/
news/ကလေးများနှင့်ကျန်းမာရေး/လမ်းလျှောက်တတ်ခါစ-ကလေးငယ်များအတွက်-အသက်ရှူပြဿနာများအတွက်

လမ်းလျှောက်တတ်ခါစ ကလေးငယ်များအတွက် အသက်ရှူပြဿနာများအတွက် အိမ်တွင်းကုထုံးများ

Category
ကလေးများနှင့်ကျန်းမာရေး

          လမ်းလျှောက်တတ်ခါစ ကလေးအများစုမှာ မကြာခဏ အပျော့စား အသက်ရှူပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ အများအားဖြင့် အအေးမိခြင်း (သို့) ဗိုင်းရပ်စ်ကြောင့် အသက်ရှူပြွန်ရောင်ခြင်း စတဲ့ ဗိုင်းရပ်စ်ပိုး ၀င်ရောက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေကို ကုသနိုင်တဲ့ အိမ်တွင်းကုထုံးမျိုးစုံ ရှိပါတယ်။ (7) ရက်ထက် ကျော်ပြီး ဆက်တိုက် အသက်ရှူပြဿနာ ဖြစ်နေရင်တော့ ဆရာ၀န်နဲ့ ပြဖို့ လိုပါတယ်။ ပန်းနာရင်ကျပ်၊ အဆုတ်ရောင် (သို့) ဓာတ်မတည့်ခြင်း စတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ရပါမယ်။ ဒါ့အပြင် အသက်ရှူမြန်ခြင်း၊ အသက်ရှူရင် တရွှီးရွှီးမြည်ခြင်း (သို့) အသက်ရှူရင် ရင်ဘတ်ချိုင့်၀င်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေပြရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြရပါမယ်။

 

1.      အရည်များများ တိုက်ပါ။

          ချောင်းဆိုးချွဲပျော်ဆေးတွေ သောက်တာအပြင် ရောဂါပိုး၀င်ခြင်းကြောင့်ဖြစ်တဲ့ ရေဓာတ် ခန်းခြောက်ခြင်းတွေကို ကာကွယ်နိုင်ဖို့အတွက် ရေနဲ့ ဖျော်ရည် အပါအ၀င် အရည်များများ ပိုတိုက်ပေးပါ။ အရည်က ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်ပေမယ့် မအီမသာဖြစ်ခြင်းကို လျော့ကျစေပြီး အဖြစ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်စေပါတယ်။

 

2.      ရေငွေ့ပေးစက် သုံးပါ။

          ကလေး အခန်းထဲမှာ ရေငွေ့ပေးစက် ထား,ထားပေးပါ။ ရေငွေ့ပေးစက်တွေက လေကို စိုစွတ်စေပြီး နေမကောင်းတဲ့ကလေးကို သက်သောင့်သက်သာ ပိုဖြစ်စေပါတယ်။ ဒါ့အပြင် ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ခြင်း ကဲ့သို့သော ရောဂါပိုးကြောင့်မဟုတ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။

Solmux Kids 1

3.      ပျားရည်

          ချောင်းဆိုး၊ ရင်ကြပ်ခြင်းတွေ သက်သာစေဖို့အတွက် ကလေးကို လက်ဖက်ရည်ဇွန်းတစ်၀က် တိုက်ပါ။ ဒါပေမဲ့ ပျားရည်မှာ အသက်တစ်နှစ်အောက် ကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး အနည်းငယ် ပါ၀င်တဲ့အတွက် အသက်တစ်နှစ်အောက် ကလေးတွေကို လုံး၀မတိုက်ရပါဘူး။

 

4.      အိမ်တွင်း ကိုယ်ခန္ဓာကုထုံး

          ကလေးရဲ့ ရင်ဘတ်ထဲမှာရှိတဲ့ ချွဲသလိပ်တွေ ပျော်ဖို့အတွက် ကလေးကို ဇောက်ထိုးထားပြီး ကလေးနောက်ကျောကို လက်လေးခုံးပြီး ပုတ်ပေးပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းက ကလေးရဲ့အဆုတ်နဲ့ လေပြွန်ထဲမှာရှိတဲ့ ချွဲပျစ်ပျစ်တွေကို ပျော်ဆင်းလာစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Solmux Kids 2

(Unicode)





4.    အိမျတှငျး ကိုယျခန်ဓာကုထုံး

Dr. Mya Myo Myo Swe (www.drmyanmar.com)