေ၊ ​ခြေ​တွေ၊ လက်​​တွေမှာ ကပ်​ခွာ​တွေကြိုး​တွေနဲ့ ရှုတ်​ရှက်​ခတ်​​နေ​အောင်​ ဆက်​သွယ်​ထားတာ​တွေက​တော့ က​လေးရဲ့ နှလုံးခုန်​နှုန်​း၊ အသက်​ရှူ နှုန်​း၊ ​သွေး​ပေါင်​ချိန်​၊ ​သွေးတွင်​း​အောက်​ဆီဂျင်​နဲ့ အပူချိန်​တို့ကို တိုင်​းတာ​နေတဲ့ ​စောင့်ကြည်​့ကိရိယာများပဲဖြစ်​ပါတယ်​။

Ceelin 1

>> အသက်​ရှူ ကူကိရိယာများ

 

1. Endotracheal tube​ : က​လေးရဲ့အဆုတ်​ထဲ ​လေနဲ့​အောက်​ဆီဂျင်​​တွေ ​ကောင်​း​ကောင်​းဝင်​နိုင်​​အောင်​ ပါးစပ်​ထဲက​နေ အသက်​ရှုလမ်​း​ကြောင်​းထဲ ထည်​့ထား​သော​လေပိုက်​။

 

2. Ventilator : Endotracheal tubeကိုဆက်​သွယ်​ထားပြီး ​အောက်​ဆီဂျင်​ပမာဏ၊ ​လေဖိအားနဲ့ အသက်​ရှုနှုန်​းတို့ကို တိုင်​းတာ​ပေးတဲ့ အသက်​ရှူ စက်​။

 

3. Continuous Positive Airway Pressure(CPAP) : အသက်​ရှုနိုင်​​တဲ့က​လေး​တွေမှာ ​လေ​ကောင်​း​ကောင်​းဝင်​နိုင်​​အောင်​ အ​ထောက်​အကူပြုတဲ့ ပစ္စည်​း။

 

4. Oxygen hood : က​လေး​လေးရဲ့​ခေါင်​း​ပေါ်က​နေ အုပ်​ပြီး​အောက်ဆီဂျင်​လွှတ်​​ပေးနိုင်​တဲ့ ဖန်​​ပေါင်​း​ချောင်​။

 

>> အစားအစာ​နဲ့​ဆေးဝါးများကျွေးနည်​း

 

        အစာ​ခြေစနစ်​​ကောင်​း​ကောင်​းမဖွ့ံဖြိုး​သေးတဲ့ က​လေးငယ်​​လေး​တွေမှာ ​ကောင်​း​ကောင်​းနို့မစို့နိုင်​၊ မမြိုနိုင်​​သေးပါက အစာအာဟာရ​တွေနဲ့ ​ဆေးဝါး​တွေကို ခေါင်​းနဲ့ခြေ​၊လက်​စတာ​​တွေမှာ လိုင်​း​လေးထည်​့ပြီး အ​ကြောထဲတိုက်​ရိုက်​ထိုးသွင်​းနိုင်​တဲ့ Intravenous line ကို အသုံးပြု​လေ့ရှိပါတယ်​။

        ပြင်​ပအစာအာဟာရကိုကြာရှည်​ယူရမယ်​့ က​လေး​တွေမှာ​တော့ ချက်​ကြိုး​က​သွေး​ကြောထဲကို ပိုက်​​လေးထည်​့ပြီး သွင်​းနိုင်​ပါတယ်​။ ဒါ​ပေမယ်​့ ဒီနည်​းဟာ ပိုးဝင်​တာ၊​သွေးခဲပိတ်​တာ​တွေ ဖြစ်​နိုင်​တဲ့အတွက်​ အလွန်​အ​ရေးကြီးတဲ့အချိန်​မှသာ အသုံးပြု​လေ့ရှိပါတယ်​။

       အစာ​မစုပ်​မမြိုနိုင်​​သေး​ပေမယ်​့ အစာ​ခြေစနစ်​ ဖွ့ံဖြိုး​နေပြီဖြစ်​တဲ့က​လေး​တွေမှာ နှာ​ခေါင်​းပိုက်​မှတစ်​ဆင်​့ အစာ​ကျွေးနိုင်​ပါတယ်​။

