/
news/ကလေးများနှင့်ကျန်းမာရေး/လူမှုရေးမကောင်းတဲ့-ကလေးငယ်လေးတွေ-မဖြစ်စေဖို့

လူမှုရေးမကောင်းတဲ့ ကလေးငယ်လေးတွေ မဖြစ်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

တစ်ချို့ကလေးတွေက သူတို့ရဲ့ စိတ်ကျေနပ်မှုရရှိဖို့ အရမ်းခက်ခဲပါတယ်။ ကလေးက မရယ်မပြုံး၊ ချော့မြူတာလည်းမကြိုက်၊ ကစားရတာလည်းမကြိုက်နဲ့ဖြစ်နေတတ်ပြီး သူတို့ကို တစ်ယောက်တည်းထားခဲ့ရင်လည်း ငိုပြန်ရော၊ ဒီကလေးတွေကိုအစာကျေွးရတာလည်း နှေးကွေးပြီးခက်ခဲပါတယ်။ သူတို့ပင်ပန်းပြီးအိပ်ချင်နေရင်တောင်မှ အလိုမကျဖြစ်ပြီးတော့ မအိပ်ကြဘူး။ ဘယ်လိုလုပ်လုပ်စိတ်အလိုမကျဘူး။

>> ဒီလိုဂဂျီဂဂျောင်ကျတဲ့ကလေးကိုဘယ်လို ထိန်းကျောင်းရမလဲ??

ဒီလိုကလေးတွေအတွက် မိဘတွေအနေနဲ့ ကလေးရဲ့ပြန်လည်တုန့်ပြန်မှုကိုရရှိဖို့အတွက် နည်းအမျိုးမျိုးနဲ့ကြိုးစားကြဖို့အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင်  ဒီကလေးက ညှိုးငယ်၊ ထိုင်းမှိုင်း သုန်မှုန်ပြီး နှုတ်နည်းသူတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းလာပါလိမ့်မယ်။

>> ဒီလိုကလေးကိုထိန်းကျောင်းရာမှာသိထားသင့်တဲ့အချက်တွေကတော့-

• ကလေးကိုအတင်းအကြပ်မလုပ်ပါနဲ့

ကလေးကအခြားသူတွေနဲ့အတူရှိနေရတဲ့အခါ (သို့) သူများတွေနဲ့ရောနှောနေရတဲ့အခါမှာ သူတို့အတွက် သက်တောင့်သက်သာမဖြစ်ပါဘူး။ ဒါက လူအများနဲ့ထိတွေ့ဆက်ဆံတဲ့အလေ့မရှိဘဲ မိခင်တစ်ဦးတည်းနဲ့အနေများလို့ဖြစ်ပါတယ်။ ဒီလိုလူအများနဲ့မဆက်ဆံတတ်တဲ့အမူအကျင့်ကိုစွန့်လွှတ်ခိုင်းတာက ကလေးအတွက် အရမ်းခက်ခဲတဲ့အတွက် ကလေးကိုအချိန်ပေးပါ။ ကလေးကိုတခြားသူကိုချီဖို့ပေးလို့ငိုတယ်ဆိုရင် အတင်းမပေးပါနဲ့။ ကလေးရဲ့အမူအကျင့်တွေပျောက်သွားဖို့အတွက် တစ်ဆင့်ချင်းကြိုးစားကြည့်ပါ။

• မိဘတွေ ယောက္ခမတွေရဲ့အကူအညီကိုရယူပါ

ကိုယ့်ရဲ့မိဘတွေ၊ ယောက္ခမတွေ အားလပ်နေတယ်ဆိုရင် အိမ်လာပြီး နေဖို့အကူအညီတောင်းပါ။ ဒီလိုလာခိုင်းဖို့မဖြစ်နိုင်ဘူးဆိုရင် ကိုယ်ကသူတို့အိမ်သွားပြီး အချိန်အနည်းငယ်နေပါ။ ကလေးကို သူ့ရဲ့အဖိုးအဖွားတွေနဲ့ ရောထွေးနေစေပါ။ အဖိုးအဖွားနဲ့မြေးအကြားမှာ ရင်းနှီးကျွမ်းဝင်မှုရှိပါစေ။ ကလေးကိုအဖိုးအဖွားတွေနဲ့ဆော့ကစားစေပါ။ ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်းကလည်း အဖိုးအဖွားနဲ့မြေးငယ်အကြားမှာ ပိုပြီးရင်းနှီးစေပါတယ်။

