ဝက်သက်ကြောင့် သင့်ကလေးရဲ့ကိုယ်ခံစွမ်းအားကို လျော့နည်းကျဆင်းစေပါတယ်
သင့်ကလေးမှာ ဝက်သက်ပေါက်နေခဲ့ရင် နောက်ဆက်တွဲ စိုးရိမ်စရာလေးတစ်ခုအကြောင်း ရှင်းပြချင်လို့ပါ။
>> ဝက်သက်ကို ဘာလို့ဆရာဝန်တွေ ကြောက်ကြတာလဲ ... ဝက်သက် ပေါက်ထားတဲ့ကလေးတွေဟာ ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်လို့လဲ?
၀က်သက်ပေါက်ပြီးနောက်ပြီး ကိုယ်ခံအား ယုတ်လျော့ကျဆင်းသွားတဲ့အတွက် -
● အဆုတ်ရောင်နမိုးနီးယားရောဂါ
● ဦးနှောက်အမြှေးရောင်ရောဂါ
● ကူးစက်ရောဂါ အထွေထွေ ဖြစ်ပွားနိုင်ပါတယ်။
ဝက်သက်ပေါက်ပြီး တစ်နှစ်ကနေ နှစ်နှစ်ခွဲအတွင်း ကလေးတွေဟာ ဝက်သက်ပေါက်ထားတဲ့ဒဏ်ကြောင့် ချူချာနေကြပြီး ရောဂါဖြစ်လွယ်၊ ရောဂါဝင်လွယ်တာကို တွေ့ရှိကြရပါတယ်။ ဒါကတော့ ဝက်သက်ရောဂါဟာ အဓိက ကိုယ်ခံအားရဲ့ အမာခံတပ်သားဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးလိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
>> ဝက်သက်ကာကွယ်ဆေးဟာ ဘယ်လောက်ထိ အကျိုးရှိသလဲ?
ဝက်သက်ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့် ကလေးသေနှုန်းကို ၃၀ ကနေ ၅၀ ရာခိုင်နှုန်းထိ လျော့ပါးကျဆင်းစေတာကို တွေ့ရှိထားရပါတယ်။
ဒါကြောင့် ဝက်သက်ကာကွယ်ဆေး ထိုးနှံကာကွယ်ထားတာဟာ ရင်သွေးလေးတွေကို ဝက်သက်ရောဂါအပြင် အခြားအခြားသော နောက်ဆက်တွဲရောဂါတွေကနေ အပြည့်အဝ ကာကွယ်လိုက်နိုင်ပြီး သင့်ရင်သွေးလေးကို တကယ် အသက်ရှည်ကျန်းမာတဲ့ လူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာ အသေအချာပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























