လမ်းမလျှောက်နိုင်တဲ့ကလေး ဖြစ်နေမလား
လမ်းစလျောက်သင့်တဲ့အရွယ်မှာ ကလေးလေး လမ်းမလျောက်သေးရင် ဘာလုပ်သင့်လဲ?
အသက် 18 လရှိပြီဖြစ်တဲ့ Vered Levantရဲ့ သားလေး Matthew ဟာ လမ်းမလျောက်သေးတဲ့အတွက် အမေဖြစ်သူ Vered ဟာ စိတ်ပူစပြုလာပါတယ်။ လူတွေက ကလေးလမ်းလျောက်ပြီလားမေးကြတဲ့အခါ အမေဖြစ်သူရဲ့ စိုးရိမ်စိတ်တွေ တိုးတိုးလာခဲ့ပါတယ်။ ဒါကြောင့် ကလေးဆရာဝန်နဲ့ ကလေးကို ပြကြည့်ခဲ့ပါတယ်။ ကလေးဟာ အခြားဖွံ့ဖြိုးမှုတွေဖြစ်တဲ့ စကားပြောတာ စတာတွေဟာ ပုံမှန်ပဲဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး လို့ဆရာဝန်က ဆိုခဲ့ပါတယ်။ တစ်ပတ်လောက်အကြာမှာ ကလေးဟာ စလမ်းလျောက်ပါတော့တယ်။ ဒီအခါမှသာ အမေဖြစ်သူဟာ ကလေးကတကယ်တော့ လမ်းလျောက်ဖို့ ပျင်းနေတာဖြစ်မယ်လို့ ရယ်ရယ်မောမော ပြောနိုင်ပါတော့တယ်။
Ceelin 1
နောက်၃နှစ်အကြာမှာ ဒုတိယကလေးဖြစ်သူ Isbella ဟာလည်း အစ်ကိုဖြစ်သူခြေရာလိုက်ကာ အသက် 18 လ ရှိသည်အထိ လမ်းမလျောက်သေးပါဘူး။ ဒီတစ်ကြိမ်မှာတော့ မေမေ Levent ဟာ မစိုးရိမ်တော့ပါဘူး။ ကလေးဟာ ပုံမှန်တွားနိုင်၊ စကားပြောနိုင်တဲ့အတွက် လမ်းလျောက်ဖို့နှေးနေတာဖြစ်ပြီး အချိန်တန်ရင်လျောက်လိမ့်မယ်လို့ ဆိုပါတယ်။
Ceelin 2
အမေအများစုမှာ ဒီလိုပြဿနာမျိုး ကြုံရတတ်ပါတယ်။
ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာ ဖွံ့ဖြုးိမှုပုံစံ ကွာခြားမှုအနည်းငယ်ရှိနိုင်ပါတယ်။ တစ်ချို့ကလေးတွေဟာ 9 လ၊ 10 လမှာကတည်းက လမ်းလျောက်တတ်ပြီး အချို့မှာ 16 လ ထက်နောက်ကျနိုင်ပါတယ်။ ကလေးဘယ်အသက်မှာ လမ်းစလျောက်တယ်ဆိုတာထက် ကောင်းမွန်စွာ ပုံမှန်အတိုင်းလှုပ်ရှားနိုင်မှုက ပိုပြီးအရေးကြီးပါတယ်။ ဥပမာအားဖြင့် အသက် 15 လအရွယ်မှာ လမ်းမလျှောက်သေးပေမယ့် ပုံမှန်အတိုင်း တွားနိုင်နေတယ်ဆိုရင် ပုံမှန်ဖြစ်ပေမယ့် တောင့်တောင့်ကြီးဖြစ်နေတဲ့ကလေးတွေ၊ ပျော့ခွေနေတဲ့ ကလေးတွေကတော့ စိုးရိမ်ဖွယ်ရှိပါတယ်။ ဒီလို တောင့်နေတာ၊ ပျော့ခွေနေတာဟာ ဦးနှောက်သွက်ချာပါဒလိုက်ခြင်းနဲ့ အခြားရောဂါတွေကြောင့် ဖြစ်နေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyamar.com)





























