လမ်းလျှောက်တတ်စကလေးငယ်များတွင် အဖြစ်များသော ဦးခေါင်းပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများ
(၁) ဦးခေါင်းတွင် အာလူးဖုများဖြစ်ပေါ်ခြင်း
မတ်တပ်ပြေးစအရွယ်ကလေးများတွင် အဖြစ်များသောအရာတစ်ခုဖြစ်ပါတယ်။ကလေးများအနေဖြင့် ပြေးလွားဆော့ကစားရာမှ မာကျောသောအရာများနှင့်တိုက်မိခြင်း၊ချော်လဲခြင်းစသည်တို့ကြောင့် ဦးခေါင်းတွင် ဖုထခြင်းများကြုံတွေ့ရပါတယ်။ သာမန်ထိခိုက်ခြင်းကြောင့် ဦးခေါင်းဖုထခြင်း၊ နာကျင်ခြင်းဟာ ပြဿနာမရှိနိုင်ပေမယ့် ဦးခေါင်းထိခိုက်ပြီး နာရီအနည်းငယ်အတွင်း အန်ခြင်း၊ မူးခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ စကားဗလုံးဗထွေးပြောခြင်းတို့ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့အမြန်ပြေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
(၂) နားတွင်းပိုး၀င်ခြင်း
မတ်တပ်ပြေးစအရွယ််ကလေးများတွင် နားတွင်းပိုး၀င်ခြင်းဟာ ဖျားနာခြင်းကဲ့သို့ အဖြစ်များသော ေ၀ဒနာတစ်ခုဖြစ်ပါတယ်။သင့်ကလေးငယ်မှာ နားပိုး၀င်နေပြီလားဆိုတာကိုသိဖို့အတွက် အောက်ပါလက္ခဏာများရှိ၊ မရှိ အကဲခတ်ပါ။
- ကလေးငယ်ဟာ နားကိုပွတ်ခြင်း၊ကုတ်ခြင်းကို မကြာခဏပြုလုပ်နေခြင်း
- နားတွင်းမှ ပြည်နှင့်အရည်များထွက်ခြင်း
- နားတ၀ိုက်တွင် အနံ့နံခြင်း
အဆိုပါလက္ခဏာများရှိနေပါက ဆေးကုသမှုခံယူရန်လိုအပ်တာမို့ ဆရာ၀န်နှင့်ပြသတိုင်ပင်သင့်ပါတယ်။
Ceelin Plus 1

(၃) သွားပြသနာများ
ကလေးငယ်ဘ၀ကတည်းက သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ မေမေတို့မှာ တာ၀န်ရှိပါတယ်။ သွားတစ်ချောင်းစပေါက်လာသည်နှင့် သွားကိုစနစ်တကျသန့်ရှင်းပေးရန် လိုအပ်ပါတယ်။ကလေးအိပ်ရာမ၀င်ခင် ရေစို၀တ်ဖြင့် သွားများကို ပွတ်တို်က်ပေးနိုင်သလို ကိုယ်တိုင်သွားတိုက်တတ်သည့်အရွယ်တွင်လည်း မနက်တကြိမ် ညတကြိမ်သွားတိုက်တတ်သည့် အလေ့အထကို မွေးမြူပေးရပါမယ်။သွားတိုက်ရာတွင်လည်း ကလေးများအတွက်သီးသန့်ထုတ်သော နူးည့ံသည့်သွားတိုက်တံနှင့် ဖလိုရို်က်မပါသော သွားတိုက်ဆေးကိုရွေးချယ်ပါ။သွားပိုးပေါက်များဖြစ်ပေါ်ပါက သွားဆရာ၀န်နှင့်ပြသဖို့မမေ့ပါနဲ့။
(၄) နှာခေါင်းသွေးယိုခြင်း
လေထုခြောက်သွေ့ခြင်းကြောင့် အများဆုံးဖြစ်တတ်ပြီး များသောအားဖြင့် သူ့အလိုလိုသွေးတိတ်ပြီး ပြန်ကောင်းပါတယ်။မကြာခဏဖြစ်ပေါ်ပါက နှာခေါင်းအတွင်းဘက် နှင့်သွေးရောဂါဆိုင်ရာ ပြဿနာများကို စမ်းသပ်အဖြေရှာဖို့ လိုအပ်ပါတယ်။သင့်ကလေးငယ်တွင် နှာခေါင်းသွေးယိုခြင်းဖြစ်ပါက မထိတ်လန့်ဘဲ စိတ်ကိုအေးအေးထားပါ။ ကလေးကိုငြိမ်သက်စွာထိုင်ခိုင်းပါ။ ဦးခေါင်းကို မော့ခြင်း/ငုံ့ခြင်းတို့မပြုလုပ်စေပဲ မတ်မတ်အနေအထားဖြင့် အရှေ့ကိုသာကြည့်စေပါ။ သင့်လက်မနှင့်လက်ညှိုးကို သုံးပြီး ကလေး၏နှာခေါင်းကို မိနစ်အနည်းငယ်ပိတ်ပါ။
တစ်ခါပိတ်ပြီးလို့မှ သွေးမတိတ်သေးပါက အဆိုပါအတိုင်းနောက်ထပ် မိနစ်အနည်းငယ်ပြန်လည်ပြုလုပ်ပြီး စောင့်ကြည့်ပါ။ သွေးမတိတ်သေးပါက ဆရာ၀န်ထံအမြန်ဆုံးပြသပါ။
လမ်းလျှောက်အရွယ်ကလေးငယ်များတွင် အဖြစ်များသော အထက်ပါကျန်းမာရေးပြသနာများကို သိရှိထားခြင်းဖြင့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။အဆိုပါရောဂါများအပြင် အခြားသောရောဂါလကဏာများဖြစ်ပေါ်ပါက တုံ့နှေးခြင်းမရှိဘဲ နီးစပ်ရာဆရာ၀န်နဲ့ ပြသဖို့လည်း အကြံပေးလိုက်ရပါတယ်။
Ceelin Plus 2

(Unicode)






