ရင်းနှီးမှုရလာပြီဆိုရင် ကလေးကို အဖိုးအဖွားတွေနဲ့ပဲ အချိန်အနည်းငယ်လောက်ထားခဲ့ပါ။ ဒီလိုလေ့ကျင့်ပေးခြင်းဖြင့် နောက်ပိုင်း ကျောင်းထားတဲ့အခါ ကလေးရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေပါတယ်။

• အိမ်နီးနားချင်းတွေကိုခေါ်ပါ

အိမ်နီးနားချင်းတွေကိုခေါ်ထားတာကလည်း ကလေးကိုသူတို့တွေနဲ့ရင်းနှီးကျွမ်းဝင်မှုရစေပါတယ်။ အိမ်နီးနားချင်းတွေမှာ ကလေးတွေရှိတယ်ဆိုရင်တော့အလွန်ကောင်းပေါ့။ ကိုယ်နဲ့အတူ ကလေးက အိမ်နီးနားချင်းကလေးတွေနဲ့ တစ်ရက်လောက်အချိန်ဖြုန်းနိုင်ပြီဆိုရင် သူ့ရဲ့လူမှုရေးမကောင်းတဲ့အမူအကျင့်တွေလည်းတဖြည်းဖြည်းနဲ့ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့်ကလေးကို ကိုယ့်မျက်စိရှေ့မှာတင်ထားဖို့တော့ အရေးကြီးပါတယ်။

• တခြားကလေးတွေနဲ့အတူချိန်းပြီးဆော့ကစားပေးခြင်း

ခုခေတ်မှာ ကိုယ့်အနီးအနားက ကလေးရှိတဲ့မိခင်တွေကိုရှာဖွေဖို့မခက်ခဲပါဘူး။ ကိုယ့်အနီးအနားက ကလေးအမေတွေနဲ့ချိန်းပြီး ကလေးတွေကိုအတူပေးဆော့ကစားတာတွေလုပ်ပေးခြင်းက ကလေးရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကိုတိုးတက်လာစေပါတယ်။

• ကလေးနဲ့အမေအတူတက်လို့ရတဲ့ သင်တန်းတွေတက်ပါ

ကလေးရဲ့ လူမှုဆက်ဆံရေးစွမ်းရည်၊ ကြီးထွားဖွံ့ဖြိုးမှုတွေကို တိုးတက်ဖို့အတွက်မြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်တွေကို ကလေးနဲ့မိခင်အတူလုပ်ကြည့်လို့ရပါတယ်။

ကလေးကိုစကားပြောပေးပြီး ဘယ်နေရာရောက်ရောက် တခြားသူတွေကိုနှုတ်ဆက်တတ်ဖို့သင်ပေးခြင်းက ကလေးရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကိုတိုးတက်လာစေပြီးတော့ တုန့်ပြန်မှုကိုလည်းကောင်းလာစေပါတယ်။ ကလေးကို လူတိုင်းနဲ့ ပြောတတ်ဆိုတတ်အောင်သင်ပေးတာ၊ တိုက်တွန်းတာကကောင်းပေမယ့်လည်း ကလေးကို လူစိမ်းတွေ၊ ကိုယ်မယုံရတဲ့သူတွေနဲ့တော့ တစ်ယောက်တည်းဘယ်တော့မှမထားခဲ့ပါနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)







• မိဘတှေ ယောက်ခမတှရေဲ့အကူအညီကိုရယူပါ










Dr. Mya Myo Myo Swe (www.drmyanmar.com)