       ​သွေး​ကြောအ​သေး​လေး​တွေကတစ်​ဆင်​့ ထည်​့သွင်​းဖို့အဆင်​မ​ပြေတဲ့ ​ဆေး​တွေအတွက်​​တော့ လက်​​မောင်​းစတာ​တွေကတစ်​ဆင်​့ ​သွေး​ကြောအကြီးထဲ ပိုက်​လိုင်​းထည်​့ပြီး ​ပေးရပါတယ်​။

 

    ဒါ​တွေအပြင်​ ​မွေးကင်​းစအထူးကြပ်​မတ်​ကုသ​ဆောင်​မှာ က​လေးကို​နွေး​ထွေး​စေပြီး ပိုးမွားနဲ့ဆူညံသံ​တွေမှ ကာကွယ်​​ပေးတဲ့ Incubatorနဲ့ အသားဝါတဲ့က​လေး​တွေကို ကုသ​ပေးဖို့ Bili မီး​ချောင်​​း​တွေ ရှိပါတယ်​။

Ceelin 2

>> Kangaroo care သားပိုက်​​ကောင်​​မေ​မေကုထုံး ဆိုတာဘာလဲ?

 

       သားပိုက်​​ကောင်​​လေးလို က​လေး​လေးကို အ​မေ့ရင်​ဘတ်​​ပေါ်တင်​ထားပြီး အ​ရေပြားချင်​းထိ​တွေ့​စေတဲ့ နည်​းလမ်​းပဲဖြစ်​ပါတယ်​။ ဒီနည်​းလမ်​းကိုအသုံးပြုခြင်​းဖြင်​့ က​လေး​လေးရဲ့ အပူချိန်​ကို တိုး​စေနိုင်​ခြင်​း၊ နို့​ကောင်​း​ကောင်​းထွက်​​စေခြင်​း၊ စို့​စေခြင်​း၊ ​ကောင်​း​ကောင်​းအိပ်​​ပျော်​​စေခြင်​း စတဲ့အကျိုး​ကျေးဇူး​တွေ ရရှိ​စေနိုင်​ပါတယ်​။

 

>> အ​မေ့နို့တိုက်​ခြင်​း

 

     အ​မေ့နို့တိုက်​ခြင်​းဟာ က​လေး​တွေအတွက်​ ​အ​ကောင်​းဆုံးဆိုတာ သိကြမှာပါ။ ဒါ​ပေမယ်​့ လမ​စေ့ပဲ ​မွေးတဲ့က​လေး​တွေမှာ​တော့ အ​မေ့နို့တိုက်​နိုင်​ဦးမှာ မဟုတ်​ပါဘူး။ ၂၅ပတ်​မှ၂၉ပတ်​အတွင်​း ​မွေးတဲက​လေးငယ်​​တွေမှာ အစာအာဟာရကို ​​သွေး​ကြောပိုက်​​တွေကတစ်​ဆင်​့သာ ထည်​့​ပေးနိုင်​ပါတယ်​။ ဒါ​ကြောင်​့ အ​မေ့နို့ကို က​လေးအစာ​ခြေစနစ်​​ကောင်​း​ကောင်​းဖွ့ံဖြိုးချိန်​မှသာ စတင်​တိုက်​နိုင်​ပါလိမ်​့မယ်​။

 

     က​လေးအထူးကြပ်​မတ်​​ဆောင်​မှာရှိ​နေချိန်​မှာလည်​း က​လေးနဲ့​တွေ့ချိန်​တိုင်​းမှာ က​လေးကို အသာအယာပွတ်​သပ်​​ပေးတာ၊ က​လေးကိုစကား​ပြောတာ၊ စာဖတ်​ပြတာ၊ ​သေးခံလဲ​ပေးတာ၊ ခန္ဓာကို​ဆေး​ကြောသုတ်​သင်​​ပေးတာ စတာ​တွေလုပ်​​ပေးခြင်​းဖြင်​့ က​လေးကို ဂရုစိုက်​မှု​ပေးနိုင်​ကြပါတယ်​။​

 

Dr. Mya Phoo Ngon (www.drmyanmar.com)